Wednesday 7 January 2015

ရန်ကုန်မြို့ရှိ လမ်းဘေးအသုပ်စုံများ၏ ၇၅ ရာခိုင်နှုန်းမှာ စားသုံးရန် မသင့်ကြောင်း တွေ့ရှိ

Photo: ရန်ကုန်မြို့ရှိ လမ်းဘေးအသုပ်စုံများ၏ ၇၅ ရာခိုင်နှုန်းမှာ စားသုံးရန် မသင့်ကြောင်း တွေ့ရှိ
Wednesday, January 7, 2015 

မြန်မာနိုင်ငံ၏ လူဦးရေ အထူထပ်ဆုံး ရန်ကုန်မြို့ရှိ လမ်းဘေးအသုပ်စုံ ဆိုင်များထဲမှ စမ်းသပ်နမူနာ ၄၅ ခုကို ဓာတ်ခွဲစမ်းသပ် စစ်ဆေးရာ ၇၅ ရာခိုင်နှုန်းသည် စားသုံးရန် မသင့်သောအဆင့်တွင် ရှိသည်ကို တွေ့ရှိရကြောင်း ဇန်နဝါရီလ ၅ ရက်နေ့တွင် ပြုလုပ်သော (၄၃) ကြိမ်မြောက် ကျန်းမာရေးဆိုင်ရာ သုတေသန ညီလာခံတွင် ဖတ်ကြားလိုက်သည်။

ဆေးသုတေသန ဦးစီးဌာန (အောက်မြန်မာပြည်) တွင် ကျင်းပသော ကျန်းမာရေးဆိုင်ရာ သုတေသန ညီလာခံတွင် ယခုကဲ့သို့ ဖတ်ကြားသွားခြင်း ဖြစ်သည်။ ယခင် ၂၀၁၃ ခုနှစ် ဇူလိုင်လမှ ဒီဇင်ဘာလအထိ ရန်ကုန်မြို့ရှိ လမ်းဘေး ဈေးဆိုင်များတွင် လိုက်လံစစ်ဆေးခဲ့ရာ အသုပ်စုံ နမူနာများ၏ ၂၄ ရာခိုင်နှုန်းတွင် အီးကိုလိုင်ပိုး စစ်ဆေးတွေ့ရှိခဲ့ပြီး အများစုမှာ စားသုံးရန် ကျေနပ်သော အဆင့်တွင် မရှိကြောင်း သုတေသန စာတမ်းရှင်က ရှင်းပြသည်။

အလားတူ ရန်ကုန်မြို့တော်ရှိ ဆူရှီဆိုင် အချို့ကို စစ်ဆေးခဲ့ရာ စမ်းသပ်နမူနာ ၅၁ ရာခိုင်နှုန်းနီးပါးတွင် အီးကိုလိုင်ပိုး ပါဝင်နေသည်ကို တွေ့ရှိခဲ့ကြောင်း ၎င်းက ဆက်လက်ပြောဆိုသည်။

“အီးကိုလိုင်ပိုးက သိုးနေတဲ့ မသန့်တဲ့ အစာနဲ့ရေတွေမှာ ပါတတ်တယ်။ ဒီအစားအစာတွေကို စားမိတဲ့အခါ ဝမ်းပျက်ဝမ်းလျှော ဖြစ်စေနိုင်ပြီး၊ ပိုးက ဆီးလမ်းကြောင်းဝင်ရင် ဆီးအောင့်တတ်တယ်” ဟု ရောင်ခြည်သစ် ကုသိုလ်ဖြစ် အခမဲ့ဆေးကုခန်းမှ တာဝန်ခံဒေါက်တာ ကျော်စွာဦးက ပြောကြားသည်။

ခန္ဓာကိုယ်အတွင်း အူလမ်းကြောင်းတွင် ကပ်တွယ်နေသော အဆိုပါ ပိုးကြောင့် အစာအဆိပ်သင့် အန္တရာယ်များ ဖြစ်ပေါ်နိုင်ခြင်းကို သတိပြုမိစေရန် ယင်းသုတေသန စစ်တမ်းကို ကောက်ယူခဲ့ခြင်း ဖြစ်ကြောင်း၊ အီးကိုလိုင်ပိုးသည် အူလမ်းကြောင်း ပြင်ပရောဂါများနှင့် ဝမ်းသွားခြင်းတို့လည်း ဖြစ်နိုင်ကြောင်း ဆေးသုတေသန စစ်တမ်းတွင် ဖော်ပြထားသည်။

