Tuesday 20 January 2015

ဘဏ္ဍာနှစ် ကိုးလကျော်တွင် ပဲမျိုးစုံ တန်ချိန် ကိုးသိန်းကျော်သာ တင်ပို့ထားနိုင်ပြီး ကန်ဒေါ်လာ သန်း ၆၉၀ ကျော်ရရှိထား

Photo: ဘဏ္ဍာနှစ် ကိုးလကျော်တွင် ပဲမျိုးစုံ တန်ချိန် ကိုးသိန်းကျော်သာ တင်ပို့ထားနိုင်ပြီး ကန်ဒေါ်လာ သန်း ၆၉၀ ကျော်ရရှိထား
Tuesday, January 20, 2015

ယခု ၂ဝ၁၄-၁၅ ဘဏ္ဍာနှစ် ကိုးလကျော် ကာလတွင် ပဲမျိုးစုံတင်ပို့မှုသည် ပြီးခဲ့သည့် ဘဏ္ဍာနှစ်အောက် တန်ချိန် တစ်သိန်းကျော် ကျဆင်းနေသော်လည်း ပို့ကုန်ရငွေအားဖြင့် ပိုမိုရရှိထားသည်ဟု မြန်မာနိုင်ငံ ပဲမျိုးစုံနှင့် နှမ်းကုန်သည်များအသင်း အတွင်းရေးမှူး ဒေါက်တာမြတ်စိုးက မဇ္ဈိမကို ပြောသည်။

ယခင်ဘဏ္ဍာနှစ် ကာလတူထက် ပြည်ပသို့ ပဲမျိုးစုံတင်ပို့ရောင်းချရမှု လျော့နည်းနေသော်လည်း တင်ပို့ရောင်းချငွေပမာဏမှာ ပိုမိုရရှိနေသည်။

ဘဏ္ဍာနှစ်အစ ဧပြီ ၁ ရက်မှ ဇန်နဝါရီ ၉ ရက်အထိ ပဲမျိုးစုံ တန်ချိန် ၈၆ဝ,ဝဝဝ ကျော်သာ တင်ပို့ထားနိုင်သဖြင့် ပြီးခဲ့သည့် ဘဏ္ဍာနှစ် တင်ပို့မှုနှင့် နှိုင်းယှဉ်ပါက တန်ချိန် ၁၃ဝ,ဝဝဝ ကျော် ကျဆင်းနေသည်ဟု ဇန်နဝါရီ ၁၉ ရက်တွင် ပြောသည်။

''ဒီနှစ်က တင်ပို့မှုကျဆင်းသွားပေမယ့် ပဲဈေးတွေက အရမ်းကောင်းတော့ ပြီးခဲ့တဲ့ အလားတူကာလထက် ရငွေက ပိုရထားတယ်။ လက်ရှိအနေအထားအရ ဘဏ္ဍာနှစ်ကုန်သွားလည်း တင်ပို့မှုက အရင်နှစ်ထက် နည်းသွားမှာပါ''ဟု ၎င်းက ပြောသည်။

၎င်းတင်ပို့မှုများအရ ပို့ကုန်ရငွေပမာဏသည် ကန်ဒေါ်လာ သန်း ၆၉ဝ ကျော် ရရှိ ထားကာ ၂ဝ၁၃-၁၄ ဘဏ္ဍာနှစ် အလားတူ ကာလထက် ဒေါ်လာ လေးသန်းကျော် ပိုမိုရရှိထားသည်ဟု ဆိုသည်။

၂ဝ၁၃-၁၄ ဧပြီ ၁ ရက်မှ ဇန်နဝါရီ ၉ ရက်အထိ ပဲမျိုးစုံတင်ပို့မှုသည် တန်ချိန် ၉၉ဝ,ဝဝဝ ကျော်ရှိခဲ့ပြီး ပို့ကုန်ရငွေသည် ကန်ဒေါ်လာ ၆၈၆ သန်းကျော်သာ ရရှိ ထားခဲ့သည်ဟု ဆိုသည်။

ပြည်ပဈေးကွက်က ပေးဝယ်နေသော ဇန်နဝါရီ ၁၉ ရက်  FOB ပဲဈေးနှုန်းများသည် မတ်ပဲ (၂ဝ၁၄ သီးနှံ) FAQ အရည်အသွေး တစ်တန်ကို ကန်ဒေါ်လာ ၈၆ဝ နှင့် ၈၉ဝ အကြား ဈေးဖြစ်ကာ အရည်အသွေးမြင့် (SQ) တစ်တန်ကို ကန်ဒေါ်လာ ၉၄ဝ နှင့် ၉၇ဝ ကြားအထိ ရရှိနေသည်ဟု ဘုရင့်နောင်ကုန်စည်ဒိုင်က ထုတ်ပြန်ထားသည်။

သို့ဖြစ်ရာ ၂ဝ၁၃-၁၄ ဘဏ္ဍာနှစ်ကုန် ပိုင်းအတွင်း ဖြစ်ပေါ်ခဲ့သည့် FOB  ဈေးနှုန်းများထက် တစ်တန်ကို ကန်ဒေါ်လာ ၃ဝဝ ကျော် ပိုမိုရရှိနေခြင်း ဖြစ်သည်။

