Wednesday 7 January 2015

ဦးချစ်မောင်အိမ်ရာ စုံတွဲကြိုးကြာကုမ္ပဏီရုံး မီးလောင်

Photo: ဦးချစ်မောင်အိမ်ရာ စုံတွဲကြိုးကြာကုမ္ပဏီရုံး မီးလောင်
Wednesday, January 7, 2015

တာမွေမြို့နယ် တာမွေကြီး (ခ) ရပ်ကွက် ဦးချစ်မောင်လမ်းရှိ ဦးချစ်မောင်အိမ်ရာ စုံတွဲကြိုးကြာ ကုမ္ပဏီတွင် ဇန်နဝါရီလ ၆ရက်နေ့ ညနေ ၆ နာရီခန့်က မီးချောင်း အပူလွန်ကဲရာမှ မီးလောင်ခဲ့ရာ မီးငြှိမ်းသတ်နေသော မီးသတ် တပ်ဖွဲ့ဝင်သုံးဦ ဒဏ်ရာများ ရရှိခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး မီးသတ်ဦးစီးဌာနမှ တိုင်းမီးသတ်ဦးစီးမှူး ဦးသော်ဒါက ပြောကြားသည်။

အဆိုပါအိမ်ရာရှိ သုံးထပ်ခွဲ အဆောက်အအုံ တစ်လုံးတွင် ဖွင့်လှစ်ထားသော စုံတွဲကြိုးကြာ ကုမ္ပဏီရုံးခန်း ပထမထပ်တွင် ထွန်းထားသည့် မီးချောင်းမှာ အပူလွန်ကဲကာ အောက်တွင် ရှိနေသော စက္ကူပုံးပေါ်ကျရာမှ မီးစတင် လောင်ကျွမ်းခဲ့ခြင်း ဖြစ်ကြောင်း၊ မီးလောင်မှုကြောင့် မီးချောင်းတစ်ချောင်းနှင့် စက္ကူပုံးအချို့ မီးလောင်ဆုံးရှုံးခဲ့ပြီး မီးငြှိမ်းသတ်နေသော မီးသတ်တပ်ဖွဲ့ဝင် သုံးဦးမှာ ထိခိုက်ဒဏ်ရာများ ရရှိခဲ့သဖြင့် ဆေးကုသမှု ခံယူခဲ့ရကြောင်း အဆိုပါ မီးသတ်ဦးစီးဌာနထံမှ စုံစမ်းသိရှိရသည်။

ယင်းမီးလောင်မှုကို မီးသတ်ယာဉ် ၁၃ စီး၊ မီးသတ်တပ်ဖွဲ့ ၇၀ ထက်မနည်း သွားရောက် ငြှိမ်းသတ်ခဲ့ကြောင်း၊ ကုမ္ပဏီတွင် မီးလောင်မှု ဖြစ်ပွားခဲ့သောကြောင့် ပေါ့ဆသူကို ပုဒ်မ ၂၈၅ ဖြင့် အမှုဖွင့်လှစ်ထားကြောင်း တာမွေမြို့မ ရဲစခန်းထံမှ သိရှိရသည်။

အလားတူ ယင်းနေ့ ညနေ ၃ နာရီ ၄၅ မိနစ်ခန့်က ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်၊ ၂၃ ရပ်ကွက်၊ စက်မှုဇုန် (၁) မိုးကုတ်လမ်းရှိ ဇမ္ဗူရတနာထွန်း သစ်စက်တွင် ကျွန်းသစ်သားပေါင်းရာမှ အပူလွန်ကဲပြီး ကျွန်းသစ်များနှင့် သစ်စက်ခေါင်မိုးတို့ မီးလောင် ဆုံးရှုံးခဲ့ကြောင်း၊ မီးလောင်မှုကြောင့် မန်နေဂျာ ဦးမောင်မြင့်ကို ပုဒ်မ ၂၈၅ ဖြင့် အမှုဖွင့်လှစ်ထားကြောင်း ရန်ကုန်တိုင်းဒေသကြီး မီးသတ်ဦးစီးဌာနထံမှ သိရှိရသည်။ 

