Wednesday 7 January 2015

အနိုင်ရ စည်ပင်သာယာ ကိုယ်စားလှယ်စုစုပေါင်း၁၁၅ဦး ကျမ်းသစ္စာ ကျိန်ဆိုပြီး စတင်တာဝန်ထမ်းဆောင်

Photo: အနိုင်ရ စည်ပင်သာယာ ကိုယ်စားလှယ်စုစုပေါင်း၁၁၅ဦး ကျမ်းသစ္စာ ကျိန်ဆိုပြီး စတင်တာဝန်ထမ်းဆောင်
Wednesday, January 7, 2015 

ရန်ကုန်၊ ဇန်နဝါရီ ၆- ဒီဇင်ဘာ ၂ရရက်ကကျင်းပခဲ့သည့် ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ အဆင့်ဆင့်ရွေးကောက်တင်မြှောက်ပွဲတွင် အနိုင်ရရှိခဲ့သည့် ကိုယ်စားလှယ် ၁၁၅ ဦး၏ ကျမ်းသစ္စာကျိန်ဆိုပွဲကို ၂၀၁၅ခုနှစ်၊ ဇန်နဝါရီ ၆ရက်တွင် ရန်ကုန်မြို့ မြို့တော်ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီအဆင့်ဆင့်ရွေးကောက် တင်မြှောက်ပွဲတွင် အနိုင်ရရှိသည့် ကိုယ်စားလှယ် ၁၁၅ဦးမှာ ကျမ်းသစ္စာကျိန်ပြီး သည်နှင့်တစ်ပြိုင်နက် ဇန်နဝါရီ၆ရက်နေ့မှစတင်၍ မိမိတို့သက်ဆိုင်ရာ ဌာနများ တွင် တာဝန် ထမ်းဆောင်ခွင့်ရရှိပြီဖြစ်ကြောင်း ရန်ကုန်မြို့တော်ကော်မရှင် မှသိရသည်။

''ပြည်သူလူထုက ရွေးချယ်တင် မြှောက်ထားတဲ့သူတွေဖြစ်တဲ့အတွက် ပြည်သူအကျိုးကိုသယ်ပိုးထမ်းရွက်ရမှာဖြစ်ပါတယ်။ စည်ပင်သာယာရဲ့လုပ် ငန်းတာဝန်များ၊ ရန်ကုန်မြို့တော်သူ မြို့တော်သားများရဲ့ လိုအပ်ချက်များကို ကိုယ်စွမ်းရှိသမျှ၊ ဉာဏ်စွမ်းရှိသမျှ ဆောင်ရွက်ကြပါလို့ ပြောချင်ပါတယ်'' ဟုရန်ကုန်မြို့တော်ဝန် ဦးလှမြင့်က ပြောသည်။

ရန်ကုန်မြို့တော် စည်ပင်သာ ယာရေးကော်မတီအဆင့်ဆင့် ရွေးကောက် တင်မြှောက်ပွဲတွင်ရွေးချယ် ခံရသည့် ပြည်သူ့အကျိုးပြုကိုယ်စားလှယ် ၁၁၅ ဦးသည် တစ်နှစ်နှင့်သုံးလ တာဝန်ထမ်းဆောင်ခွင့်ရမည်ဖြစ်ကြောင်း သိရသည်။

''ဒီနေ့ကျမ်းကျိန်ပြီးတာနဲ့ ရုံးကို လွှတ်ပါတယ်။ ဒီနေ့ပဲတာဝန်ထမ်းဆောင် ရမှာပါ။ လောလောဆယ်က တော့ လက်ရှိသူတို့ လုပ်ဆောင်နေတဲ့အတိုင်းပဲ လုပ်ဆောင်သွားမှာပါ။ စည်ပင်သာယာနဲ့ ပြည်သူလူထုနဲ့ ထိတွေ့ပြီး ပြည်သူ လိုအပ်ချက်များကို လုပ်ဆောင်ပေးသွားမှာပါ။ စီးပွားရေးလုပ်ငန်းရှင် တစ်ယောက်ဖြစ်တဲ့အတွက် အချိန်တွေကုန်တယ်။ လုပ်အား၊ အသိဉာဏ်တွေ ကုန်ပါတယ်။ အဲဒီလိုကုန် ပေမယ့် မိဘပြည်သူတွေတိုးတက်သွားမယ်ဆိုရင် ကုန်ရကျိုးနပ်တယ်။ လုပ် သားပြည်သူတွေတောင်းဆိုတဲ့ဟာကို မလုပ်ပေး နိုင်ဘူးဆိုရင် နောက်တစ် ခါဝင်ပြိုင်ဖို့ဆိုတာ စဉ်းစားဖို့လိုပါပြီ'' ဟုမြောက် ပိုင်းခရိုင်ကော်မတီဝင်ဥက္ကဋ္ဌ (ရပ်မိရပ်ဖ) ဦးမင်းဟန်က ပြောသည်။

