Wednesday 7 January 2015

ဂျာမနီမြို့ကြီးများ၌ အစ္စလာမ်ဆန့်ကျင်ရေး ဆန္ဒပြပွဲများပြုလုပ်

Photo: ဂျာမနီမြို့ကြီးများ၌ အစ္စလာမ်ဆန့်ကျင်ရေး ဆန္ဒပြပွဲများပြုလုပ်
Wednesday, January 7, 2015

အစ္စလာမ် ဆန့်ကျင်ရေး ဆန္ဒပြမှုများမှာ လူမျိုးရေးခွဲခြားသည့် ပုံစံဖြစ်ခြင်းကြောင့် လက်မခံရန် ဂျာမနီ ဝန်ကြီးချုပ် အန်ချလာမာကယ်က မေတ္တာရပ်ခံ ထားသော်လည်း အစ္စလာမ် ဆန့်ကျင်ရေး ဆန္ဒပြပွဲများကို ဂျာမနီမြို့ အများအပြားတွင် ပြုလုပ်နေကြောင်း Reuters သတင်းတွင် ဖော်ပြထားသည်။

အနောက်တိုင်းကို အစ္စလာမ် ဇာတ်သွင်းမှု ဆန့်ကျင်ရေး မျိုးချစ်ဥရောပသားများ အဖွဲ့ (PEGIDA) က ဆန္ဒပြပွဲများကို ဦးဆောင် ပြုလုပ်ခဲ့ခြင်း ဖြစ်ပြီး ယင်းအဖွဲ့သည် ဂျာမနီအရှေ့ပိုင်း ဒရတ်ဒန်မြို့တွင် အစ္စလာမ် ဆန့်ကျင်ရေး ဆန္ဒပြပွဲများကို အပတ်စဉ် ကျင်းပလျက် ရှိသည်။
ဒရတ်ဒန်မြို့၌ ပြုလုပ်သော PEGIDA ဆန္ဒပြပွဲတွင် လူပေါင်း ၁၈,၀၀၀ ထိ စံချိန်တွင် ပါဝင်ခဲ့သော်လည်း ဘာလင်မြို့တော်နှင့် ကိုလုံးမြို့တို့ရှိ အစ္စလာမ် ဆန့်ကျင်ရေး ဆန္ဒပြပွဲများမှာမူ တန်ပြန် ဆန္ဒပြပွဲများနှင့် ကြုံတွေ့ခဲ့ရပြီး ၎င်းတို့က PEGIDA မျိုးချစ်များကို လူမျိုးရေး ခွဲခြားသူများ၊ သည်းခံစိတ် မရှိသူများဟု ဝေဖန်ထားသည်။

သို့သော်လည်း PEGIDA ဆန္ဒပြသမားများက၊ ဘာသာရေး အစွန်းရောက်မှုနဲ့ အစွန်းရောက် ဝါဒမှန်သမျှ ဆန့်ကျင်” ဟု ရေးသားထားသည့် စာတန်းများကို ကိုင်ဆောင် ချီတက်ခဲ့ကြသည်။
အတိတ်ကာလ နာဇီဝါဒီ အမှားများကြောင့် ဂျာမနီနိုင်ငံသည် ကမ္ဘာ့လစ်ဘရယ် အကျဆုံး ခိုလှုံနေထိုင်ခွင့် စည်းမျဉ်းများ ကျင့်သုံးလျက်ရှိပြီး ၂၀၁၄ ခုနစ် ခိုလှုံခွင့် တောင်းခံသူ ၂၀၀,၀၀၀ ထိ ရှိပြီး ၂၀၁၂ ခုနစ်ကထက် ၄ ဆနီးပါး ပိုမိုလာခြင်း ဖြစ်သည်။

အစ္စလာမ် ဆန့်ကျင်ရေး ဆန္ဒပြသမားများ၏ နှလုံးသားထဲတွင် အမှန်းတရားများနှင့် ပြည့်နှက်နေခြင်းကြောင့် ၎င်းတို့ကို ဂရုမထားရန် ဂျာမနီ ဝန်ကြီးချုပ်မာကယ်က နှစ်သစ်ကူး မိန့်ခွန်း ပြောကြားရာတွင် ထည့်သွင်း ပြောကြားခဲ့သော်လည်း ဆန္ဒပြမှုများမှာ ဆက်လက် ပေါ်ပေါက်လျက်ရှိသည်။
မွတ်ဆလင်လူဦးရေ အများအပြားရှိသော ကိုလုံးမြို့တွင် အစ္စလာမ် ဆန့်ကျင်ရေးကို တန်ပြန်သည့် ဆန္ဒပြပွဲတစ်ရပ် ပြုလုပ်ခဲ့ပြီး PEGIDA ဆန္ဒပြပွဲထက် လူအင်အား ၁၀ ဆ ကျော်ပိုမို များပြားခဲ့သည်။
ထို့အပြင် လူမျိုးစုံနေထိုင်ရာ ဘာလင်မြို့တော်တွင်လည်း မွတ်ဆလင် ဆန့်ကျင်ရေး ဆန္ဒပြသမား ၄၀၀ ခန့်မှာ တန်ပြန် ဆန္ဒပြသမား ၅၀၀၀ ကျော်နှင့် ကြုံတွေ့ခဲ့ရသည်။

