Tuesday 20 January 2015

ငြိမ်ချမ်းရေးရပါက တပ်မတော်၏ အခန်းကဏ္ဍ နောက်ဆုတ်ပေးလိမ့်မည်ဟု သမ္မတပြောကြား

Photo: ညအချိန် မြူနှင်းများ အုံ့ဆိုင်းနေ၍ နေပြည်တော်-မန္တလေးအမြန်လမ်းတွင် ယာဉ်များ သတိထားသွားလာ
Tuesday, January 20, 2015

ရန်ကုန်-မန္တလေး အမြန် လမ်းမကြီးပေါ်ရှိ နေပြည်တော် -မန္တလေးလမ်းပိုင်းတွင် ယခုရက် ပိုင်းအတွင်းည အချိန်မြူနှင်းများ အုံ့ဆိုင်းနေသဖြင့် ယာဉ်မတော်တဆမှုမဖြစ်ပေါ်စေရန်သတိထားမောင်းနှင်နေရကြောင်း အမြန် လမ်း၌ မောင်းနှင်နေသော ယာဉ် မောင်းများက ပြောသည်။

‘‘ရာသီ အပြောင်းအလဲ ကြောင့် အမြန်လမ်းမကြီး နေပြည်တော်-မန္တလေးလမ်းပိုင်းမှာ မြူ နှင်းတွေ အုံ့ဆိုင်း မှုပိုများတယ်။ အဖြစ်များတာတော့ ည ၁၂ နာရီ နောက်ပိုင်းပေါ့။ လမ်းလယ်မျဉ်း ကို ကြည့်မောင်းနေရ တယ်။ မြူတွေကြောင့် လမ်းကြောကို ကောင်းကောင်းမမြင်ရဘူး’’ဟု ရန်ကုန်-မုံရွာ ရွှေစင်စင်္ကြာခရီးသည် တင်ယာဉ်မောင်း ကိုသက် ပိုင်က ပြောသည်။

ထိုသို့သတိထားမောင်းနှင် နေရသဖြင့် ပုံမှန်ထက် တစ်နာရီ ၀န်းကျင်နောက်ကျပြီးမှ ရောက်ရှိကြောင်း ၎င်း ကပြောသည်။

ရန်ကုန်-မန္တလေး အမြန် လမ်းမကြီးပေါ်တွင် ဇန်န၀ါရီ ၁၈ ရက် နံနက်၌ မြူနှင်းများ အုံ့ဆိုင်းနေခြင်းကြောင့် ခရီး သည်တင်ယာဉ်များ သတိကြီးစွာ မောင်းနှင်ခဲ့ရပြီး ကိုယ်ပိုင် ယာဉ် ငယ်အချို့ လမ်းဘေးတွင်ချကာ ရပ် နားခဲ့ရကြောင်းကို သက်ပိုင်က ဆိုသည်။

‘‘အမြန်လမ်းမှာ တောင် ကုန်း တောင်တန်းတွေကြောင့် မြူတွေဆိုင်းတာ မကြာခဏကြုံ ဖူးပါတယ်။ ဒါပေမဲ့ ဒီရက်ပိုင်း မြူတွေဆိုင်းတာက နေပြည်တော် ကနေ မန္တလေးအထိ လမ်းပိုင်းအ ရှည်ကြီးကို မြူတွေဆိုင်း တာ။မန္တလေးဘက်က မြူတွေဆိုင်းရုံ သာမကဘူး၊ မိုးစက်မိုးပေါက် လေးတွေပါတွေ့ရတယ်။မြူတွေ ကြောင့် လမ်းအကွေ့အကောက် တွေမှာ လမ်းပျောက်သွားတဲ့အ တွက် လမ်းအမှတ်အသားတွေ ကို ကြည့်မောင်း
နေရတယ်။ ရှေ့ မီးကြီးလည်း သုံးမရ၊ အောက်မီး လေးနဲ့ပဲ လမ်းကို ရှာမောင်းရ တော့ အချိန်ပိုကြာတတ်ပါ တယ်’’ ဟု မုံရွာ-ရန်ကုန်ခရီးသည်တင် ယာဉ်လိုင်းတာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

မျိုးမင်းဦး 
7Day DAILY
တိုင်းရင်းသားလက် နက်ကိုင်အဖွဲ့များနှင့် ငြိမ်းချမ်းရေးသဘောတူညီချက်များ ရရှိသည့်အခါတွင် တပ် မတော် အနေဖြင့် အရေးပါသည့် အခန်းကဏ္ဍမှ နောက်ဆုတ်ပေးလိမ့်မည်ဖြစ်ကြောင်း သမ္မတ ဦးသိန်းစိန် က စင်ကာပူ သတင်းစာ စထရိတ်တိုင်းမ်စ်နှင့် သီးသန့်အင်တာဗျူး တွင် ပြောကြားသည်။
တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့(၁၆)ဖွဲ့နှင့် စေ့စပ်ညှိနှိုင်းမှု များ ခက်ခဲနက်နဲ ရှုပ်ထွေးမှု ကြောင့် ခရီး ပေါက်မှု နှေးကွေးနေ သော်လည်း ဖေဖော်ဝါရီ ၁၂ ရက် တွင် တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး စာချုပ်ကို ရေးထိုးရန် မျှော်လင့်ဆဲဖြစ်ကြောင်း သမ္မတ ဦးသိန်းစိန်ကပြောသည်။

