Tuesday 20 January 2015

မယ်ကမ္ဘာပြိုင်ပွဲ အထိ ဂယက်ရိုက် ခဲ့တဲ့ အစ္စရေးနဲ့ လက်ဘနွန် ပဋိပက္ခ

Photo: မယ်ကမ္ဘာပြိုင်ပွဲ အထိ ဂယက်ရိုက် ခဲ့တဲ့ အစ္စရေးနဲ့ လက်ဘနွန် ပဋိပက္ခ
Tuesday, January 20, 2015 

အစ္စရေးနဲ့ လက်ဘနွန်တို့ဟာ ကမ္ဘာ့ ရန်သူတွေ အဖြစ် ရှိနေဆဲ ဖြစ်ပါတယ်။ အရှေ့ အလယ်ပိုင်း ပြဿနာနဲ့ ပတ်သက်ပြီး စတင်ခဲ့တဲ့ ရန်စဟာ ယခု အချိန်အထိ မပြီးဆုံးသေး ပါဘူး။ ၂၀၀၆ မှာ လက်ဘနွန် အစိုးရက ထောက်ခံထားတဲ့ ဟစ်ဇ်ဘိုလာ တော်လှန်ရေး သမားတွေကို အစ္စရေးရဲ့ နှိမ်နှင်းမှု ပြုလုပ်ခဲ့ရာမှာ လက်ဘနွန် ပြည်သူ (၁၂၀၀) ကျော် သေဆုံးခဲ့ရ ပါတယ်။ အစ္စရေးဘက်က (၁၂၀)ကျော် သေဆုံး ခဲ့ပေမယ့် စစ်ဘက် ဆိုင်ရာ ကသာ ဖြစ်ပါတယ်။ လက်ဘနွန် ပြည်သူတွေဟာ အစ္စရေး အပေါ် ရန်သူ အဖြစ် အမြဲတမ်း သတ်မှတ်ခဲ့ ပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းမှာ လက်ဘနွန် အလှမယ် တစ်ဦးဟာ အစ္စရေး အလှမယ် တစ်ဦးနဲ့ ဓာတ်ပုံ အတူ တွဲရိုက်ခဲ့ တာကြောင့် လက်ဘနွန် အလှမယ် ကို ပြည်သူတွေက ဝေဖန်ရှုတ်ချမှုတွေ ပြုလုပ်ခဲ့ပါတယ်။ လက်ဘနွန် အလှမယ် ဂါရီဂီဟာ အစ္စရေး အလှမယ် မာတာလွန်နဲ့ ဓာတ်ပုံ တွဲရိုက်ခဲ့ တယ်လို့ စွပ်စွဲခံရတာ ဖြစ်ပါတယ်။ ပြိုင်ဘက် နိုင်ငံက အလှမယ် တစ်ဦးနဲ့ ဓာတ်ပုံ တွဲရိုက်ခဲ့ခြင်း အပေါ် လက်ဘနွန် ပြည်သူတွေက လုံးဝ လက်မခံခဲ့ဘဲ ဂါရီဂီရဲ့ သရဖူကို ပြန်ရုပ်သိမ်းသင့်တယ်လို့ တောင်းဆိုခဲ့ကြ ပါတယ်။ တကယ်တော့ ဂါရီဂီမှာ အပြစ် မရှိခဲ့ပါဘူး။ အစ္စရေး အလှမယ် မာတာလွန်က ဂါရီဂီထံ လာရောက်ပြီး ခွင့်ပြုချက် မတောင်းဘဲ Selfie  ဓာတ်ပုံ ရိုက်ကူးပြီး အင်တာနက်မှာ လွှင့်တင်ခဲ့ခြင်း ဖြစ်ပါတယ်။ ဒီဓာတ်ပုံဟာ ပျံ့နှံ့သွားခဲ့ပြီး၊ ဂါရီဂီကို ဝေဖန် ပြစ်တင် ခဲ့ခြင်း ဖြစ်ပါတယ်။ မကြာမီမှာ မယ်ကမ္ဘာပြိုင်ပွဲကို အမေရိကန် ပြည်ထောင်စုမှာ ကျင်းပ ပြုလုပ် သွားမှာ ဖြစ်ပါတယ်။ ဒီပြိုင်ပွဲအတွက်  ကြိုတင် ပြင်ဆင်မှုတွေ ပြုလုပ်နေရင်း အစ္စရေး အလှမယ်နဲ့ လက်ဘနွန် အလှမယ်တို့ မထင်မှတ်ဘဲ တွေ့ဆုံ သွားခဲ့တာ ဖြစ်ပါတယ်။ လက်ဘနွန် အလှမယ် ဂါရီဂီက သူ့အနေနဲ့ တမင်သက်သက် ရည်ရွယ်ပြီး ပြုလုပ်ခဲ့တာ မဟုတ်ကြောင်း လက်ဘနွန် ပြည်သူတွေကို ရှင်းပြခဲ့ ပါတယ်။ အစ္စရေး အလှမယ် မာတာလွန် ကလည်း ဂါရီဂီ အပေါ် အပြစ်မတင် ကြဖို့ တောင်းဆိုခဲ့ ပါတယ်။

