Tuesday 20 January 2015

ရခိုင်အမျိုးသားပါတီ ဘင်္ဂါလီအရေးဖိအားပေးသော ကုလအပါအ၀င် နိုင်ငံတကာအဖွဲ့အစည်းများနှင့် ဆက်ဆံရေးရပ်ဆိုင်း

ရခိုင်အမျိုးသားပါတီ (ANP)က ဘင်္ဂါလီအရေးဖိအား ပေးဆောင်ရွက်နေသော ကုလသမဂ္ဂ အပါအ၀င် နိုင်ငံတကာအဖွဲ့ အစည်းများနှင့် ဆက်ဆံရေးရပ် ဆိုင်းလိုက်ကြောင်းသတင်းရရှိ သည်။

တစ်ဖက်သတ် ဖိအားပေး ဆောင်ရွက်နေခြင်းများကြောင့် ကုလလက်အောက်ခံအဖွဲ့အ စည်းများ၊ ဥရောပ သမဂ္ဂ၊ အမေရိ ကန်ပြည်ထောင်စုတို့မှ အဖွဲ့အ စည်းများနှင့် ဘင်္ဂါလီအရေးဖြေ ရှင်းရန် ပူးပေါင်း ဆောင်ရွက် နေမှု များကို ကာလအကန့်အသတ်မရှိ ရပ်ဆိုင်းလိုက်ကြောင်း ANP ဥက္ကဋ္ဌ ဒေါက်တာ အေးမောင် ကပြောသည်။‘‘အခြေအနေအရပ်ရပ်ကို သုံးသပ်ပြီးတော့ ဘင်္ဂါလီရေးရာ ပူးပေါင်းဆောင်ရွက် နေတာကို နောက်ခြေတစ်လှမ်းပြန်ဆုတ် လိုက်တာ။ ကျွန်တော်တို့တွေ့ဆုံ ဆွေးနွေးခဲ့တယ်။ ဒါပေမဲ့ ရခိုင်တွေ ရဲ့ သုံးသပ်တင်ပြချက်တွေက အ ရာမ၀င်ဘူး။ တစ်ဖက်သတ်ဆုံး ဖြတ်တယ်။ ပြဿနာကို ဒီလိုဖြေ ရှင်းဖို့ အားနဲ့ဆုံးဖြတ်တယ်။ ရို ဟင်ဂျာလို့ လက်ခံ၊ နိုင်ငံသားအ သိအမှတ်ပြုပေးပေါ့ဗျာ။ ကျွန် တော်တို့ ကျိုးကြောင်းဆီလျော်စွာ တင်ပြတာတွေကို ဂရုမစိုက်ဘူး။ ကျွန်တော်တို့ကိုတွေ့တာက သူ တို့အစီရင်ခံစာမှာ နှစ်ဖက်တွေ့ တယ်ဆိုတာ ပြသဖို့ပဲပါဝင်နေရ တဲ့ သဘောဖြစ်နေတယ်။ ပြဿ နာရှင်းဖို့ ဘက်နှစ်ဖက်တင်ပြချက် ကို အလေးထားပြီး မျှတတဲ့အကြံ ပြုချက်ကိုပဲ လိုချင်တာပါ။ ဒါ ကြောင့် ကုလအပါအ၀င်ပါဝင် ပတ်သက်နေတဲ့ နိုင်ငံတကာအဖွဲ့ အစည်းအားလုံးနဲ့ ဘင်္ဂါလီအရေး နဲ့ပတ်သက်ပြီး ပူးပေါင်းဆောင် ရွက်တာကို ကာလအကြာအထိ ရပ်ဆိုင်းခဲ့တာ’’ဟု ဒေါက်တာ အေးမောင်ကဆိုသည်။

ကုလသမဂ္ဂက လူနည်းစုအ ခွင့်အရေးကို အသိအမှတ်ပြု သည့်အနေဖြင့် ရခိုင်ပြည်နယ်ရှိ ဘင်္ဂါလီလူမျိုး များအား ရိုဟင်ဂျာဟု သာခေါ်ဆိုမည်ဟု ပြောကြားထားသည်။ ပြီးခဲ့သည့် ကုလသမဂ္ဂအထွေထွေ ညီလာခံတွင်လည်း ရို ဟင်ဂျာဆိုသူများကို နိုင်ငံသားအ ဖြစ်လုံးဝအသိအမှတ်ပြုရန် ဆုံး ဖြတ်ချက်ချမှတ် ခဲ့သည်။

ကုလနှင့် နိုင်ငံတကာအဖွဲ့ စည်းများသည် လူသားချင်းစာနာ မှုဆိုင်ရာလုပ်ငန်းများဆောင်ရွက် ရာတွင် တစ်ဖက်သတ်ကူညီနေပြီး အချုပ်အခြာအာဏာကို စွက်ဖက် သည့်လုပ်ငန်းများဆောင်ရွက်နေ ခြင်းကြောင့် ပဋိပက္ခများဖြစ်ပွား စေနိုင်ကြောင်း ရခိုင်အမျိုးသား အင်အားစုများကဝေဖန်သည်။

7Day DAILY 

No comments:

Post a Comment