Wednesday 7 January 2015

လာမည့်ရွေးကောက်ပွဲတွင် AMDP ပါတီ မွန်ပြည်နယ်တစ်ခုလုံးဝင်ပြိုင်မည်

မော်လမြိုင်၊ ဇန်နဝါရီ ၆-မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီ (AMDP) အနေဖြင့် လာမည့် ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲတွင် မွန်ပြည်နယ်ဒေသ တစ်ခုလုံးသာမက ကရင်ပြည်နယ်နှင့် တနင်္သာရီတိုင်း ဒေသကြီး အတွင်းရှိ မဲဆန္ဒနယ်များတွင် လည်းဝင်ရောက် ယှဉ်ပြိုင်သွားမည်ဟု ယင်းပါတီက ပြောသည်။

မွန်ပြည်နယ် ၁၀ မြို့နယ်စလုံး၌ ဝင်ပြိုင်သွားရန်အတွက် ပါတီအလုပ်အမှုဆောင်ကော်မတီ အစည်းအဝေး တွင် ဆွေးနွေးဆုံးဖြတ်ချက်ချထားခဲ့ပြီးဖြစ်ကြောင်း AMDP အတွင်းရေးမှူးဒေါက်တာမင်းနွယ်စိုးက ပြော သည်။

''တိတိကျကျတော့ မပြောနိုင်သေးဘူး။ သေချာတာကတော့ မွန်ပြည်နယ်မှာ အားလုံးဝင်ပြိုင်မယ်၊ တနင်္သာ ရီတိုင်းဒေသကြီးမှာ ရေဖြူ မြောက်ဘက်ရယ်၊ ကော့သောင်း၊ ဘုတ်ပြင်း၊ ပုလောရယ်၊ ကရင်မှာတော့ ဘားအံတောင်ဘက်ကော့ ကရိတ် ကြာအင်ဆိပ်ကြီးရယ်ဝင် ပြိုင်မယ်''ဟု ၎င်းက ဆိုသည်။

ထို့အပြင် အခြေအနေပေးပါ က တိုင်းရင်းသားရေးရာဝန်ကြီး နေရာများတွင်လည်း ဝင်ရောက်အရွေးခံ သွားရန် AMDP ဆုံးဖြတ်ထားပြီး လာမည့် ၂၀၁၅ ခုနှစ်ရွေးကောက် ပွဲအပြီး ဖြစ်လာမည့် လွှတ်တော်သည် ပိုမိုခက်ခဲ နက်နဲလာမည်ဟု ကြိုတင်မှန်းဆပြီး အရည်အချင်းပြည့်မီသည့် လွှတ်တော်ကိုယ်စားလှယ် လောင်းများရွေးသွားရန်လည်း ပြင်ဆင်ထားကြောင်း ပြောသည်။

မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေ စီပါတီသည် ၂၀၁၀ ရွေးကောက်ပွဲတွင် မွန်ပြည်နယ်နှင့် ကရင်ပြည်နယ် အတွင်း ရှိ မဲဆန္ဒနယ် ၃၄ နေရာဝင်ရောက် ယှဉ်ပြိုင်ခဲ့ပြီး ၁၆ နေ ရာအရွေးချယ်ခံခဲ့ရသည်။

အဆိုပါ ၁၆ နေရာတို့တွင် ပြည်သူ့လွှတ်တော် သုံးနေရာ၊ အမျိုးသား လွှတ်တော် လေးနေရာနှင့် ပြည်နယ် လွှတ်တော် ကိုးနေရာတို့ဖြစ် ကြောင်း သိရသည်။

Dawei Wacth
‎Democracytoday‬

No comments:

Post a Comment