Wednesday 7 January 2015

မူဝါဒသစ်ကြောင့် ကားအရောင်းပြခန်းများ အကျိုးအမြတ်ဖြစ်ထွန်း

Photo: မူဝါဒသစ်ကြောင့် ကားအရောင်းပြခန်းများ အကျိုးအမြတ်ဖြစ်ထွန်း
Wednesday, January 7, 2015

ကားတင်သွင်းခွင့်ပါမစ် အသစ်ကန့်သတ်ချက်များသည် ကားလမ်းပိတ်ခြင်းကို ဖြေရှင်း သည်ထက် အရောင်းပြခန်းပိုင် ရှင်များအတွက်သာ အကျိုးဖြစ် ထွန်းစေကြောင်း  သတင်းရရှိ သည်။

ယခုနှစ်တွင် ကားသွင်းခွင့် ပါမစ်လျှောက်ရာ၌ကားပါကင် လိုအပ်ခြင်း၊ သန်းခေါင် စာရင်း ပါအိမ်ထောင်ဦးစီးဖြစ်ရမည်ဟု သတ်မှတ်ခြင်း၊ သန်းခေါင် စာရင်း မူရင်းဖြင့်သာ လျှောက်ထားနိုင် ခြင်း၊ ရဲစခန်း၊ ရပ်ကွက်ထောက်ခံ စာများလိုအပ်နေခြင်းတို့ကြောင့် တစ်ဦးချင်းကား ပါမစ်လျှောက်ရာ တွင် အခက်အခဲများဖြစ်စေသည် ဟု ကားဝယ်ရောင်းများက ပြော သည်။

‘‘ပါမစ်အသစ်မှာ ကန့်သတ် ချက်တွေအရမ်းများတယ်။ လမ်း လျှောက်ပါမစ် ခေါ်တဲ့ Free ပါမစ် ကို ရုပ်သိမ်းချင် ရုပ်သိမ်းလိုက် တာမဟုတ်ဘူး။ အခုတော့ အ ဆင့်ဆင့်  ထောက်ခံချက်တွေနဲ့ သွားရတာ ရှုပ်ထွေးနေတယ်။ ပါမစ်အများစု Showroom တွေ ပိုင်နေတော့ သူတို့တွေအလုပ် ဖြစ်မယ်လို့ထင်တယ်’’ဟု ကား ၀ယ်ရောင်းသူ  ဦးအေးကျော်က ပြောသည်။

ကားပါမစ်ဈေးမှာ ယခင်က ကျပ်နှစ်သိန်းမှ လက်ရှိတွင်  ကျပ်တစ် ဆယ့်ငါးသိန်း ထိ ဈေးပေါက် လျက်ရှိသည်။ ယင်းကဲ့သို့ ပါမစ် ဈေးမြှင့်တက်လာခြင်းကြောင့် ပါမစ်အဟောင်းများ အများအပြားကိုင်ထားသည့် ကားအရောင်း ပြခန်းပိုင်ရှင် များက အမြတ်များ စွာရရှိသည်။ ကားဝယ်သူများ သည် ပြခန်းများတွင်ဝယ်ယူ လျှင် ပါကင်ပြစရာမလိုဘဲ တင်သွင်းခွင့်ပါမစ်လျှောက်မှသာတင်ပြရမည် ဖြစ်သည်ဟု ကားဝယ်ရောင်း လုပ်သူ ကိုမင်းမင်းကပြောသည်။

သီလ၀ံ ကားဝန်ဆောင်မှု ကုမ္ပဏီ မန်နေဂျာ ဦးညီညီဇော်က လက်ရှိတွင် ၂၀၁၄ လိုင်စင်ကတ် ရပြီးသား ကားများသာ အရောင်းအ၀ယ်ဖြစ်ပြီး ကား အရောင်း အ၀ယ် အေးနေသည်ဟုဆိုသည်။ စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေး ၀န်ကြီး ဌာနမှ ဇန်န၀ါရီ ၁ရက်တွင် လိုင်စင်လျှောက်ခွင့် ပြုမည်ဟုဆိုသော် လည်း လက်ရှိ အချိန်ထိ လျှောက်ခွင့်မရသေး ကြောင်း ၎င်းကပြောသည်။

