Tuesday 20 January 2015

ဝန်ကြီးများရုံးကို ပြတိုက်နှင့် ဟိုတယ်ဝန်ဆောင်မှုပေးရန် အနော်မာအနုပညာလုပ်ငန်းစု လုပ်ခွင့်ရ

Photo: ၀န်ကြီးများရုံးကို ပြတိုက်နှင့် ဟိုတယ်ဝန်ဆောင်မှုပေးရန် အနော်မာအနုပညာ လုပ်ငန်းစု လုပ်ခွင့်ရ
Tuesday, January 20, 2015

ရန်ကုန်မြို့တွင်းရှိ ရှေး ဟောင်းအဆောက်အအုံတစ်ခု ဖြစ်သော ၀န်ကြီးများရုံးကို ပြ တိုက်အပါအ၀င် ၀န်ဆောင်မှု လုပ်ငန်း လုပ်ဆောင်ရန် မြန်မာ နိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်က ဇန်န၀ါရီ ၁၆ ရက်တွင် ခွင့်ပြုပေး ခဲ့ကြောင်း သတင်းရရှိ သည်။

ဗိုလ်တထောင်မြို့နယ် မဟာဗန္ဓုလလမ်းတွင် တည်ရှိပြီး ၁၅ ဧကကျော် ကျယ်ဝန်းသော ၀န်ကြီးများရုံးအား ပြတိုက် အပါအ၀င် ဟိုတယ်ဝန်ဆောင်မှု လုပ်ငန်းလုပ်ပိုင်ခွင့်ကို အနော်မာ အနုပညာလုပ်ငန်းစုက နှစ်ရှည် ငှားရမ်းလုပ်ကိုင်ခွင့်ရခြင်းဖြစ်သည်။

နှစ်ပေါင်း ၅၀ နှင့် ၁၀ နှစ်စီ နှစ်ကြိမ်သက်တမ်းတိုးနိုင်သော နှစ် ၇၀ လုပ်ခွင့်ရသည့် BOT စနစ် ဖြင့် လုပ်ခွင့်ရခြင်းဖြစ်ကြောင်း သိရှိရသည်။

ထို့အပြင် ရန်ကုန်မြို့တွင်းရှိ ပြုပြင်တည်ဆောက်နိုင်သော အ စိုးရပိုင် ရှေးဟောင်းအဆောက် အအုံအားလုံးနီးပါးကို ဟိုတယ်အ ဖြစ် ပြုပြင်လုပ်ကိုင်ရန် ပြည်တွင်းပြည်ပ လုပ်ငန်းရှင်များအား လုပ်ကိုင်ခွင့်ပေးလိုက်ခြင်း ဖြစ်သည်။

ခွင့်ပြုပေးလိုက်သည့် အ ဆောက်အအုံအများစုမှာ ဟို တယ်အဖြစ် ပြောင်းလဲလုပ်ကိုင် ရန် သင့်လျော်သည့် အဆောက် အအုံများကိုသာ စစ်ဆေးခွင့်ပြု ခြင်းဟု အဆိုပါ ကော်မရှင်မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

အဆိုပါအဆောက်အအုံ များထဲတွင် မြန်မာ့မီးရထားရုံး ချုပ်၊ စုပေါင်းရုံး၊ ကုန်သွယ်ရေးရုံး ဟောင်း၊ ရဲမင်းကြီးရုံးနှင့် ယခုခွင့်ပြုလိုက်သည့် ၀န်ကြီးများရုံးတို့ ပါဝင်သည်။

သို့သော် ဟိုတယ်အဖြစ် လုပ်ကိုင်ခွင့်ပေးလိုက်သည့် အဆောက်အအုံများတွင် နေပြည်တော်သို့ ပြောင်းရွှေ့သွားပြီး အသုံးမပြုတော့သော အစိုးရရုံးဟောင်းအများစုပါဝင်ပြီး ဘာသာရေးအဆောက်အအုံများ မပါဝင်ကြောင်း၎င်းက ဆက်လက်ပြောသည်။

လုပ်ကိုင်ခွင့်ရသည့် ကုမ္ပဏီ များတွင် အက်ဖ်အမ်အိုင်၊ မက်စ် မြန်မာ၊ ဒိုင်းမွန်းစတားအစရှိသော ပြည်တွင်းထိပ်သီး ကုမ္ပဏီကြီး များပါဝင်ပြီး ကမ္ဘာကျော်ဟိုတယ် အုပ်စုအချို့ပါဝင်သည်။ အမှန်တကယ် ထိန်းသိမ်းပြီး တာဝန် ယူမှုရှိသည့် ကုမ္ပဏီများသာ ဦးစားပေးရွေးချယ်သည်ဟု ရွေး ချယ်ရေးမူများတွင် သတ်မှတ် ထားသည်။

