Tuesday 20 January 2015

ပုသိမ်မြို့ ပြည်ထောင်စုကွင်းကို အောင်ဆန်း ရင်ပြင်ဟု သတ်မှတ်ရန် ပြည်သူငါးထောင်ခန့် သဘောတူ

ပုသိမ်မြို့ ရှိ   ပြည်ထောင်စုကွင်းကို အောင်ဆန်းရင်ပြင်ဟု သတ်မှတ်ခေါ်တွင် စေရန် ပြည်သူ ငါးထောင်ခန် က သဘော တူညီခဲ့ကြောင်း သိရသည်။ ဗိုလ်ချုပ်အောင်ဆန်း ရာပြည့် အကြို စင်တင် တေးဂီတ ဖျော်ဖြပွဲတွင် ကဗျာ ဆရာ ဦးသော်ဇင်အုန်းက အဆိုပါ ကွင်းသည် ဗိုလ်ချုပ် ရုပ်တု လည်းရှိပြီး ဖြစ်ရာ အောင်ဆန်းရင်ပြင် ပြောင်းလဲ ခေါ်တွင် စေရန် သဘော တူညီမှု တောင်းခံခဲ့ ရာ ဖျော်ဖြေပွဲသို့ တက်ရောက်လာ သူများက ထောက်ခံ ကာ သဘော တူညီခဲ့ခြင်း ဖြစ်သည်။

စစ်အစိုးရ ခေတ်တုန်း ကတော့ ပြည်ထောင်စုကွင်းပေါ့ ။ အခုဒီမှာ အောင်ဆန်းရင်ပြင်လို့ သတ်မှတ်မယ် ဆိုတော့ ကျွန်တော် တို့ က သဘော တူတယ်။ ဘာလို့ လဲဆို ဗိုလ်ချုပ်အောင်ဆန်း  ရုပ်တုကြီးလည်း ရှိတယ်လေ။ ဒါဟာ ပြည်သူတွေ အားလုံးရဲ့  အောင်ဆန်း ရင်ပြင်သာ ဖြစ် သင့်တယ် ဟု ပုသိမ်ဒေသခံ ကိုဖိုးဇော်မြင့်က ပြောသည်။

အဆိုပါ ဗိုလ်ချုပ်ရာပြည့် အကြို စင်တင် တေးဂီတ ဖျော်ဖြေရေးပွဲတွင် ရွှေသံလွင် Music  ဖောင်ဒေးရှင်းနှင့်  ကာကာ၊  သက်မှူးခင်၊  ကက်သရင်း၊ လင်းနစ်နှင် ရုပ်ရှင် သရုပ်ဆောင်များ ရခိုင် တိုင်းရင်းသား တေးသံရှင် ၀င်းကိုခိုင်၊ ပ္တွလက်နှင့် ပုသိမ်မြို့မှ အလယ်တန်းဆင့် ကျောင်းသားသူ များ ခွပ်ဒေါင်းပျို သံချပ် အဖွဲ့တို့ ပါဝင် ဖျော်ဖြေခဲ့ ကြသည်။ ကျွန်တော့် အနေနဲ့   မှတ်ချက် မပြုချင် သေးဘူး။ အထက်က လူကြီးတွေရဲ့ သဘောထား ကိုတော့ မေးကြည့်ရ မှာပေါ့ ဟု ပုသိမ် မြို့နယ် အုပ်ချုပ်ရေးမှူး ဦးချစ်ကိုကိုက  The Messenger Media သို့ ပြောသည်။

၂၀၁၅ ခုနှစ်၊ ဖေဖော်ဝါရီလ(၁၃) ရက်နေ့တွင် ကျရာက်မည့် ဗိုလ်ချုပ်အောင်ဆန်း နှစ်တစ်ရာပြည့် အထိမ်းအမှတ် အခမ်းအနားအား ဧရာဝတီ တိုင်းဒေသကြီး အစိုးရ အဖွဲ့ အပါအ၀င် နိုင်ငံရေး ပါတီများ၊ အရပ်ဘက် လူမှုရေး အဖွဲ့အစည်းများနှင့် ပူးပေါင်း ဆောင်ရွက် သွားမည် ဖြစ်ပြီး၊ ဗိုလ်ချုပ် ရာပြည့် အထိမ်းအမှတ် အခမ်းအနားတွင် စာပေ ဟောပြောပွဲ အစီအစဉ်၊  အားကစား ပြိုင်ပွဲ များနှင့် ကလေးများ၏  ဗိုလ်ချုပ် မိန့်ခွန်း စကားပြော ပြိုင်ပွဲ များကို ထည့်သွင်း ကျင်းပ သွားမည် ဖြစ်ကြောင်း ကျင်းပရေး ကော်မတီထံမှ သိရသည်။

Messenger News Journal 

No comments:

Post a Comment