Tuesday 20 January 2015

အများပြည်သူသိခွင့်သိလမ်းဆိုင်ရာ ဥပဒေတစ်ရပ် ပေါ်ထွက်လာရန် လိုအပ်နေ

Photo: အများပြည်သူသိခွင့်သိလမ်းဆိုင်ရာ ဥပဒေတစ်ရပ် ပေါ်ထွက်လာရန် လိုအပ်နေ
Tuesday, January 20, 2015

ရန်ကုန်၊ ဇန်နဝါရီ ၁၉- မြန်မာနိုင်ငံ၏ပြုပြင်ပြောင်းလဲရေးဖြစ်စဉ် များ အောင်မြင်စေရေးအတွက် အများပြည်သူသိခွင့်သိလမ်းဆိုင်ရာဥပဒေ တစ်ရပ်ပေါ်ထွက်လာရန် လိုအပ်နေ ကြောင်း လွှတ်တော်စောင့်ကြည့်လေ့ လာအစီရင်ခံစာများထုတ်ပြန်နေသော ပွင့်လင်းမြန်မာ့ရှေ့ဆောင်အဖွဲ့ (OMI) မှပြောကြားလိုက်သည်။

ပွင့်လင်းမြန်မာ့ရှေ့ဆောင်အဖွဲ့အနေဖြင့် ဇန်နဝါရီ၁၉ရက်တွင် မြန်မာနိုင်ငံ သားများ၏ သိခွင့်သိလမ်း မိတ်ဆက်ခြင်းအခမ်းအနားပြုလုပ်၍ ရှင်းလင်းပြောကြားခဲ့ခြင်းဖြစ်သည်။

ပွင့်လင်းမြန်မာ့ရှေ့ဆောင်အဖွဲ့အမှုဆောင်ဒါရိုက်တာ ဦးအေးကျော် က''နိုင်ငံရဲ့အသွင်ကူးပြောင်းရေး ဖြစ်စဉ်တွေအောင်မြင်ဖို့အတွက် သိခွင့် သိလမ်းဥပဒေပေါ်လာဖို့ လိုတယ်။ ဒီဥပဒေရှိမှ အစိုးရရဲ့ ပွင့်လင်းမြင်သာ မှုကိုမြင်နိုင်တယ်။ အဲလိုပွင့်လင်းမြင် သာမှုကိုမြင်နိုင်မှ လက်ရှိဖြစ်ပေါ်နေ တဲ့နိုင်ငံရေးအခက်အခဲတွေကျွတ် ငြိမ်းနိုင်မယ်''ဟု ပြောသည်။

ထို့ပြင် ထိုဥပဒေကိုရေးဆွဲအ တည်ပြုခြင်းဖြင့် မြန်မာနိုင်ငံ၏နိုင်ငံ ရေး၊ စီးပွားရေးပြုပြင်ပြောင်းလဲမှုအတွက်လည်း အရေးကြီးကြောင်း၊ မြန်မာအစိုးရ အနေဖြင့်လည်း ပွင့်လင်း အစိုးရမိတ်ဖက်အဖွဲ့သို့ဝင်ရောက်ရန် ရည်ရွယ် ထားသည့်အတွက် သိ ခွင့်သိလမ်းဥပဒေသည် လိုအပ်ကြောင်း၊ ကမ္ဘာပေါ်ရှိ နိုင်ငံပေါင်း ၁၀၀ ကျော်တွင် ထိုဥပဒေရှိပြီးဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။

OMI အကြံပေးဦးကိုကိုကြီးက ''အစိုးရအနေနဲ့ ထိပ်တန်းလျှို့ဝှက်ချက် ဆိုတာမျိုးတွေကို ဘယ်လောက် ကြာအောင်လျှို့ဝှက်ထားမှာလဲ။ တစ် သက်လုံးလား၊ ပြည်သူတွေအနေနဲ့ ဒါကို သိခွင့်မရှိတော့ဘူးလား။ မလိုအပ်ဘဲ သိမ်းဆည်းရင် ပြည်သူအနေ နဲ့အခွင့်အရေးဆုံးရှုံးမယ်။ လိုအပ် ချက်အရလျှို့ဝှက်ဥပဒေရှိသလို အခွင့် အရေးအရလဲ သိခွင့်သိလမ်းရှိရမယ်။ ဒီနှစ်ခုကို မျှတအောင်လုပ်ဖို့ပြော နေတာဖြစ်တယ်''ဟုသိခွင့်သိလမ်း ဥပဒေနှင့် ပတ်သက်၍ ပြောကြားခဲ့သည်။

