Tuesday 20 January 2015

ဗိုလ်ချုပ်မွေးနေ့ကို မြန်မာနိုင်ငံ ကလေးများနေ့အဖြစ် သတ်မှတ်ထားသော်လည်း အစိုးရက ကျင်းပပေးခြင်း မရှိသောကြောင့် ပြည်သူအများစုမသိကြ

Photo: ဗိုလ်ချုပ်မွေးနေ့ကို မြန်မာနိုင်ငံ ကလေးများနေ့အဖြစ် သတ်မှတ်ထားသော်လည်း အစိုးရက ကျင်းပပေးခြင်း မရှိသောကြောင့် ပြည်သူအများစုမသိကြ
Tuesday, January 20, 2015 

ဗိုလ်ချုပ်မွေးနေ့ကို မြန်မာနိုင်ငံကလေးများနေ့အဖြစ် သတ်မှတ်ထားသော်လည်း ပြည် ထောင်စုအစိုးရက အခမ်းအနား များ ဦးဆောင်ကျင်းပလေ့မရှိ သောကြောင့် အများပြည်သူများ မသိရှိကြကြောင်း ဒေါ်အောင်ဆန်း စုကြည်ကပြောကြားသည်။
‘‘ဗိုလ်ချုပ်မွေးနေ့ကို ကလေး များနေ့အဖြစ် သတ်မှတ်တယ်ဆို တာက ကလေးတွေက ဖေဖေနဲ့ ပတ်သက်လို့ ကောင်းတဲ့ အရည် အချင်းတွေ အားကျအောင်၊ ဒီလို အရည်အချင်းတွေမွေးပြီးကြိုးစား ရအောင်ဆိုပြီး သတ်မှတ်ထားတာ ပါ’’ဟု ပျဉ်းမနားမြို့ ဇန်န၀ါရီ ၁၇ရက်တွင်ပြုလုပ်သော ဗိုလ်ချုပ်နှစ် (၁၀၀) ပြည့် လူထု ဟောပြောပွဲ၌ ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့သည်။

ကလေးငယ်များကို မှန်မှန် ကန်ကန် ပြုစုပျိုးထောင်နိုင်မှ နောင်တစ်ချိန် တိုင်းပြည်အတွက် ထိထိရောက်ရောက် တာဝန်ယူ နိုင်သော နိုင်ငံသူ၊ နိုင်ငံသားများ ပေါက်ဖွားလာမည်ဟု ၎င်းက ဆို သည်။
မြန်မာနိုင်ငံတွင် ပြည်ထောင် စုအစိုးရ ခေတ်အဆက်ဆက် မြန် မာနိုင်ငံ ကလေးများနေ့အခမ်းအ နားများကို အသိအမှတ်ပြုကျင်းပ ခြင်းမရှိခဲ့ပေ။ ထိုသို့ သတ်မှတ် ထားခြင်းရှိ၊မရှိကို နိုင်ငံတော် သမ္မတရုံးမှ အကြီးတန်း အရာရှိ တစ်ဦးနှင့် လူမှုဝန်ထမ်းကယ် ဆယ်ရေးနှင့် ပြန်လည်နေရာချ ထားရေးဝန်ကြီးဌာနမှ အရာရှိ တစ်ဦးထံ ဆက်သွယ်မေးမြန်းခဲ့ သော်လည်း မသိရှိကြောင်း ပြန် လည်ဖြေကြားခဲ့သည်။

ဗိုလ်ချုပ်နှစ် (၁၀၀) ပြည့် မွေးနေ့အထိမ်းအမှတ်အဖြစ် ပြည်သူများက မိမိတို့မျိုးဆက်များကို တိုင်းပြည်အနာဂတ်အတွက် မှန် မှန်ကန်ကန် ပြုစုပျိုးထောင်ပေး သော နည်းတစ်ခုတည်းဖြင့် လက် ဆောင်ပေးရန် ဒေါ်အောင်ဆန်းစု ကြည်က ယင်းအခမ်းအနားတွင် တောင်းဆိုလိုက်သည်။ ထိုသို့မွေး နေ့လက်ဆောင် တောင်းဆိုခြင်း သည် ဗိုလ်ချုပ်အောင်ဆန်း အ တွက်မဟုတ်ဘဲ ပြည်သူအားလုံး အတွက်ဖြစ်သည်ဟု ၎င်းကထပ် လောင်းပြောကြားသည်။

