Tuesday 20 January 2015

အတွင်းဝန်ရာထူးအတွက် ရွေးချယ်ခံရသော ညွှန်ကြားရေးမှူးချုပ်များအား သင်တန်းပေး

Photo: အတွင်းဝန်ရာထူးအတွက် ရွေးချယ်ခံရသော ညွှန်ကြားရေးမှူးချုပ်များအား သင်တန်းပေး
Tuesday, January 20, 2015

အတွင်းဝန်ရာထူးခန့်အပ်တာဝန်ပေးရန် ရွေးချယ်ထားသည့် ညွှန်ကြားရေး မှူးချုပ် (DG) များအား ဇန်နဝါရီ ၁၉ ရက်မှစတင်၍ သင်တန်းပေးနေကြောင်း သတင်းရရှိသည်။

အတွင်းဝန်ရာထူးအတွက် ဝန်ကြီးဌာနတစ်ခုစီမှ အရန်တစ်ဦးအပါအဝင် ညွှန်ချုပ်နှစ်ဦးစီ ရွေးချယ်ထားပြီး သီတင်းလေးပတ်ကြာသင်တန်း ပေးနေခြင်းဖြစ်ကြောင်း အဆင့်မြင့်အရာရှိတစ်ဦးကပြောသည်။

နိုင်ငံတော်သမ္မတဦးသိန်းစိန်က ဇန်န၀ါရီ ၁၉ ရက်ညနေပိုင်းကနေပြည်တော်၌ ပြုလုပ်ခဲ့သည့် အဆင့်မြင့်အရာရှိများ အထူးမွန်းမံသင်တန်းတွင် နိုင်ငံရေးတာဝန်ဖြင့် ပြည်ထောင်စုဝန်ကြီးတယ၀န်အလှည့်ကျတာဝန် ထမ်းဆောင်ကြသည့်ဝန်ကြီး၊ ဒုတိယ၀န်ကြီးများအလွှဲအပြောင်းကာလ လစ်လပ်ချိန်များတွင် ၀န်ကြီးဌာနတစ်ခုလုံးလက်အောက်ဌာနများ အပါအ၀င်ကိုယ်စားတာဝန်ခံမည့် အမြဲတမ်းအတွင်းဝန်တာဝန်ခံ ညွန်ကြားရေးမှူးချုပ်များ ဖွဲ့စည်းခန့်ထားမည်ဖြစ်ကြောင်း ထည့်သွင်းပြောကြားခဲ့သည်။

အတွင်းဝန်ရာထူးသည် ပြည်ထောင်စုဝန်ကြီးပြောင်းလဲသော်လည်းဝန်ကြီး ဌာန၏ ဝါဒ မပြောင်းလဲဘဲ ဆောင်ရွက်နိုင်စေရန် ခန့်အပ်ထားသည့် ရာထူးဖြစ်ပြီး ပါလီမန်အစိုးရလက်ထက်က ကျင့်သုံးခဲ့ဖူးသည်။

ဖဆပလပါလီမန်အစိုးရ ခေတ်တွင် ကိုယ်ရေးအရာရှိ အဖြစ်တာဝန်ယူဖူးသူ ဦးသုဝေက အတွင်းဝန်ရာထူးသည် တာဝန်ကြီးမားပြီး အရေးပါသည့်ရာထူးဖြစ် သည့် အတွက် အမှန်တကယ် အရည်အချင်းရှိရန်လိုအပ်ကြောင်း မှတ်ချက်ပြု သည်။ လက်ရှိအစိုးရအဖွဲ့တွင် ဝန်ကြီးဌာန ၃၆ ခုရှိပြီး ပြည်ထောင်စုဝန်ကြီး ၉၀ ကျော်ရှိကြောင်းသတင်းရရှိသည်။
 