‘‘တချို့လာတင်ပြတဲ့အထဲ မှာ ရင်းနှီးမြှုပ်နှံဖို့ မသင့်လျော်တဲ့ ပုံစံလေးတွေ ရှိတယ်။ ဒါတွေကို တော့ လမ်းကြောင်းပြန်တည့်ပေး ရတာပါ’’ ဟု မြန်မာနိုင်ငံ အင်ဂျင် နီယာအသင်း ဥက္ကဋ္ဌ ဦးဝင်းခိုင်က ဆိုသည်။

ရန်ကုန်မြို့လယ်ရှိ ရှေး ဟောင်းအဆောက်အအုံအားလုံး ကို ဟိုတယ်အဖြစ် လုပ်ကိုင်ခွင့် ပေး၍ မရဘဲ အချို့မှာ ကြံ့ခိုင်မှု အားနည်းသောကြောင့် အကြီး စားပြန်လည်ပြင်ဆင်မှုများ ပြု လုပ်ရန် လိုအပ်နေကြောင်း ရှေး ဟောင်းအဆောက်အအုံများ လေ့လာမှုပြုလုပ်နေသည့် မြန်မာနိုင်ငံ ဗိသုကာပညာရှင်များအသင်းကလည်း အကြံပြုထားသည်။

ဟိုတယ်အဖြစ် ပြောင်းလဲ လုပ်ကိုင်ခွင့်ပေးလိုက်သည့် အ ဆောက်အအုံအများစု၏ မူလ လက်ရာ မပျောက်ပျက်ရန် လွန် စွာ အရေးကြီးပြီး အကြီးစားပြင် ဆင်မှုများ ပြုလုပ်ပါက များစွာ သတိထားရမည့် အဆောက်အအုံ များပါဝင်ကြောင်း ရှေးဟောင်းအ ဆောက်အအုံများ လေ့လာစောင့် ကြည့်သူများက ဆိုသည်။

ရန်ကုန်မြို့တော် စည်ပင် သာယာရေးကော်မတီ၏ စာရင်း အရ ရန်ကုန်တွင် ရှေးဟောင်း အဆောက်အအုံ ၁၈၉လုံးရှိသည်။

ရန်ကုန်မြို့ရှိ ရှေ့နေချုပ်ရုံး ကိုလည်း Kempinski ဟိုတယ် အုပ်စုကို ပြန်လည်ပြုပြင်ဝန် ဆောင်မှုပေးခွင့်ပြုထားသည်။

7Day DAILY 

ယခင်ဝန်ကြီးများရုံး အဆောက်အအုံဟောင်း (ဓာတ်ပုံ - ဂျေမောင်မောင်(အမရပူရ))
ယခင်ဝန်ကြီးများရုံး အဆောက်အအုံဟောင်း (ဓာတ်ပုံ - ဂျေမောင်မောင်(အမရပူရ))
ရန်ကုန်မြို့တွင်းရှိ ရှေး ဟောင်းအဆောက်အအုံတစ်ခုဖြစ်သော ၀န်ကြီးများရုံးကို ပြတိုက်အပါအ၀င် ၀န်ဆောင်မှုလုပ်ငန်း လုပ်ဆောင်ရန် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်က ဇန်န၀ါရီ ၁၆ ရက်တွင် ခွင့်ပြုပေး ခဲ့ကြောင်း သတင်းရရှိ သည်။

ဗိုလ်တထောင်မြို့နယ် မဟာဗန္ဓုလလမ်းတွင် တည်ရှိပြီး ၁၅ ဧကကျော် ကျယ်ဝန်းသော ၀န်ကြီးများရုံးအား ပြတိုက် အပါအ၀င် ဟိုတယ်ဝန်ဆောင်မှု လုပ်ငန်းလုပ်ပိုင်ခွင့်ကို အနော်မာ အနုပညာလုပ်ငန်းစုက နှစ်ရှည် ငှားရမ်းလုပ်ကိုင်ခွင့်ရခြင်းဖြစ်သည်။

နှစ်ပေါင်း ၅၀ နှင့် ၁၀ နှစ်စီ နှစ်ကြိမ်သက်တမ်းတိုးနိုင်သော နှစ် ၇၀ လုပ်ခွင့်ရသည့် BOT စနစ် ဖြင့် လုပ်ခွင့်ရခြင်းဖြစ်ကြောင်း သိရှိရသည်။

ထို့အပြင် ရန်ကုန်မြို့တွင်းရှိ ပြုပြင်တည်ဆောက်နိုင်သော အစိုးရပိုင် ရှေးဟောင်းအဆောက် အအုံအားလုံး နီးပါးကို ဟိုတယ်အ ဖြစ် ပြုပြင်လုပ်ကိုင်ရန် ပြည်တွင်းပြည်ပ လုပ်ငန်းရှင်များအား လုပ်ကိုင်ခွင့်ပေး လိုက်ခြင်း ဖြစ်သည်။

