Tuesday 20 January 2015

ခရီးသွား လုပ်ငန်းအခြေခံ အသေးစား လုပ်ငန်းများ ဖွံ့ဖြိုးရေး နိုင်ငံတကာနှင့် ပူးပေါင်းဆောင်ရွက်မည်

Photo: ခရီးသွား လုပ်ငန်းအခြေခံ အသေးစား လုပ်ငန်းများ ဖွံ့ဖြိုးရေး နိုင်ငံတကာနှင့် ပူးပေါင်းဆောင်ရွက်မည်
Tuesday, January 20, 2015

ကရင်ပြည်နယ်၊ ကယားပြည်နယ်နှင့် ဧရာဝတီတိုင်းဒေသကြီးတို့တွင် ခရီးသွားလုပ်ငန်း အခြေခံ အသေး စားလုပ်ငန်းများ ဖွံ့ဖြိုးရေးအတွက် နိုင်ငံတကာဖွံ့ဖြိုးရေး အထောက်အကူပြု အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်သွားမည်ဟု ဟိုတယ်နှင့် ခရီးသွားလာရေး လုပ်ငန်း ဝန်ကြီးဌာနမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

အဆိုပါ ဒေသများတွင် အာရှဖွံ့ဖြိုးရေးဘဏ်၊ ILO နှင့် နယ်သာလန်နိုင်ငံအစိုးရ အကူအညီများဖြင့် ခရီးသွားလုပ်ငန်းအခြေခံ အသေးစား စက်မှုလက်မှုလုပ်ငန်းများ ဖွံ့ဖြိုးစေရေးအတွက် အထောက်အကူပြုနိုင်ရန် ဆောင်ရွက်သွားမည် ဖြစ်သည်။

ကရင်ပြည်နယ်တွင် အာရှဖွံ့ဖြိုးရေး ဘဏ်၏ အကူအညီဖြင့် ၂ဝ၁၅ မှ ၂ဝ၁၇ ခုနှစ်အထိ သုံးနှစ်ကြာ ခရီး သွားလုပ်ငန်း အခြေခံ အသေးစားလုပ်ငန်းများ ပိုမိုဖွံ့ဖြိုးရေးအတွက် ဟိုတယ်နှင့် ခရီးသွားလာရေး လုပ် ငန်းဝန်ကြီးဌာနနှင့် ပူးပေါင်းဆောင်ရွက်သွားမည် ဖြစ်သည်။

ဧရာဝတီတိုင်းဒေသကြီးရှိ ချောင်းသာနှင့် ငွေဆောင်ကမ်းခြေဒေသများရှိသည့် ခရီးသွားလုပ်ငန်း အခြေခံ အသေးစားလုပ်ငန်းများကို ဝန်ကြီးဌာနနှင့် ILO တို့ ပူးပေါင်းကာ ဖွံ့ဖြိုးရေးလုပ်ငန်းများကို ထောက်ပံ့သွား ရန် စီစဉ်ထားပြီး ၂ဝ၁၅ ခုနှစ်အတွင်း ဆောင်ရွက် မည် ဖြစ်သည်။

ကယားပြည်နယ်တွင် နယ်သာလန် နိုင်ငံအကူအညီဖြင့် အသေးစားစီးပွားရေး လုပ်ငန်းများ ဖွံ့ဖြိုးရေး အတွက် ဝန်ကြီးဌာန နှင့် ပူးပေါင်းကာ ဆောင်ရွက်သွားမည်ဖြစ်ပြီး ၂ဝ၁၄ ခုနှစ်မှ စတင်ဆောင်ရွက်နေ ကာ ၂ဝ၁၇ အထိ ဆောင်ရွက်သွားမည် ဖြစ်သည်။

ကျေးလက်ဒေသ တစ်ပိုင်တစ်နိုင် မိသားစု ကုန်ထုတ်လုပ်ရေးလုပ်ငန်းများ၊ အသေးစား ကုန်ထုတ်လုပ်ငန်းများ၊ အိမ်တွင်းလက်မှု ပစ္စည်းထုတ်လုပ်မှုများကို ဈေးကွက်ရရှိရေး၊ အရည်အသွေး ပိုမိုမြင့်မားလာရေးတို့ အတွက် နည်းပညာဆိုင်ရာ အထောက် အပံ့များ ပေးသွားမည် ဖြစ်သည်။