“ဂျာမနီက ဒုက္ခသည်တွေကို ကြိုဆိုလက်ခံတဲ့ နိုင်ငံပါ။ အသံတိတ်နေတဲ့ လူအများစု ဆက်ပြီး အသံတိတ်မနေသင့်ပါဘူး။ လမ်းပေါ်ထွက်ပြီး ကိုယ့်ကိုယ်ကိုယ် ထုတ်ဖော်ပြသရပါမယ်” ဟု ဂျာမနီ တရားရေးဝန်ကြီး မိုက်ကိုမတ်က ဘာလင်မြို့ရှိ တန်ပြန်ဆန္ဒပြပွဲတွင် ပြောကြားလိုက်သည်။
အစ္စလာမ် ဆန့်ကျင်ရေး ဆန္ဒပြသမားများကို ဆန့်ကျင်သည့်အနေနှင့် ဂျာမနီနိုင်ငံ၏ အထိမ်းအမှတ် ကိုလုံးဘုရားကျောင်းက မီးပိတ်ဆန္ဒပြခဲ့သလို ဘာလင်မြို့တော်ရှိ ဘရင်ဒါဘတ် ဂိတ်ကလည်း မီးပိတ် ဆန္ဒပြခဲ့သည်။
အစ္စလာမ် ဆန့်ကျင်ရေး လှုပ်ရှားမှု လုပ်ဆောင်သည့် PEGIDA အဖွဲ့သည် ဂျာမနီနိုင်ငံရေး လောကတွင် တည်ငြိမ်ခိုင်မာသည့် နိုင်ငံရေးရာ အခြေခံအုတ်မြစ် မရှိသည့် အဖွဲ့ဖြစ်သည်။

The Voice Weekly
အစ္စလာမ် ဆန့်ကျင်ရေး ဆန္ဒပြမှုများမှာ လူမျိုးရေးခွဲခြားသည့် ပုံစံဖြစ်ခြင်းကြောင့် လက်မခံရန် ဂျာမနီ ဝန်ကြီးချုပ် အန်ချလာမာကယ်က မေတ္တာရပ်ခံ ထားသော်လည်း အစ္စလာမ် ဆန့်ကျင်ရေး ဆန္ဒပြပွဲများကို ဂျာမနီမြို့ အများအပြားတွင် ပြုလုပ်နေကြောင်း Reuters သတင်းတွင် ဖော်ပြထားသည်။

အနောက်တိုင်းကို အစ္စလာမ် ဇာတ်သွင်းမှု ဆန့်ကျင်ရေး မျိုးချစ်ဥရောပသားများ အဖွဲ့ (PEGIDA) က ဆန္ဒပြပွဲများကို ဦးဆောင် ပြုလုပ်ခဲ့ခြင်း ဖြစ်ပြီး ယင်းအဖွဲ့သည် ဂျာမနီအရှေ့ပိုင်း ဒရတ်ဒန်မြို့တွင် အစ္စလာမ် ဆန့်ကျင်ရေး ဆန္ဒပြပွဲများကို အပတ်စဉ် ကျင်းပလျက် ရှိသည်။ 

ဒရတ်ဒန်မြို့၌ ပြုလုပ်သော PEGIDA ဆန္ဒပြပွဲတွင် လူပေါင်း ၁၈,၀၀၀ ထိ စံချိန်တွင် ပါဝင်ခဲ့သော်လည်း ဘာလင်မြို့တော်နှင့် ကိုလုံးမြို့တို့ရှိ အစ္စလာမ် ဆန့်ကျင်ရေး ဆန္ဒပြပွဲများမှာမူ တန်ပြန် ဆန္ဒပြပွဲများနှင့် ကြုံတွေ့ခဲ့ရပြီး ၎င်းတို့က PEGIDA မျိုးချစ်များကို လူမျိုးရေး ခွဲခြားသူများ၊ သည်းခံစိတ် မရှိသူများဟု ဝေဖန်ထားသည်။

