Tuesday 20 January 2015

အမေရိကန်ပြည်ထောင်စုတွင် ပထမဆုံး မြန်မာကောင်စစ်ဝန်ရုံး ဖွင့်မည်

အမေရိကန်ပြည်ထောင်စု အနောက်ခြမ်းပြည်နယ်ရှစ်ခုနှင့် ကန်ပြည်ထောင်စုပိုင် ပစိဖိတ် နယ်မြေအချို့ တွင် နေထိုင်သူများ မြန်မာနိုင်ငံသို့ ပြည်ဝင်ခွင့်၊ နိုင်ငံကူးလက်မှတ်နှင့် ကောင်စစ်ဆိုင်ရာလုပ်ငန်းများကို ဆောင်ရွက်ပေးမည့် ပထမဆုံး မြန်မာနိုင်ငံကောင်စစ်ဝန်ရုံးကို အမေရိကန်ပြည်ထောင်စု လော့စ်အန်ဂျလိစ်မြို့၌ ဖွင့်လှစ်လိုက်ကြောင်း သတင်းရရှိသည်။

မြန်မာအမေရိကန်သံတမန် ဆက်ဆံရေးစတင်ခဲ့သည့် ၁၉၄၇ ခုနှစ် နောက်ပိုင်း ပထမဆုံးဖွင့် သည့် ကောင်စစ်ဝန်ရုံးဖြစ်ပြီး ယခင်က မြန်မာနိုင်ငံသို့ ပြည်ဝင်ခွင့် လျှောက်ထားလိုလျှင် အမေရိကန် တစ်ပြည် လုံး အတွက် လော့စ်အန်ဂျလိစ်နှင့် မိုင်သုံးထောင်ကွာသောဝါရှင်တန်ဒီစီမြို့တော်ရှိ မြန်မာသံရုံးသို့ တစ်ပတ်၊ ဆယ်ရက်ခန့် အချိန်ယူလျှောက်ထားခဲ့ကြရသည်။

ယခုကောင်စစ်ဝန်ရုံးက အ မေရိကန်ပြည်ထောင်စုအနောက် ခြမ်းရှိ အလာစကာ၊ ကယ်လီဖိုး နီးယား၊ အော်ရဂန်၊ ၀ါရှင်တန်၊ နီဗားဒါး၊ အရီဇိုးနား၊ နယူးမက္ကစီကို၊ ဟာဝိုင်အီပြည်နယ်ရှစ်ခုနှင့် ဂူအမ်၊ မာရှယ်အိုင်းလင်းစသည့် ကန်အစိုးရပိုင် ပစိဖိတ်နယ်မြေ များအတွက် ကောင်စစ်ဆိုင်ရာ လုပ်ငန်းများကို ဆောင်ရွက်ပေး မည် ဖြစ်သည်။

‘‘၀ါရှင်တန်ဒီစီနဲ့ လော့စ်အန် ဂျလိစ်က လေယာဉ်နဲ့တောင် သုံးလေးနာရီလောက် အချိန်ယူသွားရတယ်။ စံတော်ချိန်တောင် ကွာ တယ်လေ။ တော်တော်ဝေးတယ်။ မြန်မာအများစုရှိတာက လော့စ်အန်ဂျလိစ်မှာ ဖြစ်တယ်။ ဒါကြောင့် ကောင်စစ်ဝန်ရုံးကို အဲဒီမှာ ဖွင့် တာပါ။ ကောင်စစ်ဝန်ချုပ်ကို လည်း မြန်မာဘက်က ခန့်ထားပြီး ပါပြီ။ အမေရိကန်အစိုးရက လက်ခံဖို့ပဲ ကျန်ပါတော့တယ်။ အခုရက်ပိုင်းအတွင်း ကောင်စစ် တာဝန် ထမ်းဆောင်ဖို့ မြန်မာက အဖွဲ့တွေလော့စ်အန်ဂျလိစ်ကို ထွက်ခွာ သွားပါပြီ’’ဟု နိုင်ငံခြားရေးဝန်ကြီး ဌာန ညွှန်ကြားရေးမှူးချုပ် ဦးစံ လွင်က ပြောကြားသည်။

သံရုံးမှာ တစ်နိုင်ငံလုံးအ တွက် တာဝန်ယူရပြီး ကောင်စစ် ၀န်ရုံးမှာ နှစ်နိုင်ငံအစိုးရသဘော တူသတ်မှတ် ထားသည့် ကောင် စစ်နယ်မြေများကိုသာ တာဝန်ယူရခြင်းဖြစ်သည်။ အမေရိကန်ပြည်ထောင်စုတွင် ၀ါရှင်တန်ဒီစီရှိ မြန်မာသံရုံးအပြင် နယူးယောက်တွင် ကုလသမဂ္ဂမစ်ရှင်ရုံးနှင့် တွဲလျက် ကောင်စစ်ဌာန တစ်ခုရှိသော်လည်း ကောင်စစ်ဝန်ရုံးအဆင့်ကို ယခုလော့စ်အန်ဂျလိစ်တွင်မှ စတင်ဖွင့်လှစ်ခြင်း ဖြစ်သည်။

မြန်မာနိုင်ငံမှ လူကြီးမိဘ ဆွေမျိုးသားချင်းများ နာမကျန်း ဖြစ်ခြင်း၊ ကွယ်လွန်အနိစ္စရောက် ပါက အမေရိက ရောက် မြန်မာ များအနေဖြင့် ချက်ချင်းပြန်၍မရ ဘဲ ၀ါရှင်တန်ဒီစီရှိ သံရုံးသို့ ပတ်စ်ပို့ပေးပို့၍ ဗီဇာလျှောက် ရ သည်မှာ အနည်းဆုံးတစ်ပတ် ဆယ်ရက် ကြာသဖြင့် ယခု အယ်လ်အေ တွင် ကောင် စစ်ရုံးဖွင့်ခြင်း ကြောင့် လူကိုယ်တိုင် သွားရောက်လျှောက်ထားနိုင်ပြီး ကန်အနောက်ခြမ်းပြည်နယ်များဖြစ်သည့် ဆန်ဖရန် စစ္စကို၊ ဆန်ဒီယေဂို၊ လာ့စ်ဗီးဂတ်စ်တို့မှလည်း ကားမောင်း၍ လျှောက်ထားနိုင်သည်အထိ လွယ်ကူ သွားခြင်းဖြစ်ကြောင်း မြန်မာအမေရိကန်များ ကွန်ရက်အသင်းမှ ဦးအောင်မင်းနိုင်က ပြောသည်။

7Day DAILY 

No comments:

Post a Comment