7Day DAILY  

အတွင်းဝန်ရာထူးအတွက်ရွေးချယ်ခံရသော ညွှန်ကြားရေးမှူးချုပ်များအား သင်တန်းစတင်ပေးသည့်နေ့တွင် သမ္မတဦးသိန်းစိန်အမှာစကားပြောကြား နေစဉ်(ဓာတ်ပုံ - MOI)
အတွင်းဝန်ရာထူးအတွက်ရွေးချယ်ခံရသော ညွှန်ကြားရေးမှူးချုပ်များအား သင်တန်းစတင်ပေးသည့်နေ့တွင် သမ္မတဦးသိန်းစိန်အမှာစကားပြောကြား နေစဉ်(ဓာတ်ပုံ - MOI) 
အတွင်းဝန်ရာထူးခန့်အပ်တာဝန်ပေးရန် ရွေးချယ်ထားသည့် ညွှန်ကြားရေး မှူးချုပ် (DG) များအား ဇန်နဝါရီ ၁၉ ရက်မှစတင်၍ သင်တန်းပေးနေကြောင်း သတင်းရရှိသည်။

အတွင်းဝန်ရာထူးအတွက် ဝန်ကြီးဌာနတစ်ခုစီမှ အရန်တစ်ဦးအပါအဝင် ညွှန်ချုပ်နှစ်ဦးစီ ရွေးချယ်ထားပြီး သီတင်းလေးပတ်ကြာသင်တန်း ပေးနေခြင်းဖြစ်ကြောင်း အဆင့်မြင့်အရာရှိတစ်ဦးကပြောသည်။

နိုင်ငံတော်သမ္မတဦးသိန်းစိန်က ဇန်န၀ါရီ ၁၉ ရက်ညနေပိုင်းကနေပြည်တော်၌ ပြုလုပ်ခဲ့သည့် အဆင့်မြင့် အရာရှိများ အထူးမွန်းမံသင်တန်းတွင် နိုင်ငံရေးတာဝန်ဖြင့် ပြည်ထောင်စုဝန်ကြီးတယ၀န် အလှည့်ကျ တာဝန် ထမ်းဆောင်ကြသည့်ဝန်ကြီး၊ ဒုတိယ၀န်ကြီးများအလွှဲအပြောင်းကာလ လစ်လပ်ချိန်များတွင် ၀န်ကြီးဌာနတစ်ခုလုံး လက်အောက်ဌာနများ အပါအ၀င်ကိုယ်စားတာဝန်ခံမည့် အမြဲတမ်းအတွင်းဝန် တာဝန်ခံ ညွန်ကြားရေးမှူးချုပ်များ ဖွဲ့စည်းခန့်ထားမည်ဖြစ်ကြောင်း ထည့်သွင်းပြောကြားခဲ့သည်။

အတွင်းဝန်ရာထူးသည် ပြည်ထောင်စုဝန်ကြီးပြောင်းလဲသော်လည်းဝန်ကြီး ဌာန၏ ဝါဒ မပြောင်းလဲဘဲ ဆောင်ရွက်နိုင်စေရန် ခန့်အပ်ထားသည့် ရာထူးဖြစ်ပြီး ပါလီမန်အစိုးရလက်ထက်က ကျင့်သုံးခဲ့ဖူးသည်။

ဖဆပလပါလီမန်အစိုးရ ခေတ်တွင် ကိုယ်ရေးအရာရှိ အဖြစ်တာဝန်ယူဖူးသူ ဦးသုဝေက အတွင်းဝန် ရာထူး သည် တာဝန်ကြီးမားပြီး အရေးပါသည့်ရာထူးဖြစ်သည့်အတွက် အမှန်တကယ် အရည်အချင်းရှိရန် လိုအပ်ကြောင်း မှတ်ချက်ပြုသည်။ လက်ရှိအစိုးရအဖွဲ့တွင် ဝန်ကြီးဌာန ၃၆ ခုရှိပြီး ပြည်ထောင်စုဝန်ကြီး ၉၀ ကျော် ရှိကြောင်းသတင်းရရှိသည်။

7Day DAILY  

No comments:

Post a Comment