‘‘သုံးလပိုင်းအထိ စောင့် ကြည့်ရဦးမယ်။ စီးပွားကူးသန်းရဲ့ ထုတ်ပြန်ချက်က လည်း ဘယ်လို လာဦးမလဲမသိဘူး။ ဒါကြောင့်  ဒီအချိန်မှာ ပြောရခက်နေ တုန်းပဲ။ လက်ရှိအနေအထားအရတော့ Show room တွေက အခွင့်အရေး  သာနေတဲ့ သဘောရှိတယ်။ တစ် နိုင်တစ်ပိုင်ကားဝယ်ရောင်းပြု လုပ်သူတွေ အတွက်တော့ ခက်ခဲ နေတယ်’’ဟု ကားဝယ်ရောင်းပြု လုပ်သူ ဦးကရင်ကပြောသည်။

‘‘အရင်တုန်းက လူတွေက တစ်နိုင်တစ်ပိုင် လုပ်ခဲ့ကြတယ်။ အခုတံခါးဖွင့်စီးပွား စနစ်ဖြစ် လာ တယ်။ စီးပွားရေးအရ ပြိုင်ဆိုင်မှု ပါ။ စီးပွားရေးအရ နစ်နာမှုရှိတဲ့ သူကတော့ ပြောမှာပဲ’’ဟု Capi-tal Automotive ကုမ္ပဏီ မန်နေ ဂျင်းဒါရိုက်တာ ဦးခင်ထွန်းက ပြောသည်။

လက်ရှိ ကားဈေးကွက်သည် ပုံစံကျလာကာ စနစ်တကျ ရှိ လာခြင်းဖြစ်ပြီး စီးပွားရေးအရ လမ်းကြောင်းတစ်ခုပေါ် ရောက်ရှိ လာခြင်းဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောသည်။

‘‘၂၀၁၅ ကစပြီး တစ်ပြေး ညီသတ်မှတ်တာပါ။ နစ်နာတဲ့ သူတွေတော့ရှိမှာပဲ။ ဒါပေမဲ့ ဥပဒေအတိုင်းတော့ လုပ်ရမှာပဲ။ ခြွင်း ချက်ထားပြန်ရင်လည်း ဒီနေရာ ကို ပြုံတိုးလာမှာဆိုးတယ်။ ဒါကြောင့် ဘယ်လိုပုံစံပဲဖြစ်ဖြစ် တစ်ပြေးညီ သတ်မှတ် ခဲ့တာပါ’’ ဟု စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန အကြံပေး ဒေါက်တာမောင်အောင်ကပြောသည်။

7Day DAILY 

ကညနတွင် ယာဉ်နံပါတ်ယူရန် စစ်ဆေးခံနေသောကားများကို ဇန်န၀ါရီ ၆ ရက်က တွေ့ရစဉ်
ကညနတွင် ယာဉ်နံပါတ်ယူရန် စစ်ဆေးခံနေသောကားများကို ဇန်န၀ါရီ ၆ ရက်က တွေ့ရစဉ် 
ကားတင်သွင်းခွင့်ပါမစ် အသစ်ကန့်သတ်ချက်များသည် ကားလမ်းပိတ်ခြင်းကို ဖြေရှင်းသည်ထက် အရောင်း ပြခန်းပိုင် ရှင်များအတွက်သာ အကျိုးဖြစ် ထွန်းစေကြောင်း  သတင်းရရှိသည်။

ယခုနှစ်တွင် ကားသွင်းခွင့် ပါမစ်လျှောက်ရာ၌ကားပါကင် လိုအပ်ခြင်း၊ သန်းခေါင် စာရင်း ပါအိမ်ထောင် ဦးစီး ဖြစ်ရမည်ဟု သတ်မှတ်ခြင်း၊ သန်းခေါင် စာရင်း မူရင်းဖြင့်သာ လျှောက်ထားနိုင်ခြင်း၊ ရဲစခန်း၊ ရပ်ကွက် ထောက်ခံ စာများလိုအပ်နေခြင်းတို့ကြောင့် တစ်ဦးချင်းကား ပါမစ်လျှောက်ရာတွင် အခက်အခဲများဖြစ်စေ သည် ဟု ကားဝယ်ရောင်းများက ပြော သည်။

‘‘ပါမစ်အသစ်မှာ ကန့်သတ် ချက်တွေအရမ်းများတယ်။ လမ်းလျှောက်ပါမစ်ခေါ်တဲ့ Free ပါမစ်ကို ရုပ်သိမ်း ချင် ရုပ်သိမ်းလိုက် တာမဟုတ်ဘူး။ အခုတော့ အ ဆင့်ဆင့်  ထောက်ခံချက်တွေနဲ့ သွားရတာ ရှုပ်ထွေးနေ တယ်။ ပါမစ်အများစု Showroom တွေ ပိုင်နေတော့ သူတို့တွေအလုပ် ဖြစ်မယ်လို့ထင်တယ်’’ဟု ကား ၀ယ်ရောင်းသူ  ဦးအေးကျော်က ပြောသည်။

