Tuesday 20 January 2015

မြန်မာနိုင်ငံတွင် လက်ရှိထက် လျှပ်စစ်ဓာတ်အား အဆ၃၀ပိုထုတ်နိုင်သည့် ရတနာသိုက်ရှိ

မြန်မာနိုင်ငံသည် လက် ရှိထုတ်လုပ်နေသောလျှပ်စစ် ဓာတ်အားပမာဏထက် အဆသုံး ဆယ်ပိုမိုထုတ်လုပ် နိုင်သည့် စွမ်းအင်ရတနာသိုက်ကြီးကို ပိုင်ဆိုင် ထားကြောင်း ကမ္ဘာ့ဘဏ်အုပ်စု နှင့် အပြည်ပြည်ဆိုင်ရာ ရေအား လျှပ်စစ်အဖွဲ့တို့ ထုတ်ပြန်ချက် အရသိရသည်။ 

မြန်မာနိုင်ငံတွင် လက်ရှိရေ အားလျှပ်စစ်ထုတ်လုပ်နိုင်စွမ်းမှာ မဂ္ဂါဝပ် ၃၅၀ခန့်ရှိနေပြီး အမှန်တကယ် ထုတ်ယူမည်ဆိုလျှင် မဂ္ဂါဝပ်တစ်သိန်းအထိ ထုတ်ယူနိုင် ကြောင်း အပြည်ပြည်ဆိုင်ရာရေ အားလျှပ်စစ် အသင်း ရေရှည်ဖွံ့ ဖြိုးတိုးတက်မှုဒါရိုက်တာမစ္စတာ Cameron Ironsideကပြောကြား သည်။

လက်ရှိ မြန်မာနိုင်ငံတွင် ရေ အားလျှပ်စစ်ထုတ်ယူမှုနှင့်ပတ် သက်၍သစ်တောများဆုံးရှုံးမှု၊သဘာဝ ပတ်ဝန်းကျင် ထိခိုက်ပျက်စီး မှု၊ မြေသိမ်းမှုများကြောင့်အရပ် ဖက်လူမှုအဖွဲ့အစည်းများက စီ မံကိန်းများကို ထိန်းသိမ်းလုပ်ကိုင် ရန်အမြဲပြောကြားနေသည်။

မြန်မာနိုင်ငံတွင် လက်ရှိအ ချိန်ထိ အိမ်ထောင်စုအားလုံး ပေါင်း၏ ၃၀ရာခိုင်နှုန်းအောက် သာလျှပ်စစ်မီး သုံးစွဲနိုင်ကြောင်းကမ္ဘာ့ဘဏ်၏ ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။ ကမ္ဘာပေါ်တွင် မြန်မာနိုင်ငံသည် တစ်ဦးချင်းလျှပ်စစ်မီးသုံးစွဲမှုအနည်းဆုံး ၌ပါဝင်နေသည်။

‘‘ရေအားလျှပ်စစ်ဟာ မြန်မာ နိုင်ငံရဲ့ စွမ်းအင်အနာဂတ်မှာ အ ရေးပါတဲ့အစိတ်အပိုင်းဖြစ်တယ်’’ ဟု အပြည်ပြည် ဆိုင်ရာဘဏ္ဍာ ရေးကော်ပိုရေးရှင်း၏ ဒုဥက္ကဋ္ဌမစ္စစ် Karin Finkelstonကပြော ကြားသည်။

လျှပ်စစ်မီးသည် မြန်မာနိုင်ငံ ၏ ဆင်းရဲနွမ်းပါးမှုလျှော့ချရေးနှင့် ပြည်သူများလူနေမှုအဆင့်အ တန်းမြင့်မာ ရေး အတွက် အခြေခံ ကျသောအချက်ဟု ၎င်းကပြော သည်။ရေအားလျှပ်စစ်သည် သန့် ရှင်းပြီးဈေး သက်သာသဖြင့် ဆင်း ရဲနွမ်းပါးမှုလျှော့ချရေးနှင့် ရေရှည် တည်တံ့မည့် ဖွံ့ဖြိုးရေးမောင်းနှင် အားဖြစ် နိုင်ကြောင်း သတင်းရရှိသည်။

‘‘ဘယ်လိုနည်းနဲ့ပဲရရ အဆင်ပြေတယ်။ ထုတ်ကုန်လုပ်ငန်း တွေအတွက်က လျှပ်စစ်ကအဓိ ကပြဿနာ ကြီးပဲ’’ဟု လှိုင်သာယာစက်မှုဇုန်စီမံခန့်ခွဲမှုကော်မတီ ဥက္ကဋ္ဌဦးမြတ်သင်းအောင်ကပြော ကြားသည်။

မြန်မာနိုင်ငံတွင် လျှပ်စစ်မီး ရရန် ရေအားလျှပ်စစ်သာမက ကျောက်မီးသွေးသုံးလျှပ်စစ် ဓာတ်အား ထုတ်လုပ်သည့် စက်ရုံ များကိုလည်းတည်ဆောက်အ ကောင်အထည်ဖော်ရန် စီစဉ် လျက်ရှိသည်။ သို့သော် ကျောက် မီးသွေးသည် သဘာဝပတ်ဝန်း ကျင်ထိခိုက်မှုများစွာရှိသဖြင့် လူမှု အဖွဲ့အစည်းများနှင့် ဒေသခံများ က အပြင်းအထန်ကွန့်ကွက်နေကြ သည်။

ကမ္ဘာ့ဘဏ်၏ ရေအားလျှပ် စစ်စီမံကိန်းများနှင့်ပတ်သက်၍ လည်း ကမ္ဘောဒီးယားနိုင်ငံတွင် အရပ်ဘက် လူမှုအဖွဲ့အစည်းများ နှင့် ဒေသခံများ၏ ကန့်ကွက်မှု ကြောင့် စီမံကိန်းတချို့မှာ ရပ်ဆိုင်းထားရမှုများ ရှိကြောင်းသိရသည်။

မြန်မာနိုင်ငံတွင် လျှပ်စစ် ဓာတ်အားပိုမိုရရှိရေး၊ ဓာတ်အား လေလွင့်မှုလျှော့ချရေးအတွက် ကမ္ဘာ့ဘဏ် သာမက အာရှဖွံ့ဖြိုး ရေးဘဏ်ကလည်း အမေရိကန် ဒေါ်လာ သန်းရာနှင့်ချီ၍ ကူညီပေး နေကြောင်း သိရသည်။

7Day DAILY

No comments:

Post a Comment