ခရီးသွားလုပ်ငန်းနှင့် ဆက်စပ်သည့် အမှတ်တရပစ္စည်း ထုတ်လုပ်မှုများ၊ ခရီးသည်များ အသုံးပြုသည့် အသုံးအဆောင်ပစ္စည်းများ၊ အစားအသောက် ထုတ်လုပ်မှုများ၊ သယ်ယူပို့ဆောင်ရေး လုပ်ငန်းများ တိုး တက်လာစေရေးအတွက် နိုင်ငံတကာအဖွဲ့အစည်းများနှင့် ပူးပေါင်းလေ့လာကာ အကူအညီများ ပေးရန် စီစဉ်ဆောင်ရွက်နေသည်ဟု ဟိုတယ်နှင့် ခရီးသွားလာရေးလုပ်ငန်း ဝန်ကြီးဌာနမှ တာဝန်ရှိသူက ဆိုသည်။

ခရီးသွားလုပ်ငန်းကဏ္ဍသည် ၂ဝ၁၃ ခုနှစ်တွင် အလုပ်အကိုင် ရှာဖွေပေးနိုင်မှု ၈၂၃,၅ဝဝ ရှိပြီး စုစုပေါင်း အလုပ်အကိုင်၏ သုံးရာခိုင်နှုန်း အထိရှိကာ ၂ဝ၁၄ ခုနှစ်တွင် စုစုပေါင်း အလုပ်အကိုင်၏ ၆ ဒသမ ၅ ရာ ခိုင်နှုန်းအထိ မြင့်တက်လာကာ အလုပ်အကိုင် ရှာဖွေပေးနိုင်မှု ၈၇၇,၅ဝဝ ရှိခဲ့သည်ဟု ဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။

Mizzima - News in Burmese 

မြန်မာနိုင်ငံသို့ လာရောက်လည်ပတ်သည့် နိုင်ငံခြားသား ခရီးသွားများကို တွေ့ရစဉ်။ (ဓာတ်ပုံ - ဟောင်ဆာ (ရာမည)၊ မဇ္ဈိမ) ကရင်၊ ကယားနှင့် ဧရာဝတီတိုင်းဒေသများတွင် ခရီးသွားလုပ်ငန်း အခြေခံ အသေးစားစီးပွားရေး လုပ်ငန်းများ ဖွံ့ဖြိုးရေးဆောင်ရွက်သွားမည် ဖြစ်သည် ။
မြန်မာနိုင်ငံသို့ လာရောက်လည်ပတ်သည့် နိုင်ငံခြားသား ခရီးသွားများကို တွေ့ရစဉ်။ (ဓာတ်ပုံ - ဟောင်ဆာ (ရာမည)၊ မဇ္ဈိမ) ကရင်၊ ကယားနှင့် ဧရာဝတီတိုင်းဒေသများတွင် ခရီးသွားလုပ်ငန်း အခြေခံ အသေးစားစီးပွားရေး လုပ်ငန်းများ ဖွံ့ဖြိုးရေးဆောင်ရွက်သွားမည် ဖြစ်သည်။
ကရင်ပြည်နယ်၊ ကယားပြည်နယ်နှင့် ဧရာဝတီတိုင်းဒေသကြီးတို့တွင် ခရီးသွားလုပ်ငန်း အခြေခံအသေးစား လုပ်ငန်းများ ဖွံ့ဖြိုးရေးအတွက် နိုင်ငံတကာဖွံ့ဖြိုးရေး အထောက်အကူပြု အဖွဲ့အစည်းများနှင့် ပူးပေါင်း ဆောင်ရွက်သွားမည်ဟု ဟိုတယ်နှင့်ခရီးသွားလာရေးလုပ်ငန်းဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

အဆိုပါ ဒေသများတွင် အာရှဖွံ့ဖြိုးရေးဘဏ်၊ ILO နှင့် နယ်သာလန်နိုင်ငံအစိုးရ အကူအညီများဖြင့် ခရီးသွား လုပ်ငန်းအခြေခံ အသေးစား စက်မှုလက်မှုလုပ်ငန်းများ ဖွံ့ဖြိုးစေရေးအတွက် အထောက်အကူပြုနိုင်ရန် ဆောင်ရွက်သွားမည် ဖြစ်သည်။