The Voice Weekly
တာမွေမြို့နယ် တာမွေကြီး (ခ) ရပ်ကွက် ဦးချစ်မောင်လမ်းရှိ ဦးချစ်မောင်အိမ်ရာ စုံတွဲကြိုးကြာ ကုမ္ပဏီ တွင် ဇန်နဝါရီလ ၆ရက်နေ့ ညနေ ၆ နာရီခန့်က မီးချောင်း အပူလွန်ကဲရာမှ မီးလောင်ခဲ့ရာ မီးငြှိမ်းသတ် နေသော မီးသတ် တပ်ဖွဲ့ဝင်သုံးဦ ဒဏ်ရာများ ရရှိခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး မီးသတ်ဦးစီးဌာနမှ တိုင်းမီးသတ်ဦးစီးမှူး ဦးသော်ဒါက ပြောကြားသည်။

အဆိုပါအိမ်ရာရှိ သုံးထပ်ခွဲ အဆောက်အအုံ တစ်လုံးတွင် ဖွင့်လှစ်ထားသော စုံတွဲကြိုးကြာ ကုမ္ပဏီရုံးခန်း ပထမထပ်တွင် ထွန်းထားသည့် မီးချောင်းမှာ အပူလွန်ကဲကာ အောက်တွင် ရှိနေသော စက္ကူပုံးပေါ်ကျရာမှ မီးစတင် လောင်ကျွမ်းခဲ့ခြင်း ဖြစ်ကြောင်း၊ မီးလောင်မှုကြောင့် မီးချောင်းတစ်ချောင်းနှင့် စက္ကူပုံးအချို့ မီးလောင်ဆုံးရှုံးခဲ့ပြီး မီးငြှိမ်းသတ်နေသော မီးသတ်တပ်ဖွဲ့ဝင် သုံးဦးမှာ ထိခိုက်ဒဏ်ရာများ ရရှိခဲ့သဖြင့် ဆေးကုသမှု ခံယူခဲ့ရကြောင်း အဆိုပါ မီးသတ်ဦးစီးဌာနထံမှ စုံစမ်းသိရှိရသည်။

ယင်းမီးလောင်မှုကို မီးသတ်ယာဉ် ၁၃ စီး၊ မီးသတ်တပ်ဖွဲ့ ၇၀ ထက်မနည်း သွားရောက် ငြှိမ်းသတ်ခဲ့ ကြောင်း၊ ကုမ္ပဏီတွင် မီးလောင်မှု ဖြစ်ပွားခဲ့သောကြောင့် ပေါ့ဆသူကို ပုဒ်မ ၂၈၅ ဖြင့် အမှုဖွင့်လှစ် ထားကြောင်း တာမွေမြို့မ ရဲစခန်းထံမှ သိရှိရသည်။

အလားတူ ယင်းနေ့ ညနေ ၃ နာရီ ၄၅ မိနစ်ခန့်က ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်၊ ၂၃ ရပ်ကွက်၊ စက်မှုဇုန်(၁) မိုးကုတ်လမ်းရှိ ဇမ္ဗူရတနာထွန်း သစ်စက်တွင် ကျွန်းသစ်သားပေါင်းရာမှ အပူလွန်ကဲပြီး ကျွန်းသစ်များနှင့် သစ်စက်ခေါင်မိုးတို့ မီးလောင် ဆုံးရှုံးခဲ့ကြောင်း၊ မီးလောင်မှုကြောင့် မန်နေဂျာ ဦးမောင်မြင့် ကို ပုဒ်မ ၂၈၅ ဖြင့် အမှုဖွင့်လှစ်ထားကြောင်း ရန်ကုန်တိုင်းဒေသကြီး မီးသတ်ဦးစီးဌာနထံမှ သိရှိရသည်။ 

The Voice Weekly

No comments:

Post a Comment