Tuesday 20 January 2015

ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များ နှင့် လွှတ်တော်ကိုယ်စားလှယ်များ ၏ချီးမြှင့်ငွေနှင့် စရိတ်များကို နိုင်ငံစီးပွားရေးတိုးတက်လာသည်နှင့်အမျှ တိုးမြှင့်သတ်မှတ်ပေးသွား မည်ဟု သမ္မတ မှ ပြည်ထောင်စု လွှတ်တော်သို့ သ၀ဏ်လွှာပေးပို့ 

ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များ ၊ လွှတ်တော်ကိုယ်စားလှယ်များ ကို ချီးမြှင့်ငွေ နှင့် စရီတ်များကို နိုင်ငံစီးပွားရေးတိုးတက်လာသည်နှင့်အမျှ သင့်တင့်မျှတစွာ တစ်ဆင့်ပြိး တစ်ဆင့် တိုးမြှင့်ပေးနိုင်ရေးကို စီစဉ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သမ္မတ မှ ဇန်န၀ါရီလ ၁၇ ရက်နေ တွင် ပြည်ထောင်စုလွှတ်တော် သို့ သ၀ဏ်လွှာပေးပို့ ခဲ့သည်။ 

မန္တလေးတိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ် (၅)အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဇော် မြင့်ဖေ က ပြည်ထောင်စုလွှတ်တော် ၁၁ ကြိမ်မြောက်ပုံမှန် အစည်းအဝေးတွင် ပြည်ထောင်စုအဆင့် ပုဂ္ဂိုလ်များ၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အဆင့် ပုဂ္ဂိုလ်များ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းနှင့် ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသ ဥက္ကဌနှင့် အလုပ်အ မှုဆောင်ကော်မတီဝင်များ၊ ပြည်သူ့လွှတ်တော်၊ အမျိုးသား လွှတ်တော်၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များနှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်း သို့မဟုတ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ဝင်များ၏ ချီးမြှင့်ငွေနှင့် စရိတ်များကို သင့်တင့် မျှတစွာ ပြင်ဆင်သတ်မှတ်ပေးရေးနှင့် စပ်လျဉ်းပြိး ပြည်ထောင်စု လွှတ်တော်သို့  အရေးကြိးအဆိုတစ်ရပ် တင်သွင်းခဲ့ရာ ယင်းအဆိုတွင်ပါရှိသည့် အချက်များအား ဆောင်ရွက်ထားရှိမှုများကို သမ္မတမှ ပြည်ထောင် စု လွှတ်တော်သို့ သ၀ဏ်လွှာ ပေးပို့ ခဲ့ခြင်းဖြစ်သည်။ 

မြန်မာနိုင်ငံ၏ မူဝါဒအရ ပညာရေး၊ ကျန်းမာရေး အသုံးစရိတ်၊ ကျေးလတ်ဒေသဖွံ့ဖြိုးရေးနှင့် ဆင်းရဲနွမ်းပါမှု လျော့ချရေးဆိုင်ရာ လုပ်ငန်း အသုံးစရိတ်များနှင့် ဝန်ထမ်းလစာနှုန်းထား တိုးမြှင့်မှုအပါအဝင် သာမာန်အသုံးစရိတ်များကို ပိုမိုတိုးမြှင့်သုံးစွဲမည်ဖြစ်ပြိး ၂၀၁၅-၂၀၁၆ ဘဏ္ဍာရေးနှစ် ရသုံးခန့်မှန်းခြေ စာရင်း ရေးဆွဲလျာထားရာတွင် နိုင်ငံ၏ ရငွေ၊ သုံးငွေအခြေအနေ၊ နိုင်ငံဝန်ထမ်းများလစာ တိုးမြှင့်ရေး ကိစ္စအပါအ၀င်အခြား ဆက်စပ်ဖြစ်ပေါ်လာမည့် ငွေကြေးအသုံးစရိတ်များအတွက် အသေးစိတ် စိစစ် တွက်ချက်မှုအရ နိုင်ငံတော်၏ ရငွေအပိုင်းတွင် ရေနံနှင့် သဘာဝဓါတ်ငွေ့ကဏ္ဍမှ ရရှိသောဝင်ငွေသည် ကမ္ဘာ လုံးဆိုင်ရာ ရေနံဈေးနှုန်းများ ကျဆင်းမှုနှင့်အတူ လျော့နည်းကျဆင်းခြင်း၊ ဆက်သွယ်ရေးကဏ္ဍတွင် ယမန်နှစ်က ရရှိသကဲ့သို့ နိုင်ငံတကာဆက်သွယ်ရေးကုမ္မဏီများထံမှ လိုင်စင်ခ များအတွက် တစ်လုံးတစ်ခဲ တည်း ရငွေများ မရရှိခြင်းတို့ ကြောင့် ချီးမြင့်ငွေနှင့် စရိတ်များကို သင့်တင့်မျှတစွာ ပြင်ဆင်သတ်မှတ် ပေးရေးကိစ္စနှင့် စပ်လျှဉ်း၍ တစ်ကြိမ်တည်း နှုန်းထားကို မြင့်မားစွာတိုးမြင့်သတ်မှတ်ခြင်းထက် နိုင်ငံ၏ စီးပွားရေးအခြေအနေ တိုးတက်ကောင်းမွန်လာသည်နှင့်အမျှ သင့်တင့်မျှတစွာ တစ်ဆင့်ပြီးတစ်ဆင့် တိုးမြှင့်ပေးနိုင်ရေးကို စီစဉ်ဆောင်ရွက်ပေးသွားမည်ဟု သ၀ဏ်လွှာတွင် ပါရှိသည်။ 

