Tuesday 20 January 2015

ဒေါ်ခင်ဝင်း အသတ်ခံရမှု ပေါ်ပေါက်ရေး အတွက် လက်ပံတောင်း ဒေသခံများ ဆန္ဒထုတ်ဖော်

Photo: ဒေါ်ခင်ဝင်း အသတ်ခံရမှု ပေါ်ပေါက်ရေး အတွက် လက်ပံတောင်း ဒေသခံများ ဆန္ဒထုတ်ဖော်
Tuesday, January 20, 2015 

ခြံစည်းရိုး ခတ်စဉ် လုံထိန်း ရဲတပ်ဖွဲ့ဝင်များ ပစ်ခတ်ခဲ့သည့် သေနတ် ကျည်ကြောင့် သေဆုံး သွားခဲ့ ရသည့် ဒေါ်ခင်ဝင်း သေဆုံးမှု အမှုမှန် ပေါ်ပေါက်ရေး အတွက် ယမန်နေ့ နေ့လယ် (၁၂) နာရီ အချိန်တွင် လက်ပံတောင်း ဒေသခံ (၁၀၀) နီးပါး ဆန္ဒ ထုတ်ဖော် တောင်းဆိုခဲ့ ကြသည်။ လက်ပံ တောင်း စီမံကိန်းကြီးကြောင့် လူသတ်မှုတွေ ဖြစ်ပွားခဲ့ ရတယ်။ ဒေသခံတွေရဲ့ ဘ၀တွေ ကလည်း စုတ်ပြတ်မွဲချာ နေပါပြီ။ အမှန်တရား ကလည်း ဒေသခံ တွေဘက်မှာ ဘယ်တော့မှ မရှိဘူး။ ကြေးစင်တောင် စီမံကိန်းကြီးကြောင့် ဒေသခံတွေ အလူးအလဲ ခံစားခဲ့ရ တာကို ကြည့်ပြီး စီမံကိန်းကြီး တွေကို မလုပ် စေချင်တော့ ပါဘူး။ ဒါကြောင့် ကြေးစင်တောင်၊ လက်ပံတောင်းတောင် စီမံကိန်းကြီး တွေကို ဖျက်သိမ်း ပေးဖို့ လူထု ဆန္ဒကို ထုတ်ဖော်ခဲ့ တာပါ ဟု မိုးကြိုးပြင် ကျေးရွာမှ ဒေါ်ဝက The Messenger Media သို့ ပြောသည်။

လက်ပံတောင်းတောင်နှင့် ကြေးစင်တောင် ကြေးနီ စီမံကိန်းကြီးများ လုံးဝ ဖျက်သိမ်းပေးရေး အတွက် မုံရွာမြို့ ၌ နံနက်(၁၀) နာရီ အချိန်တွင် လူထု ဆန္ဒ ထုတ်ဖော်ပွဲ တစ်ခု ပြုလုပ်ခဲ့ပြီး၊ လက်ပံတောင်း ဒေသခံများ အပါအ၀င် ဒေသခံ အင်အား(၁၀၀) နီးပါး တို့မှ ဒေါ်ခင်ဝင်း အသတ်ခံရ မှုတွင် အမှန်တရား ပေါ်ပေါက်စေရေးတို့ အတွက် အိမ်အပြန်လမ်း တစ်လျှောက် ဆန္ဒ ထုတ်ဖော် တောင်းဆိုခဲ့ ကြကြောင်း သိရသည်။

လူထု ဆန္ဒ ထုတ်ဖော်ပွဲကို သာဇံ ကျောင်းတိုက်မှာ ပြုလုပ်ဖို့ တရားဝင် ခွင့်ပြုပေးခဲ့ တာပါ။ ဒေသခံတွေက အပြန်မှာ ဆန္ဒ ထုတ်ဖော် တာကတော့ မကောင်းဘူးပေါ့။ ခွင့်ပြုမိန့် ထဲမှာ လုံးဝ မပါဘူး။ ဒါကြောင့် စည်ကမ်း ဖောက်ဖျက်မှုနဲ့ ပွဲစီစဉ်သူနဲ့ စီတန်းတဲ့ သူတွေကို အရေးယူသွားပါ့မယ် ဟု တိုင်း ရဲတပ်ဖွဲမှူးရုံးမှ ရဲမှူးကြီး နေထွန်းက The Messenger Media သို့ ပြောသည်။ ယင်းသို့ ကြေးစင်တောင်၊ လက်ပံတောင်းတောင် စီမံကိန်းကြီး များ လုံးဝ ဖျက်သိမ်းရေး လူထု ဆန္ဒ ထုတ်ဖော်မှုကို မုံရွာမြို့၊ သာဇံကျောင်းတိုက်ဝင်း အတွင်း ပြုလုပ်ခဲ့ ပြီးနောက် ဒေသခံများက နာရီ စင်မှ စတင်ကာ ချင်းတွင်းတာ ရိုးလမ်းမကြီး တစ်လျှောက် ဆန္ဒ ထုတ်ဖော်ခဲ့ ကြသည်။

Messenger News Journal

No comments:

Post a Comment