Tuesday 20 January 2015

တစ်နိုင်ငံလုံးရှိ ဘိုးဘွားများကို လစဉ်ကြေး ထောက်ပံ့မှု လာမည့်ဘတ်ဂျက်နှစ် စတင်မည်

Photo: တစ်နိုင်ငံလုံးရှိ ဘိုးဘွားများကို လစဉ်ကြေး ထောက်ပံ့မှု လာမည့်ဘတ်ဂျက်နှစ် စတင်မည်
Tuesday, January 20, 2015

ခိုကိုးရာမဲ့ ဘိုးဘွားဦးရေ မြင့်တက်လျက်ရှိရာ တစ်နိုင်ငံလုံးရှိ ဘိုးဘွားများကို လစဉ်ငွေကြေး ထောက်ပံ့ရေး အစီအစဉ်ကို လာမည့် ၂၀၁၅-၂၀၁၆ ဘတ်ဂျက်နှစ်တွင် စတင်ရန် စစ်တမ်းများ ကောက်ယူနေကြောင်း မန္တလေးတိုင်းဒေသကြီး လူမှုဝန်ထမ်းဦးစီဌာန ညွှန်ကြားရေးမှူး ဦးကျော်ဝင်းက ပြောကြားသည်။

အဆိုပါ လစဉ်ထောက်ပံ့ရေး အစီအစဉ်သည် မြန်မာနိုင်ငံ လူမှုကာကွယ် စောင့်ရှောက်ရေးဆိုင်ရာ အမျိုသားအဆင့် မဟာဗျူဟာစီမံချက်များ လုပ်ငန်းစဉ်တွင် ပါဝင်သည့် လုပ်ငန်းတစ်ရပ် ဖြစ်သည့် သက်ကြီးရွယ်အိုများအတွက် လူမှုရေး ပင်စင်ပေးအပ်ခြင်း ဆိုသည် အချက်ကို အကောင်ထည်ဖော်သည့် အနေနှင့် မန္တလေးတိုင်းဒေသကြီး အပါအဝင် ဖွံ့ဖြိုးမှု အမြင့်ဆုံး၊ အနိမ့်ဆုံးနှင့် ဖွံ့ဖြိုးမှု အလယ်အလတ် ရှိသော တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် အကောင်အထည်ဖော်မည် ဖြစ်ကြောင်း ၎င်းက ထပ်လောင်းပြောကြားသည်။

အဆိုပါ တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ စာတိုက်ဦးစီးမှူး၊ လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသားမှတ်ပုံတင်ရေး ဦးစီးဌာန မြို့နယ်ဦးစီးမှူး စီးပွားရေး၊ ဘဏ်မန်နေဂျာနှင့် လူမှုဝန်ထမ်းဦးစီးဌာန မြို့နယ်ဦးစီးမှူးတို့မှ တစ်ဆင့် လစဉ် ဘိုးဘွားများထံသို့ ငွေကြေးရောက်ရှိနိုင်သည့် နည်းလမ်းများဖြင့် ဘိုးဘွားဦးရေ စာရင်းများကို ကောက်ယူနေပြီး ရရှိသည့် အချက်အလက်များပေါ် မူတည်ပြီး ငွေကြေးထောက်ပံ့မှုကို လာမည့် ဘတ်ဂျက်နှစ်အတွင်း အမြန်ဆုံး ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ၎င်းက ထပ်လောင်းဆိုသည်။

“ထောက်ပံ့မှုက အသက် ၈၀ ပေးမလား၊ ၉၀ ပေးမလား ဆိုတာနဲ့ ငွေဘယ်လောက် ဆိုတာကိုတော့ ဌာနက ဆုံးဖြတ်မှာပါ။ မန္တလေးတိုင်းကတော့ သတင်းအချက်အလက် ကောက်ယူတာ ပြီးစီးသွားပြီ” ဟု ၎င်းကဆိုသည်။

အဆိုပါ ငွေကြေးထောက်ပံ့မည့် အစီအစဉ်တွင် လတ်တလော အနေအထားအရ အသက် ၆၅ နှစ်နှင့် အထက် ဘိုးဘွားများကို လစဉ် ကျပ်နှစ်သောင်းငါးထောင် ပေးရန် သတ်မှတ်ထားပြီး ၂၀၁၉ ခုနှစ် အရောက်တွင် ဘိုးဘွား သုံးသန်းကျော်အထိ ရောက်ရှိရန် အစီအစဉ်များ ရေးဆွဲထားကြောင်း လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန တာဝန်ရှိသူများက ပြောကြားသည်။

