Tuesday 20 January 2015

ဖျက်သိမ်းသင့် ပူပေါင်းသင့်သည့်ဌာနများကို ဖျက်သိမ်းခြင်း၊ ပူးပေါင်းခြင်းများ ပြုလုပ်သွားမည်ဟု သမ္မတပြော

ခေတ်စနစ်နှင့် ကိုက်ညီသော အစိုးရအုပ်ချုပ်ရေးယန္တရားအဖြစ် ဖွဲ့စည်းပုံပြုပြင်ပြောင်းလဲရန် ဖျက်သိမ်း သင့်သည့် ဌာနများ ဖျက်သိမ်းခြင်းနှင့် ပူးပေါင်းသင့် သည့်ဌာနများ ပေါင်းစည်းဖွဲ့စည်း ခြင်းများပြုလုပ် သွားမည် ဖြစ် သည် ဟု နိုင်ငံတော်သမ္မတ ဦးသိန်းစိန် က ပြောကြားလိုက်သည်။

၂၀၁၄-၁၅ဘဏ္ဍာနှစ်မကုန်မီ ပြည်ထောင်စုဝန်ကြီးဌာနများ ဖွဲ့စည်းပုံပြုပြင်ပြောင်းလဲဖွဲ့စည်း သွားမည်ဖြစ် ကာ ၂၀၁၅ - ၁၆ ဘဏ္ဍာနှစ်တွင် လူသစ်စိတ်သစ်၊ ဖွဲ့စည်းပုံအသစ်နှင် ပြည်သူများ လိုလားနှစ်သက်သည့် အုပ်ချုပ် မှုယန္တရားဖြစ်စေရန် ပြောင်းလဲ သွားမည်ဟု သမ္မတက ပြောကြား ခဲ့ခြင်းဖြစ်သည်။

ဇန်န၀ါရီ ၁၉ရက်တွင် နေ ပြည်တော်ရှိ သမ္မတအိမ်တော်၌ ကျင်းပပြုလုပ်သည့် အဆင့်မြင့် အရာရှိကြီးများ အထူး မွမ်းမံသင် တန်းဖွင့်ပွဲတွင် ဦးသိန်းစိန်ကပြော ကြားခဲ့ခြင်းဖြစ်သည်။

ထို့အပြင် နိုင်ငံရေးတာဝန်ဖြင့် ပြည်ထောင်စုဝန်ကြီးဌာနသို့ အလှည့်ကျတာဝန်ထမ်းဆောင်ကြသည့် ၀န်ကြီးများ၊ ဒုတိယ၀န်ကြီးများအလွှဲအပြောင်းကာလစ် လပ်ချိန်များတွင် ၀န်ကြီးဌာနတစ်ခုလုံး လက်အောက်ဌာနများအပါ အ၀င်ကိုယ်စားတာဝန်ခံမည့် အမြဲတမ်းအတွင်းဝန်တာဝန်ခံညွှန် ကြားရေး မှူးချုပ်ဖွဲ့စည်းခန့်ထား ပြီး စီမံကိန်းများ၊ ဘဏ္ဍာငွေအရ သုံးများ၊ စာရင်းစစ်ဆေးခံ လွှဲပြောင်းလက်ခံ ပေးနိုင်ရန် စီမံခြင်း တို့ကိုလည်းဆောင်ရွက်သွားမည် ဟု သမ္မတကဆိုသည်။

7Day DAILY 

No comments:

Post a Comment