ဦးဇော်မြင့်ဖေ မှ ပြည်ထောင်စုလွှတ်တော်သို့ တင်သွင်းသည့် အရေးကြိးအဆိုတွင် နိုင်ငံဝန်ထမ်းများ (တပ်မတော်သားနှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ အပါအဝင်) အတွက် ထိုက်သင့် သော လစာ၊ စရိတ်များ တိုးမြင့်သတ်မှတ်ပေးရေး၊ အလုပ်သမားများ သင့်တင့်မျှတသော အနိမ့်ဆုံးလုပ်ခ၊ လစာရရှိရေးအတွက် လိုအပ်လျှက်ရှိသည့် နည်းဥပဒေ၊ စည်းမျဉ်း၊ စည်းကမ်းများ ဆောလျှင်စွာ ထုတ်ပြန်သတ် မှတ်ပေးရေး၊ ပြည်ထောင်စုအဆင့် ပုဂ္ဂိုလ်များ၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အဆင့် ပုဂ္ဂိုလ်များ၊ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ တိုင်းနှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဥက္ကဌနှင့် အလုပ်အ မှုဆောင်ကော်မတီဝင်များ၊ ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် များနှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း သို့မဟုတ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ဝင်များ၏ ချီးမြှင့်ငွေနှင့် စရိတ်များကို သင့်တင့်မျှတစွာ သတ်မှတ်ပေးရေး နှင့် တောင်သူလယ်သမားများဘဝ တိုးတက်ရေးအတွက် တောင်သူလယ်သမားအခွင့်အရေး ကာကွယ်ရေးနှင့် အကျိုးစီးပွားမြှင့်တင်ရေး ဥပဒေနှင့် အညီလိုအပ်သည့် နည်းဥပဒေ၊ စည်းမျဉ်း၊ စည်းကမ်းများဆောလျင်စွာ ထုတ်ပြန် သတ်မှတ်ပေးရေး စသည့်အချက်လေးချက်ပါဝင်သည်။ 

တပ်မတော်သားနှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ အပါအဝင် နိုင်ငံဝန်ထမ်းများ အတွက် ထိုက်သင့် သော လစာ၊ စရိတ်များတိုးမြင့်သတ်မှတ်ပေးရေး ကို ၂၀၁၅ -၂၀၁၆ ဘဏ္ဍာနှစ်မှ စတင်ကာ သင့်တင့်မျှတသော စရိတ် လစာ ချီးမြှင့်ငွေများကို တိုးမြှင့်ပေးမည်ဖြစ်ပြိး တောင်သူလယ်သမားများဘဝ တိုးတက်ရေးအတွက် တောင်သူလယ်သမားအခွင့်အရေး ကာကွယ်ရေးနှင့် အကျိုးစီးပွားမြှင့်တင်ရေးဥပဒေပြဌာန်းရန် လိုအပ်သည့် နည်းဥပဒေ၊ စည်းမျဉ်း၊ စည်းကမ်းများကို ဆောလျင်စွာ ထုတ်ပြန်သတ်မှတ်ပေးရေးကို လုပ်ထုံးလုပ်နည်း များနှင့်အညီ စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သမ္မတ မှပေးပို့ သည့် သ၀ဏ်လွှာတွင် ပါရှိသည်။ 

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတွင် သန့်ရှင်းသော အစိုးရနှင့် ကောင်းမွန်သောအုပ်ချုပ်ရေးစနစ် အောင်မြင်စွာ ဖြစ်ထွန်းပေါ်ပေါက်စေရေးအတွက် အရေးကြိးအဆိုတွင်ပါရှိသည့် အချက်လေးချက်အား ပြည်ထောင်စု လွှတ်တော် နှင့် ပြည်ထောင်စု အစိုးရအနေဖြင့် ၂၀၁၅ - ၂၀၁၆ ဘဏ္ဍာ နှစ်မှ စတင်ကာ အကောင်အထည်ဖော် ဆောင်ရွက်ပေးသင့်သည်ဟု တိုက်တွန်းထားကြောင်း သိရသည်။

The Street View 

No comments:

Post a Comment