Wednesday 7 January 2015

စက်မှုဇုန်များရှိ ဂိုဒေါင်လွတ်များ သိမ်းရန် အစီအစဉ်မရှိ

Photo: စက်မှုဇုန်များရှိ ဂိုဒေါင်လွတ်များ သိမ်းရန် အစီအစဉ်မရှိ
Wednesday, January 7, 2015

စက်မှုဇုန် ဂိုဒေါင်လွတ်များ သိမ်းယူတော့မည် မဟုတ်ကြောင်း ရန်ကုန်တိုင်း အစိုးရအဖွဲ့ တာဝန်ရှိသူများက ဇန်နဝါရီ ၅ ရက်က ပြုလုပ်သော အစည်းအဝေး၌ ပြောဆို လိုက်သည်ဟု စက်မှုဇုန် စီမံခန့်ခွဲရေး တာဝန်ရှိ သူများက ပြောသည်။

စက်မှုဇုန် ၂၉ ရှိ ဂိုဒေါင်လွတ်များမှာ ပြည်တွင်း အသေးစား၊ အလတ်စား စီးပွားရေးလုပ်ငန်းများနှင့် သက်ဆိုင်နေပြီး ကုန်စည် သိုလှောင်ရုံများအဖြစ် အသုံးပြုနေခြင်းကြောင့် တိုင်းအစိုးရအဖွဲ့က ဖြေလျှော့ပေးခဲ့ ခြင်းဟု ရွှေလင်ဗန်းစက်မှုဇုန် စီမံခန့်ခွဲရေး ကော်မတီ ဥက္ကဋ္ဌ ဦးအေးသောင်းက ပြောကြားသည်။

“ဇန်န၀ါရီ ၅ ရက်ကလုပ်တဲ့ အစည်းအဝေးမှာ လုပ်ငန်းရှင်တွေက တင်ပြလိုက်တာ။ ဂိုဒေါင်လွတ်တွေဆိုတာ SMEs လုပ်ငန်းတွေနဲ့ တိုက်ရိုက်သက်ဆိုင်နေသလို သယ်ယူပို့ဆောင်ရေး လုပ်ငန်းတွေကလည်း ဒီဂို ဒေါင်တွေကိုပဲ မှီပြီးလုပ်နေရတာလို့ အစိုးရအဖွဲ့ကို တင်ပြတော့ လူကြီးတွေက နားလည်မှု ပေးလိုက်တာ ပါ” ဟု ၎င်းက ပြောသည်။

ရန်ကုန်တိုင်းဒေသကြီး စက်မှုဇုန်စီမံ ခန့်ခွဲရေးကော်မတီက စက်မှုဇုန် ၂၉ ခု အတွင်းရှိ မြေကွက်လွတ်ပေါင်း ၂,၄၀၀ နှင့် ဂိုဒေါင်လွတ် ၁,၂၀၀ ကျော်ကို ၂၀၁၄ ခုနှစ် ဒီဇင်ဘာလ နောက်ဆုံးထားကာ လုပ်ငန်း ဆောင်ရွက်မှု အစီအစဉ် အသေးစိတ်တင်ပြရန် ထုတ်ပြန်ထားသော်လည်း မြေကွက်လွတ် ပိုင်ရှင်များက ဂိုဒေါင်လွတ်တည်ဆောက်ရန် အစီအစဉ် တင်ပြကြသော်လည်း ဂိုဒေါင်ပိုင်ရှင်များသည် လုပ်ငန်းအစီအစဉ် တင်ပြရန် အခက်အခဲများ ဖြစ်ပေါ်ခဲ့သည်ဟု လုပ်ငန်းရှင်များက ပြောသည်။