7Day DAILY 

ဗိုလ်ချုပ်ရာပြည့် အထိမ်းအမှတ် စာပေဟောပြောပွဲတစ်ခုအတွက် အာကာကျော် က ဗိုလ်ချုပ်ဂရပ်ဖစ်တီရေးဆွဲနေစဉ် (ဓာတ်ပုံ − ဇွဲဥာဏ်)
ဗိုလ်ချုပ်ရာပြည့် အထိမ်းအမှတ် စာပေဟောပြောပွဲတစ်ခုအတွက် အာကာကျော် က ဗိုလ်ချုပ်ဂရပ်ဖစ်တီ ရေးဆွဲနေစဉ် (ဓာတ်ပုံ − ဇွဲဥာဏ်)
ဗိုလ်ချုပ်မွေးနေ့ကို မြန်မာနိုင်ငံကလေးများနေ့အဖြစ် သတ်မှတ်ထားသော်လည်း ပြည် ထောင်စုအစိုးရက အခမ်းအနားများ ဦးဆောင်ကျင်းပလေ့မရှိ သောကြောင့် အများပြည်သူများ မသိရှိကြကြောင်း ဒေါ်အောင် ဆန်း စုကြည်ကပြောကြားသည်။
‘‘ဗိုလ်ချုပ်မွေးနေ့ကို ကလေး များနေ့အဖြစ် သတ်မှတ်တယ်ဆို တာက ကလေးတွေက ဖေဖေနဲ့ ပတ်သက် လို့ ကောင်းတဲ့ အရည် အချင်းတွေ အားကျအောင်၊ ဒီလို အရည်အချင်းတွေမွေးပြီးကြိုးစား ရအောင်ဆိုပြီး သတ်မှတ်ထားတာ ပါ’’ဟု ပျဉ်းမနားမြို့ ဇန်န၀ါရီ ၁၇ရက်တွင်ပြုလုပ်သော ဗိုလ်ချုပ်နှစ် (၁၀၀) ပြည့် လူထု ဟောပြောပွဲ၌ ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့သည်။

ကလေးငယ်များကို မှန်မှန် ကန်ကန် ပြုစုပျိုးထောင်နိုင်မှ နောင်တစ်ချိန် တိုင်းပြည်အတွက် ထိထိ ရောက်ရောက် တာဝန်ယူ နိုင်သော နိုင်ငံသူ၊ နိုင်ငံသားများ ပေါက်ဖွားလာမည်ဟု ၎င်းက ဆို သည်။

မြန်မာနိုင်ငံတွင် ပြည်ထောင် စုအစိုးရ ခေတ်အဆက်ဆက် မြန်မာနိုင်ငံ ကလေးများနေ့အခမ်းအ နားများကို အသိအမှတ်ပြုကျင်းပ ခြင်းမရှိခဲ့ပေ။ ထိုသို့ သတ်မှတ် ထားခြင်းရှိ၊မရှိကို နိုင်ငံတော် သမ္မတရုံးမှ အကြီးတန်း အရာရှိ တစ်ဦးနှင့် လူမှုဝန်ထမ်းကယ် ဆယ်ရေးနှင့် ပြန်လည်နေရာချ ထားရေးဝန်ကြီးဌာနမှ အရာရှိ တစ်ဦးထံ ဆက်သွယ်မေးမြန်းခဲ့ သော်လည်း မသိရှိကြောင်း ပြန် လည်ဖြေကြားခဲ့သည်။

ဗိုလ်ချုပ်နှစ် (၁၀၀) ပြည့် မွေးနေ့အထိမ်းအမှတ်အဖြစ် ပြည်သူများက မိမိတို့မျိုးဆက်များကို တိုင်းပြည် အနာဂတ် အတွက် မှန် မှန်ကန်ကန် ပြုစုပျိုးထောင်ပေး သော နည်းတစ်ခုတည်းဖြင့် လက် ဆောင်ပေးရန် ဒေါ်အောင်ဆန်းစု ကြည်က ယင်းအခမ်းအနားတွင် တောင်းဆိုလိုက်သည်။ ထိုသို့မွေး နေ့လက်ဆောင် တောင်းဆိုခြင်းသည် ဗိုလ်ချုပ်အောင်ဆန်း အတွက်မဟုတ်ဘဲ ပြည်သူအားလုံး အတွက်ဖြစ်သည်ဟု ၎င်းကထပ် လောင်းပြောကြားသည်။

7Day DAILY 

No comments:

Post a Comment