ခွင့်ပြုပေးလိုက်သည့် အ ဆောက်အအုံအများစုမှာ ဟို တယ်အဖြစ် ပြောင်းလဲလုပ်ကိုင် ရန် သင့်လျော်သည့် အဆောက် အအုံများကိုသာ စစ်ဆေးခွင့်ပြု ခြင်းဟု အဆိုပါ ကော်မရှင်မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

အဆိုပါအဆောက်အအုံများထဲတွင် မြန်မာ့မီးရထားရုံးချုပ်၊ စုပေါင်းရုံး၊ ကုန်သွယ်ရေးရုံးဟောင်း၊ ရဲမင်းကြီး ရုံးနှင့် ယခုခွင့်ပြုလိုက်သည့် ၀န်ကြီးများရုံးတို့ ပါဝင်သည်။

သို့သော် ဟိုတယ်အဖြစ် လုပ်ကိုင်ခွင့်ပေးလိုက်သည့် အဆောက်အအုံများတွင် နေပြည်တော်သို့ ပြောင်းရွှေ့ သွားပြီး အသုံးမပြုတော့သော အစိုးရရုံးဟောင်းအများစုပါဝင်ပြီး ဘာသာရေးအဆောက်အအုံများ မပါဝင် ကြောင်း၎င်းက ဆက်လက်ပြောသည်။

လုပ်ကိုင်ခွင့်ရသည့် ကုမ္ပဏီ များတွင် အက်ဖ်အမ်အိုင်၊ မက်စ် မြန်မာ၊ ဒိုင်းမွန်းစတားအစရှိသော ပြည်တွင်း ထိပ်သီး ကုမ္ပဏီကြီး များပါဝင်ပြီး ကမ္ဘာကျော်ဟိုတယ် အုပ်စုအချို့ပါဝင်သည်။ အမှန်တကယ် ထိန်းသိမ်းပြီး တာဝန်ယူမှုရှိသည့် ကုမ္ပဏီများသာ ဦးစားပေးရွေးချယ်သည်ဟု ရွေးချယ်ရေးမူများတွင် သတ်မှတ်ထား သည်။

‘‘တချို့လာတင်ပြတဲ့အထဲ မှာ ရင်းနှီးမြှုပ်နှံဖို့ မသင့်လျော်တဲ့ ပုံစံလေးတွေ ရှိတယ်။ ဒါတွေကို တော့ လမ်း ကြောင်းပြန်တည့်ပေး ရတာပါ’’ ဟု မြန်မာနိုင်ငံ အင်ဂျင် နီယာအသင်း ဥက္ကဋ္ဌ ဦးဝင်းခိုင်က ဆိုသည်။

ရန်ကုန်မြို့လယ်ရှိ ရှေး ဟောင်းအဆောက်အအုံအားလုံးကို ဟိုတယ်အဖြစ် လုပ်ကိုင်ခွင့်ပေး၍မရဘဲ အချို့မှာ ကြံ့ခိုင်မှုအားနည်းသောကြောင့် အကြီး စားပြန်လည်ပြင်ဆင်မှုများ ပြု လုပ်ရန် လိုအပ်နေကြောင်း ရှေး ဟောင်းအဆောက်အအုံများ လေ့လာမှုပြုလုပ်နေသည့် မြန်မာနိုင်ငံ ဗိသုကာပညာရှင်များ အသင်းကလည်း အကြံပြုထားသည်။

ဟိုတယ်အဖြစ် ပြောင်းလဲ လုပ်ကိုင်ခွင့်ပေးလိုက်သည့် အဆောက်အအုံအများစု၏ မူလလက်ရာ မပျောက် ပျက်ရန်လွန်စွာအရေးကြီးပြီး အကြီးစားပြင် ဆင်မှုများပြုလုပ်ပါက များစွာသတိထားရမည့် အဆောက်အအုံ များပါဝင်ကြောင်း ရှေးဟောင်းအ ဆောက်အအုံများ လေ့လာစောင့် ကြည့်သူများက ဆိုသည်။

ရန်ကုန်မြို့တော် စည်ပင် သာယာရေးကော်မတီ၏ စာရင်း အရ ရန်ကုန်တွင် ရှေးဟောင်း အဆောက်အအုံ ၁၈၉လုံးရှိသည်။

ရန်ကုန်မြို့ရှိ ရှေ့နေချုပ်ရုံး ကိုလည်း Kempinski ဟိုတယ် အုပ်စုကို ပြန်လည်ပြုပြင်ဝန် ဆောင်မှုပေး ခွင့်ပြုထားသည်။

7Day DAILY 

No comments:

Post a Comment