Wednesday 7 January 2015

ကျွန်တော်သိသော ခွန်ဥက္ကာ


အခုခေတ်စားနေတဲ့ ဖက်ဒရယ်တပ်မတာ် ဘယ်ကစလို့မေးရင်တော့ အားလုံးသိကြတဲ့အတိုင်း UNFC ကစလို့ပဲဖြေရ ပါတော့မယ်။ UNFC ဘယ်ကစဆိုရင်လည်း KIA ကစလို့ဖြေရလိမ့်မယ်။
UNFC ကို KIA ကချုပ်ကိုင်ထားတာကိုတော့ သိပြီးကြားပြီးဖြစ်ကြလိမ့်မယ်လို့လဲ ထင်ပါတယ်။ ၀မ်ပေါင် နိုင်ငံတော် အိပ်မက်မက်နေသူ ဦးအင်ဘန်လက UNFC ဥက္ကဌ ရာထူးယူထားတယ်ဆိုတာလဲ အားလုံး အသိပါ။ ထားပါတော့….ငြိမ်းချမ်းရေးမလိုချင်ဘူးဆိုတဲ့အချက်ကလွဲရင် KIA အကြောင်းကို ကျုပ်လဲ ကောင်း ကောင်း မသိပါဘူး။ ဒါပေမယ့် UNFC အတွင်းရေးမှုးနေရာမှာ မိန့်မိန့်ကြီးထိုင်နေသူက ဗိုလ်မှုးကြီးခွန်ဥက္ကာနဲ့ပတ်သက်လို့ နည်းနည်းပြောချင်ပါတယ်။ခွန်ဥက္ကာဟာ နိုင်ငံရေးတွေလုပ်ကိုင်နေတဲ့ အတွက် နိုင်ငံရေးသမားလား၊ UNFC ကအတွင်းရေးမှုး ဖြစ်တဲ့အတွက် ငြိမ်းချမ်းရေးသမားလား၊ သူ့ကိုသူ ဗိုလ်မှုးကြီး လို့ဆိုနေတဲ့အတွက် စစ်သားလားလို့မေးကြပါလိမ့်မယ်။ တကယ်တော့ ခွန်ဥက္ကကာဟာ နိုင်ငံရေးသမားလည်း မဟုတ်၊ ငြိမ်းချမ်းရေးသမားလည်း မဟုတ်၊ စစ်သားလည်းမဟုတ်တော့ပါဘူး။

နိုင်ငံရေးနှင့် ငြိမ်ချမ်းရေးကိုခုတုံးလုပ်၍ စီးပွားရှာနေသော စီးပွားရေးသမားစစ်စစ်သာဖြစ်ပါတယ်။ UNFC မှာ ခပ် တည်တည်နဲ့ အတွင်းရေးမှုးရာထူးယူထားတဲ့ ခွန်ဥက္ကာကိုကြည့်ပြီး သူ့အကြောင်းကို အတွင်း အပြင် အူမချေးခါး မကျန် သိနေတဲ့ ကျွန်ပ်အဖို့ဘေးကထိုင်ကြည့်ပြီး တော်တော်စိတ်ပျက်ရပါတယ်။ ဒါကြောင့် လည်း ချက်မသိတော့ သူခိုးကို သမက်မထင်စေဘို့ ဒီစာကိုရေးရတာဖြစ်ပါတယ်။ 

