Wednesday 7 January 2015

ကချင်ပြည်နယ်အတွင်း တရားမဝင် ယာဉ်နှင့် တစ်ဖက်နိုင်ငံသားများ ထပ်မံ ဖမ်းဆီးရမိ

ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်၊ မံဝိန်း၊ မံတောင်၊ လောခွန်ယန် ဒေသ အတွင်း ဇန်နဝါရီ ၅ ရက်နေ့တွင် တပ်မတော် စစ်ကြောင်းများက နယ်မြေရှင်းလင်းခြင်း ဆက်လက်ဆောင်ရွက်ခဲ့ရာ ၁၀ ဘီးယာဉ် ၈ စီး၊ ၆ ဘီးယာဉ် ၃ စီး၊ ဒေါင်ဖန်းယာဉ် ၁ စီး၊ ဘက်ဟိုး ၃ စီး၊ ကရိန်းယာဉ် ၂ စီး စုစုပေါင်းယာဉ် ၁၇ စီး၊ သစ်မျိုးစုံ ၂၄၀ လုံး၊ တစ်ဖက်နိုင်ငံသားကျား ၁၇ ဦးတို့အား ထပ်မံ ဖမ်းဆီးရမိခဲ့သည်။

ဝိုင်းမော်မြို့နယ်၊ ဝါရှောင်၊ မံဝိန်း၊ ဆီနီကူး၊ မံတောင်၊ လောခွန်ယန်၊ ဆဒုံးဒေသ အတွင်း တပ်မတော် စစ်ကြောင်းများက ဇန်နဝါရီ ၂ ရက်မှ စတင်၍ နယ်မြေ ရှင်းလင်းခြင်း ဆောင်ရွက်ခဲ့ ရာ ဇန်နဝါရီ ၅ ရက်နေ့ထိ ဒိုဇာ ၁ စီး၊ ဘက်ဟိုး ၃ စီး၊ ပါဂျဲရိုး ၄ စီး၊ ပီကင်းဂျက် ၄ စီး၊ ဝန်ဆွဲယာဉ် ၃ စီး၊ နှစ်ခန်းတွဲယာဉ် ၂ စီး၊ သစ်တင်ယာဉ် (အမျိုးအစားမျိုးစုံ) ၄၄၇ စီး၊ တုန်ဖုန်း/ ဒေါင်ဖန်းယာဉ် ၄ စီး၊ ကရိန်း ၄ စီး စုစုပေါင်း ယာဉ် ၄၇၂ စီး(၁၄ စီး သစ်ပါရှိ)၊ ဆိုင်ကယ် ၉ စီး၊ မြန်မာနိုင်ငံသားကျား ၄ ဦး၊ မ ၁၆ ဦးနှင့် တစ်ဖက်နိုင်ငံသားကျား ၁၁၄ ဦး၊ မ ၅ ဦး စုစုပေါင်း ၁၃၉ ဦး၊ ချိန်းဆော ၂ ခု၊ အိပ်ရာလိပ် ၁၀ ခု၊ ဆိုလာပြား ၁ ပြား၊ ဘတ္ထရီ ၁ လုံး၊ ဖုန်းကြိုးတိုင် ၁ ခု၊ စိတ်ကြွဆေးပြား ၆၈၀ ပြား၊ ဘိန်းမဲ ၆ ထုပ်၊ ဘိန်းစိမ်း ၂၀ ကျပ်သား၊ တရုတ်ယွန်ငွေ ၁၂၀၀၀နှင့် KIA ကချင်အဖွဲ့ စီးပွားရေးတာဝန်ခံ ဗိုလ်မှူးချုပ်အဆင့်ရှိ ဇောဘုတ်ထန်းမှ လက်မှတ်ရေးထိုး ခွင့်ပြုထားသော သစ်ထုတ်လုပ်ခွင့်ပြုထားသည့် စာရွက်စာတမ်းတို့အား ဖမ်းဆီး ရမိခဲ့ပါသည်။

အဆိုပါဖမ်းဆီးရမိ တရားမဝင်ယာဉ်များ၊ သစ်များ၊ လူများနှင့် သိမ်းဆည်းရမိ ပစ္စည်းများအား သက်ဆိုင်ရာ ဌာနသို့ စနစ်တကျ လွှဲပြောင်းပေးလျက်ရှိပြီး လုပ်ထုံး လုပ်နည်းနှင့် အညီ ဆက်လက်အရေးယူဆောင်ရွက် သွားမည်ဖြစ်ကြောင်း သတင်း ရရှိသည်။

မြ၀တီ

No comments:

Post a Comment