“ဘိုဘွားထောက်ပံ့မှုပေးရေး အစီအစဉ်ကို ကြားရတာ ဝမ်းသာပါတယ်။ ပင်စင်ရ ဘိုးဘွားတွေ ပါ မပါကို ကွဲကွဲပြားပြား သိချင်ပါတယ်” ဟု အသက် ၇၀ အရွယ် မဟာအောင်မြေ မြို့နယ်ရှိ အငြိမ်းစား အထက်တန်းပြ ဆရာမတစ်ဦး ဖြစ်သူ ဒေါ်နွဲ့ရီက ဆိုသည်။

နိုင်ငံတော်အစိုးရ အနေနှင့် ဘိုးဘွားများကို ထောက်ပံမည့် အစီစဉ်ကို ကြိုဆိုပြီး ယင်းထောက်ပံ့မည့် အစီအစဉ်ကို အသက်ရှင်သည်အထိ ပေးစေလိုကြောင်း၊ အသင်းအနေနှင့် ဘိုးဘွား ၁၈၀ ဦးကျော်ကို ဆန်၊ ငွေကြေးနှင့် အသုံးဆောင်ပစ္စည်းများ၊ အိမ်အရောက် စောင့်ရှောက်မှုအပြင် ဂိလာနဘိုဘွားများကိုလည်း သီးခြား စောင့်ရှောက်ပေးနေသည်ဟု မန္တလေးမြို့ပေါ်တွင် နာရေးကူညီမှုလုပ်ငန်း အပြင် ဘိုးဘွားစောင့်ရှောက်ရေးကိုပါ တွဲဖက်လုပ်ကိုင်နေသည့် ချမ်းမြသုခ လူမှုကူညီရေးအသင်း အတွင်းရေးမှူး ဦးလှအောင်က ပြောကြားသည်။

မြန်မာနိုင်ငံ လူမှုကာကွယ်စောင့်ရှောက်ရေး အမျိုးသားအဆင့် မဟာဗျူဟာစီမံချက်ပါ ဘိုးဘွားများကို လစဉ် ငွေကြေးထောက်ပံ့ပေးရေး သုတေသန အချက်အလက် ကောက်ယူရေးကို ၂၀၁၄ ခုနှစ် ဒီဇင်ဘာလတွင် စတင်ခဲ့ပြီး မန္တလေးတိုင်းဒေသကြီးရှိ အသက်တစ်ရာအထက် ဘိုးဘွား ၈၈ ဦးကို နိုင်ငံတော်သမ္မတ၊ ဒုတိယသမ္မတများနှင့် ဝန်ကြီး၊ ဒုတိယဝန်ကြီးများ လစာစုဆောင်းငွေ ၂၅ ရာခိုင်နှုန်းမှ ထုတ်နှုတ်ကာ ဘိုးဘွားတစ်ဦးလျှင် ကျပ်နှစ်သိန်းစီ ပေးအပ်ရန် ရှိသည်ဟု တိုင်းဒေသကြီး လူမှုဝန်ထမ်း ဦးစီးဌာနထံမှ စုံစမ်းသိရှိရသည်။

မြန်မာနိုင်ငံ ပြည်လုံးကျွတ် သန်းခေါင်စာရင်းအရ လူဦးရေ ၅၁ သန်းကျော် ရှိသည့်အထဲတွင် အသက် ၆၀ နှင့်အထက် သက်ကြီးရွယ်အို ပါဝင်မှု ၁၀ ရာခိုင်နှုန်း နီးပါးခန့် ရှိပြီး ၂၀၁၅ ခုနှစ်တွင် မြန်မာနိုင်ငံ၏ သက်ကြီးအရေအတွက် စာရင်းသည် ၁၀ ရာခိုင်နှုန်းကျော်ထိ မြင့်တက်လာမည် ဖြစ်ကာ ၂၀၅၀ ပြည့်နှစ်တွင် မြန်မာနိုင်ငံ၌ လူလေးဦးတွင် သက်ကြီးရွယ်အို တစ်ဦးနှုန်း ပါဝင်လာမည်ဟု လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနနှင့် သက်ကြီးရွယ်အို စောင့်ရှောက်ရေး ကော်မတီဝင် ပညာရှင်အချို့က ခန့်မှန်းတွက်ချက်ထားသည်။

ယင်းအပြင် ၂၀၁၇ ခုနှစ်တွင်လည်း မြန်မာနိုင်ငံ၌ အလုပ်လုပ်နိုင်သော လူဦးရေထက် သက်ကြီးရွယ်အို အရေအတွက်က ပိုများလာမည်ဟု စီးပွားရေး ပူးပေါင်းဆောင်ရွက်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့ (OECD) ၏ အစီရင်ခံစာတစ်ရပ်က ထောက်ပြထားသည်။