ပဲစင်းငုံဈေးနှုန်းများမှာလည်း FOB ဈေးနှုန်းအရ ၂ဝ၁၄ သီးနှံ ပဲစင်းငုံအနီ တစ်တန်ကို ကန် ၇၇၅ ဒေါ်လာမှ ၈ဝ၅ ဒေါ်လာကြား ဈေးများ ရှိနေရာ ၂ဝ၁၃-၁၄ ဘဏ္ဍာနှစ် နှစ်ကုန်ပိုင်းဈေးနှုန်းများသည် ကန်ဒေါ်လာ ၂ဝဝ ကျော် ပိုမိုရရှိထားခြင်း ဖြစ်သည်။

မြန်မာနိုင်ငံ၏ ပဲမျိုးစုံတင်ပို့မှုသည် ၂ဝ၁၂-၁၃ ဘဏ္ဍာနှစ်တွင် မက်ထရစ် တန်ချိန် ၁၄ သိန်းကျော်ရှိကာ ၂ဝ၁၃-၁၄ ဘဏ္ဍာနှစ်တွင် တန်ချိန် ၁၂ သိန်းကျော်သာ တင်ပို့နိုင်ခဲ့ခြင်းဖြစ်သည်။ ယခုဘဏ္ဍာ နှစ် ကုန်ဆုံးရန် သုံးလသာ ကျန်ရှိတော့ သော်လည်း တန်ချိန် ၈၆ဝ,ဝဝဝ ကျော်သာ တင်ပို့ထားနိုင်ခြင်း ဖြစ်သည်။

ဘုရင့်နောင်ကုန်စည်ဒိုင်တွင် ၂ဝ၁၄ ခုနှစ် အောက်တိုဘာလမှ စတင်ကာ လေရောင်းလေဝယ်စနစ်ဖြင့် အရောင်း အဝယ်ဆောင်ရွက်ခြင်းကို ကာကွယ်တား ဆီးရန် ဘဏ်တွင် ငွေကြိုတင်အာမခံထား ကာ ရောင်းဝယ်သည့်စနစ်ကို စတင်ကျင့် သုံးဆောင်ရွက်ခဲ့သည်။

လေရောင်းလေဝယ်စနစ်ကြောင့် ပဲ ဈေးကွက်တွင် ငွေကြေးအရှုပ်အရှင်းများလည်း မကြာခဏ ဖြစ်ပွားခဲ့သည်။

Mizzima - News in Burmese 

ရွှေပြည်သာစက်မှုဇုန်ရှိ ပဲသန့်စင် စက်ရုံလုပ်ငန်းခွင်ကို တွေ့ရစဉ်။ (ဓာတ်ပုံ - ဟိန်းထက်၊ မဇ္ဈိမ)
ရွှေပြည်သာစက်မှုဇုန်ရှိ ပဲသန့်စင် စက်ရုံလုပ်ငန်းခွင်ကို တွေ့ရစဉ်။ (ဓာတ်ပုံ - ဟိန်းထက်၊ မဇ္ဈိမ) 
ယခု ၂ဝ၁၄-၁၅ ဘဏ္ဍာနှစ် ကိုးလကျော် ကာလတွင် ပဲမျိုးစုံတင်ပို့မှုသည် ပြီးခဲ့သည့် ဘဏ္ဍာနှစ်အောက် တန်ချိန် တစ်သိန်းကျော် ကျဆင်းနေသော်လည်း ပို့ကုန်ရငွေအားဖြင့် ပိုမိုရရှိထားသည်ဟု မြန်မာနိုင်ငံ ပဲမျိုးစုံနှင့် နှမ်းကုန်သည်များအသင်း အတွင်းရေးမှူး ဒေါက်တာမြတ်စိုးက မဇ္ဈိမကို ပြောသည်။

ယခင်ဘဏ္ဍာနှစ် ကာလတူထက် ပြည်ပသို့ ပဲမျိုးစုံတင်ပို့ရောင်းချရမှု လျော့နည်းနေသော်လည်း တင်ပို့ ရောင်းချငွေ ပမာဏမှာ ပိုမိုရရှိနေသည်။

ဘဏ္ဍာနှစ်အစ ဧပြီ ၁ ရက်မှ ဇန်နဝါရီ ၉ ရက်အထိ ပဲမျိုးစုံ တန်ချိန် ၈၆ဝ,ဝဝဝ ကျော်သာ တင်ပို့ ထားနိုင် သဖြင့် ပြီးခဲ့သည့် ဘဏ္ဍာနှစ် တင်ပို့မှုနှင့် နှိုင်းယှဉ်ပါက တန်ချိန် ၁၃ဝ,ဝဝဝ ကျော် ကျဆင်းနေသည်ဟု ဇန်နဝါရီ ၁၉ ရက်တွင် ပြောသည်။