ရွေးကောက်ပွဲတွင်အနိုင်ရရှိသည့် ကိုယ်စားလှယ်များအနေဖြင့် မိမိတို့ မဲဆွယ်စည်းရုံးရေးဆင်းခဲ့စဉ်က ပြည်သူများကိုပြောကြားခဲ့သည့်အ တိုင်း သက်ဆိုင်ရာမြို့နယ်များတိုး တက်အောင်လုပ်ဆောင်ပေးမည်လား၊ မလုပ်ပေးဘူးလားဆိုသည်ကို ယင်းတို့တာဝန်ထမ်းဆောင်ခွင့်ရရှိသည့် တစ်နှစ်နှင့်သုံးလသက်တမ်းတွင် စောင့်ကြည့်ရမည်ဟု ရန်ကုန်ဒေသခံ များက ပြောသည်။

''အခုအနိုင်ရရှိသွားလို့ တာဝန် စထမ်းဆောင်ပြီဖြစ်တဲ့ ပြည်သူ့ကိုယ်စား လှယ်တွေကို ကျွန်တော်တို့က စောင့်ကြည့်နေမှာပါ။ ရန်ကုန်မြို့ကြီး ဘယ်
လောက်အထိ တိုးတက်ပြောင်း လဲလာမလဲ၊ လှပလာမလဲဆိုတာ စိတ် ဝင်စားစရာကောင်းသလို တကယ် အလုပ်လုပ်လိုစိတ်ရှိတဲ့ ကိုယ်စား လှယ်တွေအနေနဲ့လဲ ဘယ်လိုမျိုးစိန်ခေါ်မှု တွေကြုံတွေ့ရမလဲဆိုတာ စိတ်ဝင်စား စရာကောင်းပါတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ ရန်ကုန်မြို့တော်စည်ပင်က နာမည်ကြီးလို့ပါပဲ'' ဟု ကမာရွတ်တွင် နေထိုင်သူတစ်ဦးကပြောသည်။

ရန်ကုန်မြို့တော်စည်ပင်သာယာ အဆင့်ဆင့်ရွေးကောက်ပွဲတွင် ကိုယ်စား လှယ်လောင်း၂၉၃ဦး ဝင်ရောက် ယှဉ်ပြိုင်ခဲ့ပြီး ယင်းတို့ထဲမှ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီဝင် ကိုယ်စားလှယ်လေးဦး၊ ခရိုင်လေးခရိုင် မှတစ်ခရိုင်လျှင် သုံးဦးစီ စုစုပေါင်း ကိုယ်စားလှယ် ၁၂ ဦး ၊မြို့နယ် ၃၃ မြို့ နယ်မှ တစ်မြို့နယ် လျှင် သုံးဦးစီဖြင့် မြို့နယ်ကိုယ်စားပြုကိုယ်စားလှယ် ၉၉ ဦး၊ စုစုပေါင်း ၁၁၅ဦးတို့ရွေးချယ်ခဲ့ ကြောင်း သိရသည်။

TST
Democracytoday
ဒီဇင်ဘာ ၂ရရက်ကကျင်းပခဲ့သည့် ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ အဆင့်ဆင့် ရွေး ကောက် တင်မြှောက်ပွဲတွင် အနိုင်ရရှိခဲ့သည့် ကိုယ်စားလှယ် ၁၁၅ ဦး၏ ကျမ်းသစ္စာကျိန်ဆိုပွဲကို ၂၀၁၅ ခုနှစ်၊ ဇန်နဝါရီ ၆ရက်တွင် ရန်ကုန်မြို့ မြို့တော်ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီအဆင့်ဆင့်ရွေးကောက် တင်မြှောက်ပွဲတွင် အနိုင်ရရှိသည့် ကိုယ်စားလှယ် ၁၁၅ဦးမှာ ကျမ်းသစ္စာကျိန်ပြီး သည်နှင့်တစ်ပြိုင်နက် ဇန်နဝါရီ၆ရက်နေ့မှစတင်၍ မိမိတို့သက်ဆိုင်ရာ ဌာနများ တွင် တာဝန် ထမ်းဆောင်ခွင့်ရရှိပြီဖြစ်ကြောင်း ရန်ကုန်မြို့တော်ကော်မရှင် မှသိရသည်။

''ပြည်သူလူထုက ရွေးချယ်တင် မြှောက်ထားတဲ့သူတွေဖြစ်တဲ့အတွက် ပြည်သူအကျိုးကိုသယ်ပိုးထမ်းရွက် ရမှာဖြစ်ပါတယ်။ စည်ပင်သာယာရဲ့လုပ် ငန်းတာဝန်များ၊ ရန်ကုန်မြို့တော်သူ မြို့တော်သားများရဲ့ လိုအပ် ချက် များကို ကိုယ်စွမ်းရှိသမျှ၊ ဉာဏ်စွမ်းရှိသမျှ ဆောင်ရွက်ကြပါလို့ ပြောချင်ပါတယ်'' ဟုရန်ကုန်မြို့တော် ဝန် ဦးလှမြင့်က ပြောသည်။