ခွန်ဥက္ကာဆိုတာ တကယ်တော့ PNLO ကသင်းကွဲတစ်ယောက်ပါ၊ ငြိမ်းချမ်းရေးဆိုတာကို ဘယ်တုန်းကမှ စိတ်မ၀င် စားခဲ့ သူလည်းဖြစ်တယ်။ အရင်စစ်အစိုးရလက်ထက်က PNLO ငြိမ်းချမ်းရေးယူတော့ မငြိမ်းချမ်း ချင်တဲ့ ခွန်ဥက္ကာဟာ ကရင် ပြည်နယ်၊ မာနယ်ပလောဒေသမှာရှိတဲ့၊ KNU စခန်းကိုပြေးပါတယ်။ အဲဒီတုန်း က KNU ကလည်း သနားကမားနဲ့ ခိုလှုံခွင့် လာတောင်းနေတဲ့ ခွန်ဥက္ကာကို မာနယ်ပလောမှာ တဲလေး ဆောက်ပြီး ကျွေးမွေးထားရပါတယ်။ ယနေ့ ငြိမ်းချမ်းရေးလို ချင်နေတဲ့ KNU အနေနဲ့ UNFC ကထွက်သွား တာလဲ ခွန်ဥက္ကာကြောင့်အများကြီးပါတယ်။ UNFC မှာ KIA ဗိုလ်ကျ စိုးမိုးနေတာကတစ်ကြောင်း၊ UNFC ဟာ ငြိမ်းချမ်းရေး မလိုချင်တဲ့အဖွဲ့ဆိုတာ သိသွားတာကတစ်ကြောင်း၊ နောက် တစ်ခုကအရင်တုန်းက သနားလို့ ခေါ်ကျွေးထားတဲ့ ခွန်ဥက္ကာဆိုသူက UNFC အတွင်းရေးမှုးဆိုပြီး စကားကြီး စကား ကျယ်တွေပြော နေတော့ ကိုယ်မွေးတဲ့မျောက်ကိုယ့်ပြန်ခြောက်တယ်ဆိုပြီး မခံမရပ်နိုင်ဖြစ်တာကလဲ တစ်ကြောင်းပေါ့ဗျာ။

ပြီးတော့ခွန်ဥက္ကာဟာ UNFC ထဲမှာ ဘယ်သူ့ကိုကိုယ်စားပြုသလဲဆိုရင် ဘယ်သူ့မှကိုယ်စားမပြုပါဘူး၊ ဘယ်ပအို့ဝ်ကမှလည်း ခွန်ဥက္ကာကိုခေါင်းဆောင်ခန့်မထားပါဘူး၊ ဗိုလ်မှုးကြီးလို့ဆိုပြီး ဘယ်စစ်တပ်ကမှ လည်း မဟုတ်ပါဘူး၊ သူ့နောက် မှာလည်း ဘာတပ်မှမရှိပါဘူး။ သူချင်းကိုယ်ချင်း ပြန်ခန့်ထားတဲ့လူပေါ့ဗျာ။ ရှင်းရှင်းပြောရရင်တော့ CIA လက်သပ် မွေးထား တာခံနေရပြီး အထောက်အပံ့တွေနဲ့ ပျော်ပါးနေတဲ့ စီးပွားရေးသမားသာဖြစ်ပါတယ်။ 

ခွန်ဥက္ကာဆိုတာ မြန်မာပြည်မှာတောင်မနေတဲ့လူပါ။ မဲဆောက်မှာရုံးခန်းဖွင့်ပြီး ရုံးစောင့်တစ်ယောက်ထား၊ သူများ ခိုင်းတာ လုပ်၊ သူများပေးတာကျွေး တာစားနေရတဲ့ဘ၀ပါ။ နောက်ပြီးတော့ ခွန်ဥက္ကာဟာ မြန်မာနိုင်ငံသားလဲ မဟုတ်ပါဘူး၊ မဲဆောက်မှာနေပြီး ထိုင်းနိုင်ငံ သားခံယူထားတဲ့ ထိုင်းနိုင်ငံသားစစ်စစ်ကြီး ခွန်ဥက္ကာသာဖြစ်ပါတယ်။ မိန်းမကလည်း နှစ်ယောက်ယူထားတော့ နှစ်ယောက်စာရှာနေရတဲ့ ခွန်ဥက္ကာ အတွက် UNFC သာလျှင်သူ့ရဲ့စီးပွားရေးတစ်ခု ဖြစ်နေတော့ တာပါပဲ။ သူ့အနေနဲ့က ငြိမ်းချမ်းရေးဆိုတာကို ယောင်လို့တောင်မှစိတ်မကူးခဲ့ပါဘူး၊ ငြိမ်းချမ်းရေးရသွားရင် သူထမင်း ငတ်သွားမယ်၊ ဂွင်ပျောက် သွားမယ် ဆိုတာ ကောင်းကောင်းသိပါတယ်။ ဒါ့ကြောင့် ခွန်ဥက္ကာဟာ မြန်မာပြည် ငြိမ်းချမ်းရေး ရမှာကို အစိုးရိန်ဆုံးဖြစ် နေတဲ့လူတွေထဲမှာ တစ်ယောက်အပါအ၀င် ဖြစ်နေတော့တာပါပဲ။