ကားပါမစ်ဈေးမှာ ယခင်က ကျပ်နှစ်သိန်းမှ လက်ရှိတွင်  ကျပ်တစ် ဆယ့်ငါးသိန်း ထိ ဈေးပေါက် လျက်ရှိ သည်။ ယင်းကဲ့သို့ ပါမစ် ဈေးမြှင့်တက်လာခြင်းကြောင့် ပါမစ်အဟောင်းများ အများအပြားကိုင်ထားသည့် ကားအရောင်း ပြခန်းပိုင်ရှင် များက အမြတ်များ စွာရရှိသည်။ ကားဝယ်သူများ သည် ပြခန်းများတွင်ဝယ်ယူ လျှင် ပါကင်ပြစရာမလိုဘဲ တင်သွင်းခွင့်ပါမစ်လျှောက်မှသာတင်ပြရမည် ဖြစ်သည်ဟု ကားဝယ်ရောင်း လုပ်သူ ကိုမင်းမင်းကပြောသည်။

သီလ၀ံ ကားဝန်ဆောင်မှု ကုမ္ပဏီ မန်နေဂျာ ဦးညီညီဇော်က လက်ရှိတွင် ၂၀၁၄ လိုင်စင်ကတ် ရပြီးသား ကားများသာ အရောင်းအ၀ယ်ဖြစ်ပြီး ကားအရောင်းအ၀ယ် အေးနေသည်ဟုဆိုသည်။ စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေး ၀န်ကြီး ဌာနမှ ဇန်န၀ါရီ ၁ရက်တွင် လိုင်စင်လျှောက်ခွင့် ပြုမည်ဟုဆိုသော် လည်း လက်ရှိ အချိန်ထိ လျှောက်ခွင့်မရသေး ကြောင်း ၎င်းကပြောသည်။

‘‘သုံးလပိုင်းအထိ စောင့် ကြည့်ရဦးမယ်။ စီးပွားကူးသန်းရဲ့ ထုတ်ပြန်ချက်ကလည်း ဘယ်လို လာဦးမလဲ မသိဘူး။ ဒါကြောင့်  ဒီအချိန်မှာ ပြောရခက်နေ တုန်းပဲ။ လက်ရှိအနေအထားအရတော့ Show room တွေက အခွင့်အရေး  သာနေတဲ့ သဘောရှိတယ်။ တစ် နိုင်တစ်ပိုင်ကားဝယ်ရောင်းပြု လုပ်သူတွေ အတွက်တော့ ခက်ခဲ နေတယ်’’ဟု ကားဝယ်ရောင်းပြု လုပ်သူ ဦးကရင်ကပြောသည်။

‘‘အရင်တုန်းက လူတွေက တစ်နိုင်တစ်ပိုင် လုပ်ခဲ့ကြတယ်။ အခုတံခါးဖွင့်စီးပွား စနစ်ဖြစ် လာ တယ်။ စီးပွားရေးအရ ပြိုင်ဆိုင်မှု ပါ။ စီးပွားရေးအရ နစ်နာမှုရှိတဲ့ သူကတော့ ပြောမှာပဲ’’ဟု Capi-tal Automotive ကုမ္ပဏီ မန်နေ ဂျင်းဒါရိုက်တာ ဦးခင်ထွန်းက ပြောသည်။

လက်ရှိ ကားဈေးကွက်သည် ပုံစံကျလာကာ စနစ်တကျရှိလာခြင်းဖြစ်ပြီး စီးပွားရေးအရလမ်းကြောင်း တစ်ခု ပေါ် ရောက်ရှိ လာခြင်းဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောသည်။

‘‘၂၀၁၅ ကစပြီး တစ်ပြေး ညီသတ်မှတ်တာပါ။ နစ်နာတဲ့ သူတွေတော့ရှိမှာပဲ။ ဒါပေမဲ့ ဥပဒေအတိုင်းတော့ လုပ်ရမှာပဲ။ ခြွင်း ချက်ထားပြန်ရင်လည်း ဒီနေရာ ကို ပြုံတိုးလာမှာဆိုးတယ်။ ဒါကြောင့် ဘယ်လိုပုံစံပဲ ဖြစ်ဖြစ် တစ်ပြေးညီသတ်မှတ်ခဲ့တာပါ’’ဟု စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန အကြံပေး ဒေါက်တာ မောင်အောင်ကပြောသည်။

7Day DAILY 

No comments:

Post a Comment