The Voice Weekly
ခိုကိုးရာမဲ့ ဘိုးဘွားဦးရေ မြင့်တက်လျက်ရှိရာ တစ်နိုင်ငံလုံးရှိ ဘိုးဘွားများကို လစဉ်ငွေကြေး ထောက်ပံ့ရေး အစီအစဉ်ကို လာမည့် ၂၀၁၅-၂၀၁၆ ဘတ်ဂျက်နှစ်တွင် စတင်ရန် စစ်တမ်းများ ကောက်ယူနေကြောင်း မန္တလေးတိုင်းဒေသကြီး လူမှုဝန်ထမ်းဦးစီဌာန ညွှန်ကြားရေးမှူး ဦးကျော်ဝင်းက ပြောကြားသည်။

အဆိုပါ လစဉ်ထောက်ပံ့ရေး အစီအစဉ်သည် မြန်မာနိုင်ငံ လူမှုကာကွယ် စောင့်ရှောက်ရေးဆိုင်ရာ အမျိုသားအဆင့် မဟာဗျူဟာစီမံချက်များ လုပ်ငန်းစဉ်တွင် ပါဝင်သည့် လုပ်ငန်းတစ်ရပ် ဖြစ်သည့် သက်ကြီးရွယ်အိုများအတွက် လူမှုရေး ပင်စင်ပေးအပ်ခြင်း ဆိုသည် အချက်ကို အကောင်ထည်ဖော်သည့် အနေနှင့် မန္တလေးတိုင်းဒေသကြီး အပါအဝင် ဖွံ့ဖြိုးမှု အမြင့်ဆုံး၊ အနိမ့်ဆုံးနှင့် ဖွံ့ဖြိုးမှု အလယ်အလတ် ရှိသော တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် အကောင်အထည်ဖော်မည် ဖြစ်ကြောင်း ၎င်းက ထပ်လောင်းပြောကြားသည်။

အဆိုပါ တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ စာတိုက်ဦးစီးမှူး၊ လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသားမှတ်ပုံ တင်ရေး ဦးစီးဌာန မြို့နယ်ဦးစီးမှူး စီးပွားရေး၊ ဘဏ်မန်နေဂျာနှင့် လူမှုဝန်ထမ်းဦးစီးဌာန မြို့နယ်ဦးစီးမှူး တို့မှ တစ်ဆင့် လစဉ် ဘိုးဘွားများထံသို့ ငွေကြေးရောက်ရှိနိုင်သည့် နည်းလမ်းများဖြင့် ဘိုးဘွားဦးရေ စာရင်းများကို ကောက်ယူနေပြီး ရရှိသည့် အချက်အလက်များပေါ် မူတည်ပြီး ငွေကြေးထောက်ပံ့မှုကို လာမည့် ဘတ်ဂျက်နှစ်အတွင်း အမြန်ဆုံး ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ၎င်းက ထပ်လောင်းဆိုသည်။

“ထောက်ပံ့မှုက အသက် ၈၀ ပေးမလား၊ ၉၀ ပေးမလား ဆိုတာနဲ့ ငွေဘယ်လောက် ဆိုတာကိုတော့ ဌာနက ဆုံးဖြတ်မှာပါ။ မန္တလေးတိုင်းကတော့ သတင်းအချက်အလက် ကောက်ယူတာ ပြီးစီးသွားပြီ” ဟု ၎င်းကဆိုသည်။

အဆိုပါ ငွေကြေးထောက်ပံ့မည့် အစီအစဉ်တွင် လတ်တလော အနေအထားအရ အသက် ၆၅ နှစ်နှင့် အထက် ဘိုးဘွားများကို လစဉ် ကျပ်နှစ်သောင်းငါးထောင် ပေးရန် သတ်မှတ်ထားပြီး ၂၀၁၉ ခုနှစ် အရောက်တွင် ဘိုးဘွား သုံးသန်းကျော်အထိ ရောက်ရှိရန် အစီအစဉ်များ ရေးဆွဲထားကြောင်း လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန တာဝန်ရှိသူများက ပြောကြားသည်။

“ဘိုဘွားထောက်ပံ့မှုပေးရေး အစီအစဉ်ကို ကြားရတာ ဝမ်းသာပါတယ်။ ပင်စင်ရ ဘိုးဘွားတွေ ပါ မပါကို ကွဲကွဲ ပြားပြား သိချင်ပါတယ်” ဟု အသက် ၇၀ အရွယ် မဟာအောင်မြေ မြို့နယ်ရှိ အငြိမ်းစား အထက် တန်းပြ ဆရာမတစ်ဦး ဖြစ်သူ ဒေါ်နွဲ့ရီက ဆိုသည်။

