Tuesday 20 January 2015

ရွေးကောက်ပွဲ ဆိုးရွားစွာမမျှတမှုဖြစ်ခဲ့လျှင် ဂျပန်ပေးမည့် အကူအညီ အပြောင်းအလဲဖြစ်နိုင်

မြန်မာနိုင်ငံ၏ ဖွံ့ဖြိုးတိုး တက်မှုစီမံကိန်းများအတွက် အ မေရိကန်ဒေါ်လာ ၂ ဘီလီယံခန့် ချေးငွေပေးရန် ဂျပန်အစိုးရက သဘောတူညီထားသော်လည်း ၂၀၁၅ ရွေးကောက်ပွဲတွင် ဆိုးရွား သောတရားမမျှတမှုများ ဖြစ်ပေါ် လာပါက ထောက်ပံ့ကူညီမှုများအ ပေါ် သက်ရောက်မှုရှိနိုင်ကြောင်း ဂျပန်နိုင်ငံတကာပူးပေါင်း ဆောင် ရွက်မှုအေဂျင်စီ၏ မြန်မာနိုင်ငံ ဆိုင်ရာ အကြီးအကဲက ပြော ကြားသည်။

ဦးသိန်းစိန် အစိုးရ သက် တမ်းသုံးနှစ်အတွင်း ဂျပန်အစိုးရ သည် မြန်မာနိုင်ငံ၏ ဖွံ့ဖြိုးတိုး တက်ရေးအတွက် ချေးငွေများတစ်ဟုန်ထိုးတိုးမြှင့်ပေးရန် ကတိက၀တ်ပြု သဘောတူညီထားသည်။

‘‘အမေရိကန်ဒေါ်လာနှစ်ဘီ လီယံနီးပါးချေးငွေပေးဖို့ ကတိက ၀တ်ကို ဒီသုံးနှစ်အတွင်းမှာ ကျွန် တော်တို့ အစိုးရက ကြေညာခဲ့ပါတယ်။ တချို့စီမံကိန်းတွေက စတင်နေပေမယ့် တချို့က မစရသေးပါဘူး။ ကျွန်တော် တို့ရဲ့ ဖွံ့ ဖြိုးတိုးတက်မှုချေးငွေတွေက စီမံကိန်းတွေရဲ့ တိုးတက်မှုအပေါ်မှာ ချပေးသွားတာပါ။ ချေးငွေ တချို့  ပေးထားပြီးဖြစ်ပေမယ့် တချို့ငွေ တွေမပေးရသေးပါဘူး’’ဟု မစ္စ တာတာနာကာမာဆာဟိုင်းကိုက ပြောသည်။

လက်ရှိတွင် ဂျပန်အစိုးရသည် ဖွံ့ဖြိုးတိုးတက်မှုစီမံကိန်း  များအတွက် ကတိပြုထားသော ချေးငွေပမာဏ၏ ၁၀ရာခိုင်နှုန်း နှင့် ၁၅ရာခိုင်နှုန်းကြားသာ စီမံ ကိန်းလုပ်ငန်းအဆင့်အလိုက်ပြီး စီးမှုပေါ်မူတည်၍ ပေးအပ် ထား သည်။

‘‘ရွေးကောက်ပွဲ အနေအ ထားမှာ ဟိုးအရင်တုန်းက ဖြစ်သ လိုမျိုး ဥပမာ ရွေးကောက်ပွဲရဲ့ ရလဒ်ကို မကြည့်ဘဲ အကြမ်းဖက် တဲ့ပုံစံနဲ့ စစ်တပ်က အာဏာသိမ်း တဲ့ပုံစံဖြစ်လာရင်တော့ ဂျပန်အ နေနဲ့လည်း ထောက်ပံ့မှုပေးနေတဲ့ အပိုင်းတွေမှာ ပြောင်းလဲသွား မယ်ထင်ပါတယ်။ ဒါပေမဲ့ အဲဒီလို ကြီးမားတဲ့ ပြောင်းလဲမှု မဟုတ်ရင် တော့ လက်ရှိအတိုင်းပဲ ဆက် လက်ထောက်ပံ့သွားဖို့ မျှော်မှန်း ထားပါတယ်။ ဂျပန် နိုင်ငံတကာပူး ပေါင်းဆောင်ရွက်မှု အေဂျင်စီက မြန်မာပြည်သူတွေကို ထောက် ပံ့တာဖြစ်ပါတယ်။ သမ္မတ ဘယ် သူဖြစ်နေ ဖြစ်နေ ပြည်သူတွေကို ထောက်ပံ့တာ ဖြစ်တဲ့အတွက် ထောက်ပံ့မှုက ဆက်လက်ရှိနေ မှာပါ။ ဒါပေမဲ့ အကယ်၍ တရား မျှတမှု လုံးဝမရှိတဲ့ အနေအထားဆိုရင်တော့ ဂျပန်အစိုးရရဲ့ ထောက်ပံ့ ကူညီမှုတွေ ပြောင်းလဲသွားမယ် ထင်ပါတယ်’’ ဟု ၎င်းက ဆက်လက် ပြောကြားသည်။

7Day DAILY 

No comments:

Post a Comment