အီးကိုလိုင်ပိုးသည် ၁၉၈၂ ခုနှစ်တွင် ဟမ်ဘာဂါ၌ ပထမဆုံးအကြိမ် တွေ့ရှိခဲ့ခြင်း ဖြစ်သည်။

The Voice Weekly
မြန်မာနိုင်ငံ၏ လူဦးရေ အထူထပ်ဆုံး ရန်ကုန်မြို့ရှိ လမ်းဘေးအသုပ်စုံ ဆိုင်များထဲမှ စမ်းသပ်နမူနာ ၄၅ ခု ကို ဓာတ်ခွဲစမ်းသပ် စစ်ဆေးရာ ၇၅ ရာခိုင်နှုန်းသည် စားသုံးရန် မသင့်သောအဆင့်တွင် ရှိသည်ကို တွေ့ရှိ ရကြောင်း ဇန်နဝါရီလ ၅ ရက်နေ့တွင် ပြုလုပ်သော (၄၃) ကြိမ်မြောက် ကျန်းမာရေးဆိုင်ရာ သုတေသန ညီလာခံတွင် ဖတ်ကြားလိုက်သည်။

ဆေးသုတေသန ဦးစီးဌာန (အောက်မြန်မာပြည်)တွင် ကျင်းပသော ကျန်းမာရေးဆိုင်ရာ သုတေသန ညီလာခံတွင် ယခုကဲ့သို့ ဖတ်ကြားသွားခြင်း ဖြစ်သည်။ ယခင် ၂၀၁၃ ခုနှစ် ဇူလိုင်လမှ ဒီဇင်ဘာလအထိ ရန်ကုန်မြို့ရှိ လမ်းဘေး ဈေးဆိုင်များတွင် လိုက်လံစစ်ဆေးခဲ့ရာ အသုပ်စုံ နမူနာများ၏ ၂၄ ရာခိုင်နှုန်းတွင် အီးကိုလိုင်ပိုး စစ်ဆေးတွေ့ရှိခဲ့ပြီး အများစုမှာ စားသုံးရန်ကျေနပ်သောအဆင့်တွင်မရှိကြောင်း သုတေသန စာတမ်းရှင်က ရှင်းပြသည်။

အလားတူ ရန်ကုန်မြို့တော်ရှိ ဆူရှီဆိုင် အချို့ကို စစ်ဆေးခဲ့ရာ စမ်းသပ်နမူနာ ၅၁ ရာခိုင်နှုန်းနီးပါးတွင် အီးကိုလိုင်ပိုး ပါဝင်နေသည်ကို တွေ့ရှိခဲ့ကြောင်း ၎င်းက ဆက်လက်ပြောဆိုသည်။

“အီးကိုလိုင်ပိုးက သိုးနေတဲ့ မသန့်တဲ့ အစာနဲ့ရေတွေမှာ ပါတတ်တယ်။ ဒီအစားအစာတွေကို စားမိတဲ့အခါ ဝမ်းပျက်ဝမ်းလျှော ဖြစ်စေနိုင်ပြီး၊ ပိုးက ဆီးလမ်းကြောင်းဝင်ရင် ဆီးအောင့်တတ်တယ်” ဟု ရောင်ခြည်သစ် ကုသိုလ်ဖြစ် အခမဲ့ဆေးကုခန်းမှ တာဝန်ခံဒေါက်တာ ကျော်စွာဦးက ပြောကြားသည်။

ခန္ဓာကိုယ်အတွင်း အူလမ်းကြောင်းတွင် ကပ်တွယ်နေသော အဆိုပါ ပိုးကြောင့် အစာအဆိပ်သင့် အန္တရာယ် များ ဖြစ်ပေါ်နိုင်ခြင်းကို သတိပြုမိစေရန် ယင်းသုတေသန စစ်တမ်းကို ကောက်ယူခဲ့ခြင်း ဖြစ်ကြောင်း၊ အီးကိုလိုင်ပိုးသည် အူလမ်းကြောင်း ပြင်ပရောဂါများနှင့် ဝမ်းသွားခြင်းတို့လည်း ဖြစ်နိုင်ကြောင်း ဆေးသုတေ သန စစ်တမ်းတွင် ဖော်ပြထားသည်။

အီးကိုလိုင်ပိုးသည် ၁၉၈၂ ခုနှစ်တွင် ဟမ်ဘာဂါ၌ ပထမဆုံးအကြိမ် တွေ့ရှိခဲ့ခြင်း ဖြစ်သည်။

The Voice Weekly 

No comments:

Post a Comment