ရန်ကုန်မြို့တော် စည်ပင်သာ ယာရေးကော်မတီအဆင့်ဆင့် ရွေးကောက် တင်မြှောက်ပွဲတွင်ရွေးချယ် ခံရသည့် ပြည်သူ့အကျိုးပြုကိုယ်စားလှယ် ၁၁၅ ဦးသည် တစ်နှစ်နှင့်သုံးလ တာဝန်ထမ်းဆောင်ခွင့် ရမည်ဖြစ်ကြောင်း သိရသည်။

''ဒီနေ့ကျမ်းကျိန်ပြီးတာနဲ့ ရုံးကို လွှတ်ပါတယ်။ ဒီနေ့ပဲတာဝန်ထမ်းဆောင် ရမှာပါ။ လောလောဆယ်က တော့ လက်ရှိသူတို့ လုပ်ဆောင်နေတဲ့အတိုင်းပဲ လုပ်ဆောင်သွားမှာပါ။ စည်ပင်သာယာနဲ့ ပြည်သူလူထုနဲ့ ထိတွေ့ပြီး ပြည်သူ လိုအပ်ချက်များကို လုပ်ဆောင်ပေးသွားမှာပါ။ စီးပွားရေးလုပ်ငန်းရှင် တစ်ယောက်ဖြစ်တဲ့အတွက် အချိန်တွေကုန်တယ်။ လုပ်အား၊ အသိဉာဏ်တွေ ကုန်ပါတယ်။ အဲဒီလိုကုန် ပေမယ့် မိဘပြည်သူတွေတိုးတက်သွားမယ်ဆိုရင် ကုန်ရကျိုးနပ်တယ်။ လုပ် သားပြည်သူတွေတောင်းဆိုတဲ့ဟာကို မလုပ်ပေး နိုင်ဘူးဆိုရင် နောက်တစ် ခါဝင်ပြိုင်ဖို့ဆိုတာ စဉ်းစားဖို့လိုပါပြီ'' ဟုမြောက် ပိုင်းခရိုင်ကော်မတီဝင်ဥက္ကဋ္ဌ (ရပ်မိရပ်ဖ) ဦးမင်းဟန်က ပြောသည်။

ရွေးကောက်ပွဲတွင်အနိုင်ရရှိသည့် ကိုယ်စားလှယ်များအနေဖြင့် မိမိတို့ မဲဆွယ်စည်းရုံးရေးဆင်းခဲ့စဉ်က ပြည်သူများကိုပြောကြားခဲ့သည့်အ တိုင်း သက်ဆိုင်ရာမြို့နယ်များတိုး တက်အောင်လုပ်ဆောင်ပေး မည်လား၊ မလုပ်ပေးဘူးလားဆိုသည်ကို ယင်းတို့တာဝန်ထမ်းဆောင်ခွင့်ရရှိသည့် တစ်နှစ်နှင့်သုံးလ သက်တမ်း တွင် စောင့်ကြည့်ရမည်ဟု ရန်ကုန်ဒေသခံ များက ပြောသည်။

''အခုအနိုင်ရရှိသွားလို့ တာဝန် စထမ်းဆောင်ပြီဖြစ်တဲ့ ပြည်သူ့ကိုယ်စား လှယ်တွေကို ကျွန်တော်တို့က စောင့်ကြည့်နေမှာပါ။ ရန်ကုန်မြို့ကြီး ဘယ်လောက်အထိ တိုးတက်ပြောင်း လဲလာမလဲ၊ လှပလာမလဲ ဆိုတာ စိတ် ဝင်စားစရာကောင်းသလို တကယ် အလုပ်လုပ်လိုစိတ်ရှိတဲ့ ကိုယ်စား လှယ်တွေအနေနဲ့လဲ ဘယ်လိုမျိုးစိန်ခေါ်မှု တွေကြုံတွေ့ရမလဲဆိုတာ စိတ်ဝင်စား စရာကောင်းပါတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ ရန်ကုန်မြို့တော်စည်ပင်က နာမည်ကြီးလို့ပါပဲ'' ဟု ကမာရွတ်တွင် နေထိုင်သူတစ်ဦးကပြောသည်။

ရန်ကုန်မြို့တော်စည်ပင်သာယာ အဆင့်ဆင့်ရွေးကောက်ပွဲတွင် ကိုယ်စား လှယ်လောင်း၂၉၃ဦး ဝင်ရောက် ယှဉ်ပြိုင်ခဲ့ပြီး ယင်းတို့ထဲမှ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီဝင် ကိုယ်စားလှယ်လေးဦး၊ ခရိုင်လေးခရိုင် မှတစ်ခရိုင်လျှင် သုံးဦးစီ စုစုပေါင်း ကိုယ်စားလှယ် ၁၂ ဦး ၊မြို့နယ် ၃၃ မြို့ နယ်မှ တစ်မြို့ နယ် လျှင် သုံးဦးစီဖြင့် မြို့နယ်ကိုယ်စားပြုကိုယ်စားလှယ် ၉၉ ဦး၊ စုစုပေါင်း ၁၁၅ဦးတို့ရွေးချယ်ခဲ့ ကြောင်း သိရသည်။

TST
‪Democracytoday‬

No comments:

Post a Comment