Tuesday 20 January 2015

အစ္စရေးနှင့် ပါလက်စတိုင်းသို့ ဂျပန်ဝန်ကြီးချုပ် သွားရောက်

ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးသည် အစ္စရေးနှင့် ပါလက်စတိုင်း၏ အနောက်ဖက် ကမ်းခြေသို့ သွားရောက် မည့် သုံးရက်ကြာ ခရီးစဉ်၏ အစ အဖြစ်ဇန်နဝါရီ ၁၈ ရက်က အစ္စရေးနိုင်ငံ၊ တဲလ်အဗစ်မြို့သို့ရောက်ရှိခဲ့ပြီး နှစ်နိုင်ငံစီးပွားဆက်ဆံ မှုမြှင့်တင်နိုင် မည့်အခွင့် အလမ်းတစ်ခုအဖြစ် အစ္စရေး ကကြို ဆိုခဲ့သည်။

အာဘေး၏ ယခုခရီးစဉ်မှာ ၄င်း၏ခြောက်ရက်ကြာ အရှေ့ အလယ်ပိုင်း ခရီးစဉ် ၏နောက်ဆုံး အကျော့ အစိတ်အပိုင်းဖြစ် ပြီးဒေသတွင်း တည်ငြိမ်ရေးနှင့်ငြိမ်း ချမ်းရေး မြှင့်တင်ရန် ရည်ရွယ်သည်။

အာဘေး ၏ခရီးစဉ်က ဂျပန်ပြည် သူများနှင့် အစ္စရေး ပြည်သူ များ၏ ကြီးမားသည့် လုပ်ကိုင်နိုင်စွမ်း ကိုဖော်ဆောင်ရန် သမိုင်းဝင် အခွင့် အလမ်း ကြီးတစ် ရပ်ဖြစ်ကြောင်း အစ္စရေးဝန်ကြီး ချုပ်ဘင်ဂျမင်နေ တန်ယာဟု ကဂျေရု ဆလင် တွင် အာဘေး ကိုပြော ကြားခဲ့သည်။

နှစ်နိုင်ငံအကြား ပူးပေါင်းဆောင် ရွက်နိုင်သည့် စီးပွားရေး၊ နည်းပညာနှင့် အခြားကဏ္ဍ များစွာ ရှိကြောင်း လည်းနေတန် ယာဟု ကပြော ကြားခဲ့သည်။

အာဘေးနှင့်အတူ အစိုးရအရာရှိများအပြင် မိမိတို့သက်ဆိုင်ရာလုပ်ငန်းများတွင် ထိပ်တန်းရောက်နေသည့် ဂျပန်ကုမ္ပဏီများမှ ထိပ်တန်းအမှုဆောင်များပါ ဝင်သော လူ ၁ဝဝ ကိုယ်စား လှယ်အဖွဲ့က လိုက်ပါခဲ့ သည်။

အာဘေးသည် ဇန်နဝါရီ ၂ဝရက်တွင် ပါလက်စတိုင်းသမ္မတ မာမွတ်အက်ဘက်စ်နှင့်တွေ့ ဆုံရန်အနောက် ဖက်ကမ်းခြေသို့ မသွားမီဇန်နဝါရီ ၁၉ ရက်တွင်နေ တန်ယာဟု အပြင် အစ္စရေး သမ္မတ ရူဘင် ရစ်ဗ်လင် တို့နှင့်တွေ့ ဆုံဆွေးနွေး မည်ဖြစ်သည်။

အာဘေးသည် လွန်ခဲ့သည့် ကိုးလက ပြိုလဲခဲ့သော ငြိမ်းချမ်းရေးဆွေးနွေးပွဲ များပြန်စရေး နည်းလမ်းရှာရန် အစ္စရေးနှင့် ပါလက်စတိုင်း တို့ကို တိုက်တွန်းလိမ့် မည်ဟုမျှော် လင့်ရသည်။

Mizzima - News in Burmese 

No comments:

Post a Comment