Wednesday 7 January 2015

ကျောင်းသူ၊ ကျောင်းသားများကို တက်တူးမထိုးရန် ပညာရေးဝန်ကြီးဌာနက တားမြစ်သွားမည်ဟု ဆို

Photo: ကျောင်းသူ၊ ကျောင်းသားများကို တက်တူးမထိုးရန် ပညာရေးဝန်ကြီးဌာနက တားမြစ်သွားမည်ဟု ဆို
Wednesday, January 7, 2015

အခြေခံပညာ ကျောင်းသူ၊ ကျောင်းသားများတွင် တက်တူးထိုးခြင်းနှင့် လူမိုက်ဂိုဏ်းအသွင်ဆောင် လုပ်ဆောင်လာမှု များကြောင့် ထိန်းသိမ်းမှုများ ပြုလုပ်သွားမည် ဖြစ်ကြောင်း ပညာရေးဝန်ကြီးဌာနက တာဝန်ရှိ သူတစ်ဦးက ပြောသည်။ 

ထိုသို့ ထိန်းသိမ်းမှုများကို မိဘဆရာအသင်းများဖွဲ့စည်းပြီး လုပ်ဆောင် မည်ဖြစ်ပြီး အထက်ပါကိစ္စရပ်များ ဟန့်တားနိုင်ရေးအတွက် ကြိုတင်ပြင်ဆင်သောအားဖြင့် မိဘ၊ ဆရာများက ပူးပေါင်းကာ ကျောင်းပတ်ဝန်းကျင်တွင် ဖွင့်လှစ်ထားသော တက်တူးဆိုင်များ ကို ကျောင်းနှင့် ဝေးသည့်နေရာများတွင် ပြောင်းရွှေ့ဖွင့်လှစ် ရန်နှင့် အသက် ၁၈ မပြည့်သေးသူများ တက်တူးထိုးခြင်းကို တားမြစ်ရန် သက်ဆိုင် ရာဝန်ကြီးဌာနများနှင့် ပူးပေါင်းကာ လိုက်လံအသိပေးမှုများ လုပ်ဆောင်သွားမည်ဟု ၎င်းကပြောသည်။

“ကျောင်းအုပ်၊ ဆရာ၊ ဆရာမတွေက စည်းကမ်းထိန်းသိမ်း ကြပ်မတ်နေတာ အပြင် မိဘတွေကို နားလည်အောင် ပြောပြ ရှင်းပြပြီး သူတို့ပါ ပါဝင်တဲ့ မိဘဆရာအသင်းတွေကို ပိုမိုကျယ်ပြန့်အောင် ဖွဲ့စည်းပြီးဆောင် ရွက်သွားမှာ ဖြစ်ပါတယ်” ဟု ပညာရေးဝန်ကြီးဌာနက တာဝန်ရှိသူက ပြောသည်။

မိဘဆရာအသင်းများ ပိုမိုကျစ်လျစ်စွာ ဖွဲ့စည်းနိုင်ရန် တစ်လတစ်ခါ အစည်းအဝေး သဏ္ဌာန် တွေ့ဆုံညှိနှိုင်းခြင်း၊ လိုအပ်သည့် နေရာများတွင် လိုက်လံ ပညာပေး ဟောပြောပေးခြင်း၊ ဝန်ကြီးဌာန လမ်းညွှန်ချက်နှင့် အညီ လိုအပ်သော စည်းကမ်းချက်များကို အသိပေးခြင်းတို့ လုပ်ဆောင်သွားမည် ဖြစ်သည်။

မိဘဆရာများတွေ့ဆုံပြီး ကျောင်းသား၊ ကျောင်းသူများအကြား ဖြစ်ပေါ်နေသော ကိစ္စရပ်များကို ဖြေရှင်းခြင်းအပြင် လိုအပ်လျှင် သက်ဆိုင်ရာဝန်ကြီးဌာနသို့ တင်ပြကာ အကူအညီနှင့် စည်းကမ်းချက်များကို ထုတ်ပြန် ဆောင်ရွက်မည်။