ယင်းဥပဒေပေါ်ထွက်လာရေးအတွက် ပွင့်လင်းမြန်မာ့ရှေ့ ဆောင်အဖွဲ့အနေဖြင့် ရန်ကုန်တိုင်း ဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဒေါက်တာညိုညိုသင်းအပါအဝင် ဥပဒေပညာရှင်များ၊ လွှတ်တော် ကိုယ် စားလှယ်များနှင့်ဆွေးနွေးတိုင်ပင် လျက်ရှိကြောင်း၊ အရပ်ဘက်လူမှု အဖွဲ့အစည်းများ၊ တိုင်းရင်းသားအဖွဲ့များ၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်း ရေးအဖွဲ့များ၊ လူ့အခွင့်အရေးအဖွဲ့ အစည်းများနှင့်လည်း ပူးပေါင်းဆောင် ရွက်သွားမည်ဖြစ်ကြောင်း ဆက်လက် ပြောကြားခဲ့သည်။

ဥပဒေနှင့်ပတ်သက်၍ ပြည်သူများသိရှိနားလည်လာစေရန်အတွက်လည်း လာမည့်လများမှစတင်၍ အလုပ်ရုံဆွေးနွေးပွဲများ၊ သင်တန်း၊ အချက်အလက် များဖြန့်ဝေခြင်း လုပ် ငန်းများကို ပြုလုပ်သွားမည့်အပြင် ဥပဒေနှင့်ပတ်သက် သည့်မေးခွန်းနှင့် အဆိုများကိုလည်း လွှတ်တော်တွင်း တင်သွင်းနိုင်ရန် လွှတ်တော်ကိုယ်စား လှယ်များနှင့် ချိတ်ဆက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

ပွင့်လင်းမြန်မာ့ရှေ့ဆောင်အဖွဲ့သည် လွှတ်တော်လေ့လာစောင့်ကြည့် ရေးပြု လုပ်နေသည့်အဖွဲ့ဖြစ်ပြီး လက်ရှိတွင် လွှတ်တော်လေ့လာစောင့်ကြည့်ရေး အစီရင်ခံစာသုံးအုပ်ထွက် ရှိထားပြီးဖြစ်သည်။

SYMZ
Democracytoday
မြန်မာနိုင်ငံ၏ပြုပြင်ပြောင်းလဲရေးဖြစ်စဉ်များ အောင်မြင်စေရေးအတွက် အများပြည်သူသိခွင့်သိလမ်း ဆိုင် ရာ ဥပဒေတစ်ရပ်ပေါ်ထွက်လာရန် လိုအပ်နေကြောင်း လွှတ်တော်စောင့်ကြည့်လေ့ လာအစီရင်ခံစာများ ထုတ်ပြန်နေသော ပွင့်လင်းမြန်မာ့ရှေ့ဆောင်အဖွဲ့ (OMI) မှပြောကြားလိုက်သည်။

ပွင့်လင်းမြန်မာ့ရှေ့ဆောင်အဖွဲ့အနေဖြင့် ဇန်နဝါရီ၁၉ရက်တွင် မြန်မာနိုင်ငံ သားများ၏ သိခွင့်သိလမ်း မိတ်ဆက်ခြင်းအခမ်းအနားပြုလုပ်၍ ရှင်းလင်းပြောကြားခဲ့ခြင်းဖြစ်သည်။

ပွင့်လင်းမြန်မာ့ရှေ့ဆောင်အဖွဲ့အမှုဆောင်ဒါရိုက်တာ ဦးအေးကျော် က''နိုင်ငံရဲ့အသွင်ကူးပြောင်းရေး ဖြစ်စဉ်တွေအောင်မြင်ဖို့အတွက် သိခွင့် သိလမ်းဥပဒေပေါ်လာဖို့ လိုတယ်။ ဒီဥပဒေရှိမှ အစိုးရရဲ့ ပွင့်လင်း မြင်သာ မှုကိုမြင်နိုင်တယ်။ အဲလိုပွင့်လင်းမြင် သာမှုကိုမြင်နိုင်မှ လက်ရှိဖြစ်ပေါ်နေ တဲ့နိုင်ငံရေးအခက် အခဲတွေ ကျွတ် ငြိမ်းနိုင်မယ်''ဟု ပြောသည်။