Messenger News Journal
အစ္စရေးနဲ့ လက်ဘနွန်တို့ဟာ ကမ္ဘာ့ ရန်သူတွေ အဖြစ် ရှိနေဆဲ ဖြစ်ပါတယ်။ အရှေ့ အလယ်ပိုင်း ပြဿနာနဲ့ ပတ်သက်ပြီး စတင်ခဲ့တဲ့ ရန်စဟာ ယခု အချိန်အထိ မပြီးဆုံးသေး ပါဘူး။ ၂၀၀၆ မှာ လက်ဘနွန် အစိုးရက ထောက်ခံထားတဲ့ ဟစ်ဇ်ဘိုလာ တော်လှန်ရေး သမားတွေကို အစ္စရေးရဲ့ နှိမ်နှင်းမှု ပြုလုပ်ခဲ့ရာမှာ လက်ဘနွန် ပြည်သူ (၁၂၀၀) ကျော် သေဆုံးခဲ့ရ ပါတယ်။ အစ္စရေးဘက်က (၁၂၀)ကျော် သေဆုံး ခဲ့ပေမယ့် စစ်ဘက် ဆိုင်ရာ ကသာ ဖြစ်ပါတယ်။ လက်ဘနွန် ပြည်သူတွေဟာ အစ္စရေး အပေါ် ရန်သူ အဖြစ် အမြဲတမ်း သတ်မှတ်ခဲ့ ပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းမှာ လက်ဘနွန် အလှမယ် တစ်ဦးဟာ အစ္စရေး အလှမယ် တစ်ဦးနဲ့ ဓာတ်ပုံ အတူ တွဲရိုက်ခဲ့ တာကြောင့် လက်ဘနွန် အလှမယ် ကို ပြည်သူတွေက ဝေဖန်ရှုတ်ချမှုတွေ ပြုလုပ်ခဲ့ပါတယ်။ လက်ဘနွန် အလှမယ် ဂါရီဂီဟာ အစ္စရေး အလှမယ် မာတာလွန်နဲ့ ဓာတ်ပုံ တွဲရိုက်ခဲ့ တယ်လို့ စွပ်စွဲခံရတာ ဖြစ်ပါတယ်။ ပြိုင်ဘက် နိုင်ငံက အလှမယ် တစ်ဦးနဲ့ ဓာတ်ပုံ တွဲရိုက်ခဲ့ခြင်း အပေါ် လက်ဘနွန် ပြည်သူတွေက လုံးဝ လက်မခံခဲ့ဘဲ ဂါရီဂီရဲ့ သရဖူကို ပြန်ရုပ်သိမ်းသင့်တယ်လို့ တောင်းဆိုခဲ့ကြ ပါတယ်။

 တကယ်တော့ ဂါရီဂီမှာ အပြစ် မရှိခဲ့ပါဘူး။ အစ္စရေး အလှမယ် မာတာလွန်က ဂါရီဂီထံ လာရောက်ပြီး ခွင့်ပြုချက် မတောင်းဘဲ Selfie  ဓာတ်ပုံ ရိုက်ကူးပြီး အင်တာနက်မှာ လွှင့်တင်ခဲ့ခြင်း ဖြစ်ပါတယ်။ ဒီဓာတ်ပုံဟာ ပျံ့နှံ့သွားခဲ့ပြီး၊ ဂါရီဂီကို ဝေဖန် ပြစ်တင် ခဲ့ခြင်း ဖြစ်ပါတယ်။ မကြာမီမှာ မယ်ကမ္ဘာပြိုင်ပွဲကို အမေရိကန် ပြည်ထောင်စုမှာ ကျင်းပ ပြုလုပ် သွားမှာ ဖြစ်ပါတယ်။ ဒီပြိုင်ပွဲအတွက်  ကြိုတင် ပြင်ဆင်မှုတွေ ပြုလုပ်နေရင်း အစ္စရေး အလှမယ်နဲ့ လက်ဘနွန် အလှမယ်တို့ မထင်မှတ်ဘဲ တွေ့ဆုံ သွားခဲ့တာ ဖြစ်ပါတယ်။ လက်ဘနွန် အလှမယ် ဂါရီဂီက သူ့အနေနဲ့ တမင်သက်သက် ရည်ရွယ်ပြီး ပြုလုပ်ခဲ့တာ မဟုတ်ကြောင်း လက်ဘနွန် ပြည်သူတွေကို ရှင်းပြခဲ့ ပါတယ်။ အစ္စရေး အလှမယ် မာတာလွန် ကလည်း ဂါရီဂီ အပေါ် အပြစ်မတင် ကြဖို့ တောင်းဆိုခဲ့ ပါတယ်။

Messenger News Journal 

No comments:

Post a Comment