Mizzima - News in Burmese

လူငယ်များအကြား ဆေးမင်ကြောင်ထိုးခြင်းကို အခြေခံပညာ ကျောင်းသူ၊ ကျောင်းသားများက လိုက်လံထိုးနှံလျက်ရှိရာ ပညာရေးဝန်ကြီးဌာနက တားမြစ်မည်ဟု ဆိုသည်။ (ဓာတ်ပုံ - ဟိန်းထက်၊ မဇ္ဈိမ)
လူငယ်များအကြား ဆေးမင်ကြောင်ထိုးခြင်းကို အခြေခံပညာကျောင်းသူ၊ ကျောင်းသားများက လိုက်လံ ထိုးနှံ လျက် ရှိရာ ပညာရေးဝန်ကြီးဌာနက တားမြစ်မည်ဟု ဆိုသည်။ (ဓာတ်ပုံ - ဟိန်းထက်၊ မဇ္ဈိမ)
အခြေခံပညာ ကျောင်းသူ၊ ကျောင်းသားများတွင် တက်တူးထိုးခြင်းနှင့် လူမိုက်ဂိုဏ်းအသွင်ဆောင် လုပ် ဆောင်လာမှုများကြောင့် ထိန်းသိမ်းမှုများ ပြုလုပ်သွားမည် ဖြစ်ကြောင်း ပညာရေးဝန်ကြီးဌာနက တာဝန်ရှိ သူတစ်ဦးက ပြောသည်။

ထိုသို့ ထိန်းသိမ်းမှုများကို မိဘဆရာအသင်းများဖွဲ့စည်းပြီး လုပ်ဆောင်မည်ဖြစ်ပြီး အထက်ပါကိစ္စရပ်များ ဟန့်တားနိုင်ရေးအတွက် ကြိုတင်ပြင်ဆင်သောအားဖြင့် မိဘ၊ ဆရာများက ပူးပေါင်းကာ ကျောင်းပတ်ဝန်း ကျင်တွင် ဖွင့်လှစ်ထားသော တက်တူးဆိုင်များ ကို ကျောင်းနှင့် ဝေးသည့်နေရာများတွင် ပြောင်းရွှေ့ဖွင့် လှစ် ရန်နှင့် အသက် ၁၈ မပြည့်သေးသူများ တက်တူးထိုးခြင်းကို တားမြစ်ရန် သက်ဆိုင် ရာဝန်ကြီးဌာနများ နှင့် ပူးပေါင်းကာ လိုက်လံအသိပေးမှုများ လုပ်ဆောင်သွားမည်ဟု ၎င်းကပြောသည်။

“ကျောင်းအုပ်၊ ဆရာ၊ ဆရာမတွေက စည်းကမ်းထိန်းသိမ်း ကြပ်မတ်နေတာအပြင် မိဘတွေကို နားလည် အောင် ပြောပြ ရှင်းပြပြီး သူတို့ပါ ပါဝင်တဲ့မိဘဆရာအသင်းတွေကို ပိုမိုကျယ်ပြန့်အောင် ဖွဲ့စည်းပြီးဆောင် ရွက်သွား မှာ ဖြစ်ပါတယ်” ဟု ပညာရေးဝန်ကြီးဌာနက တာဝန်ရှိသူက ပြောသည်။

မိဘဆရာအသင်းများ ပိုမိုကျစ်လျစ်စွာ ဖွဲ့စည်းနိုင်ရန် တစ်လတစ်ခါ အစည်းအဝေးသဏ္ဌာန် တွေ့ဆုံညှိနှိုင်း ခြင်း၊ လိုအပ်သည့် နေရာများတွင် လိုက်လံ ပညာပေး ဟောပြောပေးခြင်း၊ ဝန်ကြီးဌာန လမ်းညွှန်ချက်နှင့် အညီ လိုအပ်သော စည်းကမ်းချက်များကို အသိပေးခြင်းတို့ လုပ်ဆောင်သွားမည် ဖြစ်သည်။

မိဘဆရာများတွေ့ဆုံပြီး ကျောင်းသား၊ ကျောင်းသူများအကြား ဖြစ်ပေါ်နေသော ကိစ္စရပ်များကို ဖြေရှင်း ခြင်းအပြင် လိုအပ်လျှင် သက်ဆိုင်ရာဝန်ကြီးဌာနသို့ တင်ပြကာ အကူအညီနှင့် စည်းကမ်းချက်များကို ထုတ်ပြန် ဆောင်ရွက်မည်။

Mizzima - News in Burmese 

No comments:

Post a Comment