‘‘ပြည်တွင်း လက်နက်ကိုင် ပြဿနာကို ကျွန်တော်တို့ ဆက် ရင်ဆိုင်နေရင် တပ်မတော်က တိုင်းပြည်မှာ အရေးပါတဲ့နေရာ မှာ ဆက်ရှိနေမှာပဲ’’ဟု သမ္မတ ဦးသိန်းစိန်ကပြောသည်။

ထို့အတွက် အပစ်အခတ် ရပ်စဲရေး၊ ငြိမ်းချမ်းရေးနှင့် တည် ငြိမ်မှုရရှိရေး အစွမ်းကုန်ကြိုးစား နေကြသည်ဟု ၎င်းကဆိုသည်။ လက်ရှိအချိန်၌ လွှတ်တော်၏ ၂၅ ရာခိုင်နှုန်းကို တပ်မတော်က နေရာယူထားသည်။ အဓိကအာ ဏာပါဝါများ ကိုင်ထားသည့် ၀န် ကြီးသုံးဦးမှာလည်း တပ်မတော်မှ ဖြစ်သည်။

‘‘လက်နက်ကိုင်ပြဿနာကို ကျွန်တော်တို့ ထိထိရောက် ရောက် အဆုံးသတ်နိုင်ရင် ပြည် တွင်းစံနှုန်းတွေ၊ အလေ့အထတွေ နဲ့ ပြည်သူလူထုက ရင့်ကျက်လာ တဲ့ အခါကျရင် တပ်မတော်ရဲ့ အခန်းကဏ္ဍကို ဖြည်း ဖြည်း ချင်း လျှော့ချမှာပါပဲ’’ ဟု သမ္မတဦး သိန်းစိန်ကပြောသည်။

နေပြည်တော်ရှိ သမ္မတ အိမ်တော်တွင် နာရီနှင့်ချီကြာ ပြုလုပ်ခဲ့သည့် သီးသန့်အင်တာဗျူးအတွင်း သမ္မတ ဦးသိန်းစိန်က တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် အစိုးရဘက်မှ စေ့စပ်ညှိနှိုင်း သူများအကြား ပြုလုပ် နေ သည့် ငြိမ်းချမ်းရေးဆွေးနွေးပွဲများ အ ကြောင်းကို ထပ်တလဲလဲ ပြော ကြားခဲ့ကြောင်း သိရသည်။ ပြီးခဲ့ သည့် သုံးနှစ်တာအတွင်း ကြိုး စားလုပ်ဆောင်ခဲ့သည်များကို ပြန်ကြည့်သည့်အခါ အတော်အား တက်ရသည်ဟုဆိုသည်။

‘‘တိုင်းပြည်ရဲ့ နေရာတိုင်း အားလုံးနီးပါးက တိုက်ခိုက်မှုကို ကျွန်တော်တို့ ရပ်စဲထားနိုင်ပါပြီ။ ကချင်ပြည်နယ် က တချို့အကွက် တွေကလွဲရင်ပေါ့။ ဒါက မြေပြင် မှာ နည်းပညာပိုင်းဆိုင်ရာ အခက် အခဲတွေနဲ့ နားလည်မှု လွဲတာတွေ ကြောင့်ပါ။ အဲဒါကြောင့် မမျှော် လင့်ဘဲ တိုက်ပွဲတွေကြုံတွေ့ရ တယ်’’ဟု ၎င်းကပြောသည်။

ဆက်လက်၍ ‘‘အတိတ် တုန်းက ကျွန်တော်တို့ တစ် ယောက်နဲ့ တစ်ယောက်မြင် တောင် မမြင်ဖူးခဲ့ကြဘူး။ တစ် ယောက်နဲ့ တစ်ယောက်တိုက်ပဲ တိုက်နေခဲ့ကြတာ။ ဒီကနေ့မှာဆို ရင် ကျွန်တော်တို့ လက်ဆွဲနှုတ် ဆက်ပြီး စားပွဲမှာ ထိုင်ညှိနှိုင်းကြ ပြီ။ ပြီးတော့ အချက်အများအ ပြားကို ကျွန်တော်တို့ သဘောတူ ထားနိုင် ပါပြီ’’ဟု သမ္မတကပြော သည်။

ဖေဖော်ဝါရီ ၁၂ ရက်၌ အဖွဲ့ အချို့လက်မှတ်မထိုးလျှင် အစိုးရ အနေဖြင့် လက်မှတ်ထိုးလိုသည့် အဖွဲ့များ နှင့် ရေးထိုးသွားမည်ဖြစ် ပြီး နောက်မှ လက်မှတ်ထိုးလို သူများကိုလည်း တံခါးဖွင့်ထား မည်ဖြစ်ကြောင်း အစိုးရအဖွဲ့မှအဆင့်မြင့် အတွင်းလူများကဆို သည်။ ‘‘ဘယ်အဖွဲ့မှ နောက်မှ မကျန်ခဲ့စေချင်ပါဘူး’’ဟု သမ္မတ ဦးသိန်းစိန်ကပြောသည်။

ပြည်ထောင်စုနေ့ဖြစ်သော ဖေဖော်ဝါရီ ၁၂ ရက်တွင် တစ် နိုင်ငံလုံးအတိုင်းအတာ လက်မှတ်ရေးထိုးရန် သမ္မတဦးသိန်းစိန်က မျှော်လင့်ထားသော်လည်း တိုင်း ရင်းသားလက်နက်ကိုင်အဖွဲ့များ ကမူ ဧပြီလဆန်း ကျမှ လက်မှတ်ရေးထိုးခြင်းသာလျှင် ပို၍ ယထာ ဘူတကျလိမ့်မည်ဟု ဆိုကြ သည်။

Ref:Straits Times
7Day DAILY

No comments:

Post a Comment