ကရင်ပြည်နယ်တွင် အာရှဖွံ့ဖြိုးရေး ဘဏ်၏ အကူအညီဖြင့် ၂ဝ၁၅ မှ ၂ဝ၁၇ ခုနှစ်အထိ သုံးနှစ်ကြာ ခရီး သွားလုပ်ငန်း အခြေခံ အသေးစားလုပ်ငန်းများ ပိုမိုဖွံ့ဖြိုးရေးအတွက် ဟိုတယ်နှင့် ခရီးသွားလာရေး လုပ် ငန်းဝန်ကြီးဌာနနှင့် ပူးပေါင်းဆောင်ရွက်သွားမည် ဖြစ်သည်။

ဧရာဝတီတိုင်းဒေသကြီးရှိ ချောင်းသာနှင့် ငွေဆောင်ကမ်းခြေဒေသများရှိသည့် ခရီးသွားလုပ်ငန်း အခြေခံ အသေးစားလုပ်ငန်းများကို ဝန်ကြီးဌာနနှင့် ILO တို့ ပူးပေါင်းကာ ဖွံ့ဖြိုးရေးလုပ်ငန်းများကို ထောက်ပံ့သွား ရန် စီစဉ်ထားပြီး ၂ဝ၁၅ ခုနှစ်အတွင်း ဆောင်ရွက် မည် ဖြစ်သည်။

ကယားပြည်နယ်တွင် နယ်သာလန် နိုင်ငံအကူအညီဖြင့် အသေးစားစီးပွားရေး လုပ်ငန်းများ ဖွံ့ဖြိုးရေး အတွက် ဝန်ကြီးဌာန နှင့် ပူးပေါင်းကာ ဆောင်ရွက်သွားမည်ဖြစ်ပြီး ၂ဝ၁၄ ခုနှစ်မှ စတင်ဆောင်ရွက်နေ ကာ ၂ဝ၁၇ အထိ ဆောင်ရွက်သွားမည် ဖြစ်သည်။

ကျေးလက်ဒေသ တစ်ပိုင်တစ်နိုင် မိသားစု ကုန်ထုတ်လုပ်ရေးလုပ်ငန်းများ၊ အသေးစား ကုန်ထုတ် လုပ်ငန်းများ၊ အိမ်တွင်းလက်မှု ပစ္စည်းထုတ်လုပ်မှုများကို ဈေးကွက်ရရှိရေး၊ အရည်အသွေး ပိုမိုမြင့်မား လာရေး တို့ အတွက် နည်းပညာဆိုင်ရာ အထောက် အပံ့များ ပေးသွားမည် ဖြစ်သည်။

ခရီးသွားလုပ်ငန်းနှင့် ဆက်စပ်သည့် အမှတ်တရပစ္စည်း ထုတ်လုပ်မှုများ၊ ခရီးသည်များ အသုံးပြုသည့် အသုံးအဆောင်ပစ္စည်းများ၊ အစားအသောက် ထုတ်လုပ်မှုများ၊ သယ်ယူပို့ဆောင်ရေး လုပ်ငန်းများ တိုး တက်လာစေရေးအတွက် နိုင်ငံတကာအဖွဲ့အစည်းများနှင့် ပူးပေါင်းလေ့လာကာ အကူအညီများ ပေးရန် စီစဉ်ဆောင်ရွက်နေသည်ဟု ဟိုတယ်နှင့် ခရီးသွားလာရေးလုပ်ငန်း ဝန်ကြီးဌာနမှ တာဝန်ရှိသူက ဆိုသည်။

ခရီးသွားလုပ်ငန်းကဏ္ဍသည် ၂ဝ၁၃ ခုနှစ်တွင် အလုပ်အကိုင် ရှာဖွေပေးနိုင်မှု ၈၂၃,၅ဝဝ ရှိပြီး စုစုပေါင်း အလုပ်အကိုင်၏ သုံးရာခိုင်နှုန်း အထိရှိကာ ၂ဝ၁၄ ခုနှစ်တွင် စုစုပေါင်း အလုပ်အကိုင်၏ ၆ ဒသမ ၅ ရာ ခိုင်နှုန်းအထိ မြင့်တက်လာကာ အလုပ်အကိုင် ရှာဖွေပေးနိုင်မှု ၈၇၇,၅ဝဝ ရှိခဲ့သည်ဟု ဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။

Mizzima - News in Burmese 

No comments:

Post a Comment