သို့သော်လည်း PEGIDA ဆန္ဒပြသမားများက၊ ဘာသာရေး အစွန်းရောက်မှုနဲ့ အစွန်းရောက် ဝါဒမှန်သမျှ ဆန့်ကျင်” ဟု ရေးသားထားသည့် စာတန်းများကို ကိုင်ဆောင် ချီတက်ခဲ့ကြသည်။ 

အတိတ်ကာလ နာဇီဝါဒီ အမှားများကြောင့် ဂျာမနီနိုင်ငံသည် ကမ္ဘာ့လစ်ဘရယ် အကျဆုံး ခိုလှုံနေထိုင်ခွင့် စည်းမျဉ်းများ ကျင့်သုံးလျက်ရှိပြီး ၂၀၁၄ ခုနစ် ခိုလှုံခွင့် တောင်းခံသူ ၂၀၀,၀၀၀ ထိ ရှိပြီး ၂၀၁၂ ခုနစ်ကထက် ၄ ဆနီးပါး ပိုမိုလာခြင်း ဖြစ်သည်။

အစ္စလာမ် ဆန့်ကျင်ရေး ဆန္ဒပြသမားများ၏ နှလုံးသားထဲတွင် အမှန်းတရားများနှင့် ပြည့်နှက်နေခြင်း ကြောင့် ၎င်းတို့ကို ဂရုမထားရန် ဂျာမနီ ဝန်ကြီးချုပ်မာကယ်က နှစ်သစ်ကူး မိန့်ခွန်း ပြောကြားရာတွင် ထည့်သွင်း ပြောကြားခဲ့သော်လည်း ဆန္ဒပြမှုများမှာ ဆက်လက် ပေါ်ပေါက်လျက်ရှိသည်။ 

မွတ်ဆလင်လူဦးရေ အများအပြားရှိသော ကိုလုံးမြို့တွင် အစ္စလာမ် ဆန့်ကျင်ရေးကို တန်ပြန်သည့် ဆန္ဒပြပွဲတစ်ရပ် ပြုလုပ်ခဲ့ပြီး PEGIDA ဆန္ဒပြပွဲထက် လူအင်အား ၁၀ ဆ ကျော်ပိုမို များပြားခဲ့သည်။ 

ထို့အပြင် လူမျိုးစုံနေထိုင်ရာ ဘာလင်မြို့တော်တွင်လည်း မွတ်ဆလင် ဆန့်ကျင်ရေး ဆန္ဒပြသမား ၄၀၀ ခန့်မှာ တန်ပြန် ဆန္ဒပြသမား ၅၀၀၀ ကျော်နှင့် ကြုံတွေ့ခဲ့ရသည်။

“ဂျာမနီက ဒုက္ခသည်တွေကို ကြိုဆိုလက်ခံတဲ့ နိုင်ငံပါ။ အသံတိတ်နေတဲ့ လူအများစု ဆက်ပြီး အသံတိတ် မနေသင့်ပါဘူး။ လမ်းပေါ်ထွက်ပြီး ကိုယ့်ကိုယ်ကိုယ် ထုတ်ဖော်ပြသရပါမယ်” ဟု ဂျာမနီ တရားရေးဝန်ကြီး မိုက်ကိုမတ်က ဘာလင်မြို့ရှိ တန်ပြန်ဆန္ဒပြပွဲတွင် ပြောကြားလိုက်သည်။ 

အစ္စလာမ် ဆန့်ကျင်ရေး ဆန္ဒပြသမားများကို ဆန့်ကျင်သည့်အနေနှင့် ဂျာမနီနိုင်ငံ၏ အထိမ်းအမှတ် ကိုလုံး ဘုရားကျောင်းက မီးပိတ်ဆန္ဒပြခဲ့သလို ဘာလင်မြို့တော်ရှိ ဘရင်ဒါဘတ် ဂိတ်ကလည်း မီးပိတ် ဆန္ဒပြခဲ့သည်။ 

အစ္စလာမ် ဆန့်ကျင်ရေး လှုပ်ရှားမှု လုပ်ဆောင်သည့် PEGIDA အဖွဲ့သည် ဂျာမနီနိုင်ငံရေး လောကတွင် တည်ငြိမ်ခိုင်မာသည့် နိုင်ငံရေးရာ အခြေခံအုတ်မြစ် မရှိသည့် အဖွဲ့ဖြစ်သည်။

The Voice Weekly

No comments:

Post a Comment