သူ့အလုပ်ကတော့ရှင်းပါတယ် UNFC မှာနေမယ်၊ သူများခိုင်းတာလုပ်မယ်၊ ငြိမ်းချမ်းရေမရအောင် အမြဲကြံစည် မယ်၊ အထောက်အပံ့မှန်သမျှယူမယ်၊ ဒါပါဘဲ။ ဒါ့အပြင် ခွန်ဥက္ကာဟာ နိုင်ဟံသာနဲ့ပေါင်းပြီး တရုတ်ကြီးဆီကိုလည်း ခဏခဏ သွားရပါသေးတယ်။ ရှင်းရှင်းပြောရရင်တော့ သွားလိမ်ရတာပေါ့ဗျာ။ မြန်မာပြည်ငြိမ်းချမ်းရေး မရသေးဘူးလားလို့ KIA တို့ UNFC တို့ကို တရုတ်ကြီးက တစ်ခွန်းမေးရင် ခွန်ဥက္ကာတို့တစ်ခါသွားရပါတယ်။ ရတော့မှာပါခင်ဗျ၊ လုပ်နေပါတယ် ခင်ဗျ၊ ငြိမ်းချမ်းတော့မှာပါခင်ဗျ၊ ရံပုံငွေကလည်းနည်းနေလို့ပါခင်ဗျဆိုပြီး မျက်နှာငယ်လေးနဲ့သွားသွား လိမ်ရရှာတာ ခွန်ဥက္ကာပါ။ 

အခုဆိုရင်တစ်ချို့တွေက UNFC ကိုငြိမ်းချမ်းရေးအတွက် အထောက်အကူဖြစ်စေမယ့်အဖွဲ့အဖြစ် ထင်မြင် နေတာဟာ မဟာအမှားပါဘဲ။ ခွန်ဥက္ကာတို့လို နိုင်ငံရေးကိုစီးပွားရေးလိုလုပ်စားနေတဲ့ လူ့အနတ္တတွေဟာ UNFC ထဲမှာနေရာယူထား တာကလည်း တော်တော်စိတ်ပျက်ဖို့ကောင်းပါတယ်။ သူ့အကြောင်းကို လုံးစေ့ ပတ်စေ့ သိတဲ့ ကျုပ်တို့လိုလူတွေ အတွက် လည်း ဟာသတော်တော်မြောက်ပါတယ်။ ဒါ့ကြောင့် ခွန်ဥက္ကာ တို့လို လူတွေကို အရှင်သခင်လိုထင်မြင်နေပြီး နေရာပေး ကိုးကွယ်နေအုံးမယ်ဆိုရင်တော့ အားလုံးလိုချင် တဲ့ ငြိမ်းချမ်းရေးဟာ ဆောင်းတွင်းအိပ်မက်တစ်ခုသာ ဖြစ်နေလိမ့်အုံးမယ် လို့သာ သတိပေးလိုက် ချင်ပါတယ်။

သံခဲ (သို့မဟုတ်) တစ်ချိန်က စောထွဋ်အောင်
နေ့စဉ်သတင်း 

No comments:

Post a Comment