Wednesday 7 January 2015

မြန်မာနိုင်ငံသား ၆ ဦးကို လူသတ်မှုဖြင့် မလေးရဲ အမှုဖွင့်

Photo: မြန်မာနိုင်ငံသား ၆ ဦးကို လူသတ်မှုဖြင့် မလေးရဲ အမှုဖွင့်
Wednesday, January 7, 2015

မလေးရှားနိုင်ငံမှာ မြန်မာနိုင်ငံသား အချင်းချင်း ရက်ရက်စက်စက် သတ်ဖြတ်မှုကြောင့် သံသယနဲ့ ဖမ်းဆီးခံ မြန်မာ ၁၁ ဦးအနက် ၆ ဦးကို လူသတ်မှုနဲ့ တရားစွဲခွင့် ပေးလိုက်ပြီလို့ ပီနန်ပြည်နယ် ရဲတပ်ဖွဲ့ အကြီးအကဲက ပြောပါတယ်။

စုံစမ်းထောက်လှမ်းတာတွေကို အထောက်အကူပြုဖို့ ဖမ်းဆီးထားတဲ့ မြန်မာ ၆ ဦးကို ရမန်ယူပြီးတဲ့နောက် အခုလို ပြောဆိုလိုက်တာလို့ မလေးရှား သည်စတား သတင်းစာက ရေးပါတယ်။

တခြား ၅ ဦးကိုလည်း စွဲဆိုဖို့ လုံလောက်တဲ့ အထောက်အထားတွေ စုဆောင်းနိုင်ဖို့ မျှော်လင့်တယ်လို့ ပီနန်ရဲတပ်ဖွဲ့အကြီးအကဲ အဗ္ဗဒူရာဟင်ဟန်နာဖီက သတင်းထောက်တွေကို ပြောပါတယ်။

ပြီးခဲ့တဲ့နှစ် ၂၀၁၄ ဇန်န၀ါရီလကတည်းက စတင်ပြီး ပီနန်ပြည်နယ်မှာ မြန်မာနိုင်ငံသား အနည်းဆုံး ၁၈ ဦး ရက်ရက်စက်စက် သတ်ဖြတ်ခံခဲ့ရပါတယ်။

ဒီဗွီဘီ
မလေးရှားနိုင်ငံမှာ မြန်မာနိုင်ငံသား အချင်းချင်း ရက်ရက်စက်စက် သတ်ဖြတ်မှုကြောင့် သံသယနဲ့ ဖမ်းဆီးခံ မြန်မာ၁၁ ဦးအနက် ၆ ဦးကို လူသတ်မှုနဲ့ တရားစွဲခွင့် ပေးလိုက်ပြီလို့ ပီနန်ပြည်နယ် ရဲတပ်ဖွဲ့ အကြီးအကဲက ပြောပါတယ်။

စုံစမ်းထောက်လှမ်းတာတွေကို အထောက်အကူပြုဖို့ ဖမ်းဆီးထားတဲ့ မြန်မာ ၆ ဦးကို ရမန်ယူပြီးတဲ့နောက် အခုလို ပြောဆိုလိုက်တာလို့ မလေးရှား သည်စတား သတင်းစာက ရေးပါတယ်။

တခြား ၅ ဦးကိုလည်း စွဲဆိုဖို့ လုံလောက်တဲ့ အထောက်အထားတွေ စုဆောင်းနိုင်ဖို့ မျှော်လင့်တယ်လို့ ပီနန်ရဲတပ်ဖွဲ့အကြီးအကဲ အဗ္ဗဒူရာဟင်ဟန်နာဖီက သတင်းထောက်တွေကို ပြောပါတယ်။

ပြီးခဲ့တဲ့နှစ် ၂၀၁၄ ဇန်န၀ါရီလကတည်းက စတင်ပြီး ပီနန်ပြည်နယ်မှာ မြန်မာနိုင်ငံသား အနည်းဆုံး ၁၈ ဦး ရက်ရက်စက်စက် သတ်ဖြတ်ခံခဲ့ရပါတယ်။

ဒီဗွီဘီ

No comments:

Post a Comment