နိုင်ငံတော်အစိုးရ အနေနှင့် ဘိုးဘွားများကို ထောက်ပံမည့် အစီစဉ်ကို ကြိုဆိုပြီး ယင်းထောက်ပံ့မည့် အစီအစဉ်ကို အသက်ရှင်သည်အထိ ပေးစေလိုကြောင်း၊ အသင်းအနေနှင့် ဘိုးဘွား ၁၈၀ ဦးကျော်ကို ဆန်၊ ငွေကြေးနှင့် အသုံးဆောင်ပစ္စည်းများ၊ အိမ်အရောက် စောင့်ရှောက်မှုအပြင် ဂိလာနဘိုဘွားများကိုလည်း သီးခြား စောင့်ရှောက်ပေးနေသည်ဟု မန္တလေးမြို့ပေါ်တွင် နာရေးကူညီမှုလုပ်ငန်း အပြင် ဘိုးဘွားစောင့်ရှောက်ရေးကိုပါ တွဲဖက်လုပ်ကိုင်နေသည့် ချမ်းမြသုခ လူမှုကူညီရေးအသင်း အတွင်းရေးမှူး ဦးလှအောင်က ပြောကြားသည်။

မြန်မာနိုင်ငံ လူမှုကာကွယ်စောင့်ရှောက်ရေး အမျိုးသားအဆင့် မဟာဗျူဟာစီမံချက်ပါ ဘိုးဘွားများကို လစဉ် ငွေကြေးထောက်ပံ့ပေးရေး သုတေသန အချက်အလက် ကောက်ယူရေးကို ၂၀၁၄ ခုနှစ် ဒီဇင်ဘာလတွင် စတင်ခဲ့ပြီး မန္တလေးတိုင်းဒေသကြီးရှိ အသက်တစ်ရာအထက် ဘိုးဘွား ၈၈ ဦးကို နိုင်ငံတော်သမ္မတ၊ ဒုတိယသမ္မတများနှင့် ဝန်ကြီး၊ ဒုတိယဝန်ကြီးများ လစာစုဆောင်းငွေ ၂၅ ရာခိုင်နှုန်းမှ ထုတ်နှုတ်ကာ ဘိုးဘွားတစ်ဦးလျှင် ကျပ်နှစ်သိန်းစီ ပေးအပ်ရန် ရှိသည်ဟု တိုင်းဒေသကြီး လူမှုဝန်ထမ်း ဦးစီးဌာနထံမှ စုံစမ်းသိရှိရသည်။

မြန်မာနိုင်ငံ ပြည်လုံးကျွတ် သန်းခေါင်စာရင်းအရ လူဦးရေ ၅၁ သန်းကျော် ရှိသည့်အထဲတွင် အသက် ၆၀ နှင့်အထက် သက်ကြီးရွယ်အို ပါဝင်မှု ၁၀ ရာခိုင်နှုန်း နီးပါးခန့် ရှိပြီး ၂၀၁၅ ခုနှစ်တွင် မြန်မာနိုင်ငံ၏ သက်ကြီး အရေအတွက် စာရင်းသည် ၁၀ ရာခိုင်နှုန်းကျော်ထိ မြင့်တက်လာမည် ဖြစ်ကာ ၂၀၅၀ ပြည့်နှစ် တွင် မြန်မာနိုင်ငံ၌ လူလေးဦးတွင် သက်ကြီးရွယ်အို တစ်ဦးနှုန်း ပါဝင်လာမည်ဟု လူမှုဝန်ထမ်း၊ ကယ်ဆယ် ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနနှင့် သက်ကြီးရွယ်အို စောင့်ရှောက်ရေး ကော်မတီဝင် ပညာရှင်အချို့က ခန့်မှန်းတွက်ချက်ထားသည်။

ယင်းအပြင် ၂၀၁၇ ခုနှစ်တွင်လည်း မြန်မာနိုင်ငံ၌ အလုပ်လုပ်နိုင်သော လူဦးရေထက် သက်ကြီးရွယ်အို အရေအတွက်က ပိုများလာမည်ဟု စီးပွားရေး ပူးပေါင်းဆောင်ရွက်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့ (OECD) ၏ အစီရင်ခံစာတစ်ရပ်က ထောက်ပြထားသည်။

The Voice Weekly 

No comments:

Post a Comment