ထို့ပြင် ထိုဥပဒေကိုရေးဆွဲအ တည်ပြုခြင်းဖြင့် မြန်မာနိုင်ငံ၏နိုင်ငံ ရေး၊ စီးပွားရေးပြုပြင်ပြောင်းလဲမှု အတွက် လည်း အရေးကြီးကြောင်း၊ မြန်မာအစိုးရ အနေဖြင့်လည်း ပွင့်လင်း အစိုးရမိတ်ဖက် အဖွဲ့သို့ ဝင်ရောက် ရန် ရည်ရွယ် ထားသည့်အတွက် သိ ခွင့်သိလမ်းဥပဒေသည် လိုအပ်ကြောင်း၊ ကမ္ဘာပေါ်ရှိ နိုင်ငံပေါင်း ၁၀၀ ကျော်တွင် ထိုဥပဒေရှိပြီးဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။

OMI အကြံပေးဦးကိုကိုကြီးက ''အစိုးရအနေနဲ့ ထိပ်တန်းလျှို့ဝှက်ချက် ဆိုတာမျိုးတွေကို ဘယ်လောက် ကြာအောင်လျှို့ဝှက်ထားမှာလဲ။ တစ် သက်လုံးလား၊ ပြည်သူတွေအနေနဲ့ ဒါကို သိခွင့်မရှိတော့ဘူးလား။ မလိုအပ်ဘဲ သိမ်းဆည်းရင် ပြည်သူအနေ နဲ့အခွင့်အရေးဆုံးရှုံးမယ်။ လိုအပ် ချက်အရလျှို့ဝှက်ဥပဒေရှိသလို အခွင့် အရေးအရလဲ သိခွင့်သိလမ်းရှိရမယ်။ ဒီနှစ်ခုကို မျှတအောင်လုပ်ဖို့ပြော နေတာဖြစ်တယ်''ဟု သိခွင့်သိလမ်း ဥပဒေနှင့် ပတ်သက်၍ ပြောကြားခဲ့သည်။

ယင်းဥပဒေပေါ်ထွက်လာရေးအတွက် ပွင့်လင်းမြန်မာ့ရှေ့ ဆောင်အဖွဲ့အနေဖြင့် ရန်ကုန်တိုင်း ဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာညိုညိုသင်းအပါအဝင် ဥပဒေပညာရှင်များ၊ လွှတ်တော် ကိုယ် စားလှယ်များနှင့်ဆွေးနွေးတိုင်ပင် လျက်ရှိကြောင်း၊ အရပ်ဘက်လူမှု အဖွဲ့အစည်းများ၊ တိုင်းရင်းသား အဖွဲ့များ၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်း ရေးအဖွဲ့များ၊ လူ့အခွင့်အရေးအဖွဲ့ အစည်းများနှင့်လည်း ပူးပေါင်း ဆောင် ရွက်သွားမည်ဖြစ်ကြောင်း ဆက်လက် ပြောကြားခဲ့သည်။

ဥပဒေနှင့်ပတ်သက်၍ ပြည်သူများသိရှိနားလည်လာစေရန်အတွက်လည်း လာမည့်လများမှစတင်၍ အလုပ်ရုံဆွေးနွေးပွဲများ၊ သင်တန်း၊ အချက်အလက် များဖြန့်ဝေခြင်း လုပ် ငန်းများကို ပြုလုပ်သွားမည့်အပြင် ဥပဒေနှင့်ပတ်သက် သည့်မေးခွန်းနှင့် အဆိုများကိုလည်း လွှတ်တော်တွင်း တင်သွင်းနိုင်ရန် လွှတ်တော် ကိုယ်စား လှယ်များနှင့် ချိတ်ဆက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

ပွင့်လင်းမြန်မာ့ရှေ့ဆောင်အဖွဲ့သည် လွှတ်တော်လေ့လာစောင့်ကြည့် ရေးပြု လုပ်နေသည့်အဖွဲ့ဖြစ်ပြီး လက်ရှိတွင် လွှတ်တော်လေ့လာစောင့်ကြည့်ရေး အစီရင်ခံစာသုံးအုပ်ထွက် ရှိထားပြီးဖြစ်သည်။

SYMZ
Democracytoday

No comments:

Post a Comment