Thursday 28 May 2015

တာမွေ လမ်းဆုံတွင် Y ပုံစံ ခုံးကျော်တံတား တည်ဆောက်ရန် တင်ဒါခေါ်ယူ

ရန်ကုန်မြို့ တာမွေလမ်း ဆုံတွင် ၀ိုင် (Y) ပုံသဏ္ဌာန်ခုံးကျော် တံတားတစ်စင်းကို (၂၀၁၅ -၁၆ ဏ္ဍာနှစ်အတွင်း) တည်ဆောက် ရန် တင်ဒါများကို မေလ ၂၇ ရက် မှ စတင်ခေါ်ယူနေပြီဖြစ်ကြောင်း တင်ဒါခေါ်ယူရေးအဖွဲ့မှ သတင်း ရရှိသည်။တာမွေလမ်းဆုံ ၀ိုင်(Y) ပုံသ ဏ္ဌာန်ခုံးကျော်တံတားကို ဦးချစ် မောင်နှင့် ဗညားဒလလမ်းတွင် လေးလမ်းသွားနှင့် ဗညားဒလ  လမ်းမှ အရှေ့မြင်းပြိုင်ကွင်းလမ်း တွင်နှစ်လမ်းသွားခုံးကျော် တံတား တည်ဆောက်မည်ဖြစ်ပြီး တည်ဆောက်လိုသူများသည် တံတားတည်ဆောက်ရန် နည်းပညာစံချိန်စံညွှန်း အဆိုပြုလွှာနှင့် ဈေးနှုန်းအဆိုပြုလွှာများအား တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးတွင် တင်ဒါပုံစံကို ဇွန်လ ၅ ရက်မှ စတင် ၀ယ်ယူ၍ ဇွန်လ ၃၀ ရက်နောက် ဆုံးထားပြန်လည်ပေးပို့ရမည်ဟု ဖော်ပြထားသည်။

ထို့အပြင် မြောက်ဥက္ကလာ ပနှင့် ဒဂုံ မြောက်ပိုင်းမြို့နယ် ကြား နှစ်လမ်းသွား ကွန်ကရစ်တံ တား တည်ဆောက်ရန်လည်းတင် ဒါခေါ်ယူထားသည်။

မြောက်ဥက္ကလာပနှင့် ဒဂုံ မြောက်ပိုင်းမြို့နယ်ကြား ဆက် သွယ်သည့် လူကူးကြိုးတံတားအ နီးတွင် တည်ဆောက်မည့် ချဉ်း ကပ်လမ်းအပါအ၀င် နှစ်လမ်း သွား ကွန်ကရစ်တံတား တည် ဆောက်ရန် နည်းပညာ၊ စံချိန်စံ ညွှန်းအဆိုပြုလွှာနှင့် ဈေးနှုန်းအ ဆိုပြုလွှာများအား တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးတွင် တင်ဒါပုံစံများ ကို ဇွန်လ ၈ ရက်မှ စတင်ဝယ်ယူ နိုင်ပြီး ဇွန်လ၃၀ ရက် နောက်ဆုံး ထား၍  ပြန်လည်ပေးပို့ရမည်ဖြစ် သည်။

တင်ဒါဖွင့်မည့်ရက်ကို ပြန် လည်ဆက်သွယ်အကြောင်းကြား မည်ဖြစ်ပြီး တင်ဒါအဆိုပြုလွှာ များကို အများရှေ့တွင် ဖွင့်လှစ်၍ ကျွမ်းကျင်ပညာရှင်အဖွဲ့က စိစစ် ရွေးချယ်သွားမည်ဖြစ်ကြောင်း တိုင်းဒေသကြီးအစိုးရအဖွဲ့ တင် ဒါခေါ်ယူရေးလုပ်ငန်းအဖွဲ့မှ သ တင်းထုတ်ပြန်သည်။
7 day

No comments:

Post a Comment