Tuesday 20 January 2015

ရန်ဟီးလီအား ပြည့်တန်ဆာနှင့် ခိုင်းနှိုင်း ပြောဆိုခြင်းကို ပေါက်ကွဲမှု တစ်ခု အဖြစ် ယူဆရန် ဆရာတော် ဦးဝီရသူ မိန့်ကြား

ကုလသမဂ္ဂ၊ မြန်မာနိုင်ငံ လူ့အခွင့်အရေး ဆိုင်ရာ ကိုယ်စားလှယ် မစ္စရန်ဟီးလီအား ပြည့်တန်ဆာနှင့် ခိုင်းနှိုင်း ပြောဆိုခြင်းကို ပေါက်ကွဲမှု တစ်ခု အဖြစ် ယူဆကြရန် ဆရာတော် ဦ၀ီရသူက The Messenger Media သို့ မိန့်ကြားခဲ့သည်။

ဆရာတော် ဦးဝီရသူသည် ဇန်န၀ါရီလ (၁၆) ရက်နေ့က ကုလသမဂ္ဂ၊ အထွေထွေ အတွင်းရေးမှူး ဖြစ်သူ မစ္စတာ ဘန်ကီမွန်းနှင့် ကုလသမဂ္ဂ၊ မြန်မာနိုင်ငံ လူ့အခွင့်အရေး ဆိုင်ရာ ကိုယ်စားလှယ် မစ္စရန်ဟီးလီတို့ကို ဘင်္ဂါလီများ နိုင်ငံသား ဖြစ်ခွင့် အရေးနှင့် ပတ်သက်ပြီး ရှုတ်ချ ဆန္ဒထုတ်ဖော်သော နေ့တွင် မစ္စရန်ဟီးလီအား ပြည့်တန်ဆာနှင့် ခိုင်းနှိုင်း ပြောကြားခဲ့ခြင်းလည်းဖြစ်သည်။

စကားဆို တာကတော့ ကြမ်းတဲ့နေရာ ကြမ်းရတယ်၊ နုတဲ့ နေရာ နုရတာပေါ့။ ပလ္လင်ပေါ်မှာ ဟောတဲ့ တရား မဟုတ်ပါဘူး။ နိဗ္ဗာန် ရောက်ကြောင်း တရားလည်း မဟုတ်ပါဘူး၊ အမျိုးဘာသာ သာသနာကို ကာကွယ် စောင့်ရှောက်နေတာ ဖြစ်တဲ့အတွက် ကြမ်းသင့်တဲ့ စကားလုံးကို ကြမ်းထိုက်တဲ့ အချိန် မှာ ကြမ်းရတာပါ။ ဒါလေးကိုတော့ နားလည်ပေး ကြပါ ဟု ဦးဝီရသူက မိန့်ကြားသည်။

ထိုကဲ့သို့ ခိုင်းနှိုင်း ပြောဆိုခြင်းသည် ဖရုသ၀ါစာ ဟုခေါ်ပြီး ဆဲရေး တိုင်းထွာခြင်း မဟုတ်သောကြောင့် အာပတ် မသင့်ကြောင်း၊ ၀ိနည်းအရ အပြစ်လည်း မရှိကြောင်း၊ ဗိုလ်ချုပ်အောင်ဆန်းသည်ပင် ဖာသယ် နိုင်ငံဟု ခိုင်းနှိုင်း သွားခြင်းမျိုး ရှိကြောင်း၊ စေတနာ နူးညံ့ သောကြောင့် အပြစ်မယူ သကဲ့သို့ မှတ်ယူရန် လိုကြောင်း၊ နိုင်ငံ တစ်နိုင်ငံလုံးအား စကားလုံး တစ်လုံးတည်းဖြင့် ကာကွယ် လိုက်ခြင်း ဖြစ်ကြောင်း ဦးဝီရသူက မိန့်ကြားသည်။

ဖရုသ၀ါစာ မှန်သမျှဟာ အထိုက်အလျောက်တော့ အာပတ်သင့် ပါတယ်၊ အာပတ် အမျိုးမျိုးရှိတယ်၊ ဖြေလို့ရတာ ရှိတယ်၊ ဖြေလို့ မရတာ ရှိတယ်။ ဆရာတော် ကိုတော့ နားလည်နိုင် ပါတယ် ဟု သာသနာရေး ဦးစီးဌာနမှ ဦးစိန်မော်က The Messenger Media သို့ပြောသည်။ ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူး ဖြစ်သူ မစ္စတာ ဘန်ကီမွန်းနှင့် ကုလသမဂ္ဂ၊ မြန်မာနိုင်ငံ လူ့အခွင့်အရေး ဆိုင်ရာ ကိုယ်စားလှယ် မစ္စရန်ဟီးလီတို့ကို ဘင်္ဂါလီ များနိုင်ငံသား ဖြစ်ခွင့် အရေးနှင့် ပတ်သက်၍ ရှုတ်ချသည့် အနေဖြင့် မြန်မာနိုင်ငံ၏ အထင်ကရ ဆရာတော် များက ဇန်န၀ါရီလ (၁၆) ရက်နေ့တွင် ဆန္ဒပြခဲ့ ကြသည်။ ရိုဟင်ဂျာ များအား နိုင်ငံသား ဖြစ်ခွင့်ပေးရေး အပါအ၀င် တခြား အချက် များအား ကုလသမဂ္ဂ အထွေထွေ ညီလာခံမှ ၂၀၁၄ ခုနှစ်၊ ဒီဇင်ဘာလ (၃၀) ရက်နေ့တွင် တိုက်တွန်း ခဲ့ခြင်း ဖြစ်သည်။

Messenger News Journal 

No comments:

Post a Comment