ဂိုဒေါင်လွတ်များကိုသာ ဖြေလျှော့ပေးခြင်းဖြစ်ပြီး လုပ်ငန်းဆောင်ရွက်ခြင်းမရှိသည့် မြေကွက်လွတ်များနှင့် လုပ်ငန်းအစီအစဉ်တင်ပြမှုများကို ကြီးကြပ်ရေးကော်မတီဖွဲ့၍ အသေးစိတ်စိစစ်မှုများ လုပ်ဆောင်နေပြီ ဖြစ်သည်။

သတ်မှတ်ရက်အတွင်း လုပ်ငန်းအစီအစဉ် တင်ပြခြင်းမရှိသည့် မြေကွက်လွတ်များကို လုပ်ငန်းတိုးချဲ့နေသည့် စီးပွားရေးလုပ်ငန်းရှင်များထံ လွှဲပြောင်းလုပ်ပိုင်ခွင့် ပေးနိုင်ရေးအတွက် တိုင်းအစိုးရတာဝန်ရှိသူများ တက်ရောက်သည့် အစည်းအဝေး၌ ထည့်သွင်း ပြောဆိုသွားခဲ့ကြောင်း စက်မှုဇုန် လုပ်ငန်းရှင်များက ပြော သည်။

တိုင်းဒေသကြီး စက်မှုဇုန်စီမံခန့်ခွဲရေး ကော်မတီ ထုတ်ပြန်ချက်အရ ရန်ကုန်တိုင်းရှိ စက်မှုဇုန် ၂၉ ခုတွင် ဂိုဒေါင်လွတ်ပေါင်း ၁,၂၉၉ လုံးအထိ ရှိနေသည်။

Mizzima - News in Burmese 

လှိုင်သာယာစက်မှုဇုန်အတွင်းရှိ လုပ်ငန်းလည်ပတ်လျက်ရှိသော စက်ရုံဂိုဒေါင်များကို တွေ့ရစဉ်။ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ စက်မှုဇုန် ၂၉ ခုတွင် ဂိုဒေါင်လွတ်ပေါင်း ၁,၂၉၉ လုံးအထိရှိနေပြီး မြေကွက်လွတ် ၂,၄၀ဝ ရှိသည်။ (ဓာတ်ပုံ - ဟိန်းထက်၊ မဇ္ဈိမ)
လှိုင်သာယာစက်မှုဇုန်အတွင်းရှိ လုပ်ငန်းလည်ပတ်လျက်ရှိသော စက်ရုံဂိုဒေါင်များကို တွေ့ရစဉ် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ စက်မှုဇုန် ၂၉ ခုတွင် ဂိုဒေါင်လွတ်ပေါင်း ၁,၂၉၉ လုံးအထိရှိနေပြီး မြေကွက် လွတ် ၂,၄၀ဝ ရှိသည်။ (ဓာတ်ပုံ - ဟိန်းထက်၊ မဇ္ဈိမ) 
စက်မှုဇုန် ဂိုဒေါင်လွတ်များ သိမ်းယူတော့မည် မဟုတ်ကြောင်း ရန်ကုန်တိုင်း အစိုးရအဖွဲ့ တာဝန်ရှိသူများက ဇန်နဝါရီ ၅ ရက်က ပြုလုပ်သော အစည်းအဝေး၌ ပြောဆို လိုက်သည်ဟု စက်မှုဇုန် စီမံခန့်ခွဲရေး တာဝန်ရှိ သူများက ပြောသည်။

စက်မှုဇုန် ၂၉ ရှိ ဂိုဒေါင်လွတ်များမှာ ပြည်တွင်း အသေးစား၊ အလတ်စား စီးပွားရေးလုပ်ငန်းများနှင့် သက်ဆိုင်နေပြီး ကုန်စည် သိုလှောင်ရုံများအဖြစ် အသုံးပြုနေခြင်းကြောင့် တိုင်းအစိုးရအဖွဲ့က ဖြေလျှော့ ပေးခဲ့ ခြင်းဟု ရွှေလင်ဗန်းစက်မှုဇုန် စီမံခန့်ခွဲရေး ကော်မတီ ဥက္ကဋ္ဌ ဦးအေးသောင်းက ပြောကြားသည်။