''ဒီနှစ်က တင်ပို့မှုကျဆင်းသွားပေမယ့် ပဲဈေးတွေက အရမ်းကောင်းတော့ ပြီးခဲ့တဲ့ အလားတူကာလထက် ရငွေက ပိုရထားတယ်။ လက်ရှိအနေအထားအရ ဘဏ္ဍာနှစ်ကုန်သွားလည်း တင်ပို့မှုက အရင်နှစ်ထက် နည်းသွားမှာပါ''ဟု ၎င်းက ပြောသည်။

၎င်းတင်ပို့မှုများအရ ပို့ကုန်ရငွေပမာဏသည် ကန်ဒေါ်လာ သန်း ၆၉ဝ ကျော် ရရှိ ထားကာ ၂ဝ၁၃-၁၄ ဘဏ္ဍာနှစ် အလားတူ ကာလထက် ဒေါ်လာ လေးသန်းကျော် ပိုမိုရရှိထားသည်ဟု ဆိုသည်။

၂ဝ၁၃-၁၄ ဧပြီ ၁ ရက်မှ ဇန်နဝါရီ ၉ ရက်အထိ ပဲမျိုးစုံတင်ပို့မှုသည် တန်ချိန် ၉၉ဝ,ဝဝဝ ကျော်ရှိခဲ့ပြီး ပို့ကုန်ရငွေသည် ကန်ဒေါ်လာ ၆၈၆ သန်းကျော်သာ ရရှိ ထားခဲ့သည်ဟု ဆိုသည်။

ပြည်ပဈေးကွက်က ပေးဝယ်နေသော ဇန်နဝါရီ ၁၉ ရက်  FOB ပဲဈေးနှုန်းများသည် မတ်ပဲ (၂ဝ၁၄ သီးနှံ) FAQ အရည်အသွေး တစ်တန်ကို ကန်ဒေါ်လာ ၈၆ဝ နှင့် ၈၉ဝ အကြား ဈေးဖြစ်ကာ အရည်အသွေးမြင့် (SQ) တစ်တန်ကို ကန်ဒေါ်လာ ၉၄ဝ နှင့် ၉၇ဝ ကြားအထိ ရရှိနေသည်ဟု ဘုရင့်နောင်ကုန်စည်ဒိုင်က ထုတ်ပြန်ထားသည်။

သို့ဖြစ်ရာ ၂ဝ၁၃-၁၄ ဘဏ္ဍာနှစ်ကုန် ပိုင်းအတွင်း ဖြစ်ပေါ်ခဲ့သည့် FOB  ဈေးနှုန်းများထက် တစ်တန်ကို ကန်ဒေါ်လာ ၃ဝဝ ကျော် ပိုမိုရရှိနေခြင်း ဖြစ်သည်။

ပဲစင်းငုံဈေးနှုန်းများမှာလည်း FOB ဈေးနှုန်းအရ ၂ဝ၁၄ သီးနှံ ပဲစင်းငုံအနီ တစ်တန်ကို ကန် ၇၇၅ ဒေါ်လာမှ ၈ဝ၅ ဒေါ်လာကြား ဈေးများ ရှိနေရာ ၂ဝ၁၃-၁၄ ဘဏ္ဍာနှစ် နှစ်ကုန်ပိုင်းဈေးနှုန်းများသည် ကန်ဒေါ်လာ ၂ဝဝ ကျော် ပိုမိုရရှိထားခြင်း ဖြစ်သည်။

မြန်မာနိုင်ငံ၏ ပဲမျိုးစုံတင်ပို့မှုသည် ၂ဝ၁၂-၁၃ ဘဏ္ဍာနှစ်တွင် မက်ထရစ် တန်ချိန် ၁၄ သိန်းကျော်ရှိကာ ၂ဝ၁၃-၁၄ ဘဏ္ဍာနှစ်တွင် တန်ချိန် ၁၂ သိန်းကျော်သာ တင်ပို့နိုင်ခဲ့ခြင်းဖြစ်သည်။ ယခုဘဏ္ဍာ နှစ် ကုန်ဆုံးရန် သုံးလသာ ကျန်ရှိတော့ သော်လည်း တန်ချိန် ၈၆ဝ,ဝဝဝ ကျော်သာ တင်ပို့ထားနိုင်ခြင်း ဖြစ်သည်။

ဘုရင့်နောင်ကုန်စည်ဒိုင်တွင် ၂ဝ၁၄ ခုနှစ် အောက်တိုဘာလမှ စတင်ကာ လေရောင်းလေဝယ်စနစ်ဖြင့် အရောင်း အဝယ်ဆောင်ရွက်ခြင်းကို ကာကွယ်တား ဆီးရန် ဘဏ်တွင် ငွေကြိုတင်အာမခံထား ကာ ရောင်းဝယ်သည့်စနစ်ကို စတင်ကျင့် သုံးဆောင်ရွက်ခဲ့သည်။

လေရောင်းလေဝယ်စနစ်ကြောင့် ပဲဈေးကွက်တွင် ငွေကြေးအရှုပ်အရှင်းများလည်း မကြာခဏဖြစ်ပွားခဲ့ သည်။

Mizzima - News in Burmese 

No comments:

Post a Comment