“ဇန်န၀ါရီ ၅ ရက်ကလုပ်တဲ့ အစည်းအဝေးမှာ လုပ်ငန်းရှင်တွေက တင်ပြလိုက်တာ။ ဂိုဒေါင်လွတ်တွေဆိုတာ SMEs လုပ်ငန်းတွေနဲ့ တိုက်ရိုက်သက်ဆိုင်နေသလို သယ်ယူပို့ဆောင်ရေး လုပ်ငန်းတွေကလည်း ဒီဂို ဒေါင်တွေကိုပဲ မှီပြီးလုပ်နေရတာလို့ အစိုးရအဖွဲ့ကို တင်ပြတော့ လူကြီးတွေက နားလည်မှု ပေးလိုက်တာ ပါ” ဟု ၎င်းက ပြောသည်။

ရန်ကုန်တိုင်းဒေသကြီး စက်မှုဇုန်စီမံ ခန့်ခွဲရေးကော်မတီက စက်မှုဇုန် ၂၉ ခု အတွင်းရှိ မြေကွက်လွတ်ပေါင်း ၂,၄၀၀ နှင့် ဂိုဒေါင်လွတ် ၁,၂၀၀ ကျော်ကို ၂၀၁၄ ခုနှစ် ဒီဇင်ဘာလ နောက်ဆုံးထားကာ လုပ်ငန်း ဆောင်ရွက်မှု အစီအစဉ် အသေးစိတ်တင်ပြရန် ထုတ်ပြန်ထားသော်လည်း မြေကွက်လွတ် ပိုင်ရှင်များက ဂိုဒေါင်လွတ်တည်ဆောက်ရန် အစီအစဉ် တင်ပြကြသော်လည်း ဂိုဒေါင်ပိုင်ရှင်များသည် လုပ်ငန်းအစီအစဉ် တင်ပြရန် အခက်အခဲများ ဖြစ်ပေါ်ခဲ့သည်ဟု လုပ်ငန်းရှင်များက ပြောသည်။

ဂိုဒေါင်လွတ်များကိုသာ ဖြေလျှော့ပေးခြင်းဖြစ်ပြီး လုပ်ငန်းဆောင်ရွက်ခြင်းမရှိသည့် မြေကွက်လွတ်များနှင့် လုပ်ငန်းအစီအစဉ်တင်ပြမှုများကို ကြီးကြပ်ရေးကော်မတီဖွဲ့၍ အသေးစိတ်စိစစ်မှုများ လုပ်ဆောင်နေပြီ ဖြစ်သည်။

သတ်မှတ်ရက်အတွင်း လုပ်ငန်းအစီအစဉ် တင်ပြခြင်းမရှိသည့် မြေကွက်လွတ်များကို လုပ်ငန်းတိုးချဲ့ နေသည့် စီးပွားရေးလုပ်ငန်းရှင်များထံ လွှဲပြောင်းလုပ်ပိုင်ခွင့် ပေးနိုင်ရေးအတွက် တိုင်းအစိုးရတာဝန် ရှိသူများ တက်ရောက်သည့် အစည်းအဝေး၌ ထည့်သွင်း ပြောဆိုသွားခဲ့ကြောင်း စက်မှုဇုန် လုပ်ငန်းရှင် များက ပြော သည်။

တိုင်းဒေသကြီး စက်မှုဇုန်စီမံခန့်ခွဲရေး ကော်မတီ ထုတ်ပြန်ချက်အရ ရန်ကုန်တိုင်းရှိ စက်မှုဇုန် ၂၉ ခုတွင် ဂိုဒေါင်လွတ်ပေါင်း ၁,၂၉၉ လုံးအထိ ရှိနေသည်။

Mizzima - News in Burmese 

No comments:

Post a Comment