Wednesday 7 January 2015

ညောင်တုန်းမြို့၌ ဗိုလ်ချုပ်ရာပြည့် မွေးနေ့အထိမ်းအမှတ်ပွဲတော် စည်ကားစွာ ကျင်းပမည်

ဧရာဝတီတိုင်းဒေသကြီး၊ ညောင်တုန်းမြို့၌ ဖေဖော်ဝါရီလ ၁၃ ရက်နေ့တွင် ကျရောက်မည့် ဗိုလ်ချုပ် အောင်ဆန်း နှစ်(၁၀၀) ပြည့် မွေးနေ့ အထိမ်းအမှတ်ကို စည်ကားစွာ ကျင်းပသွားမည် ဖြစ်ကြောင်း မြို့ခံ များထံမှ သိရသည်။

ဗိုလ်ချုပ်အောင်ဆန်းနှစ် (၁၀၀) ပြည့် မွေးနေ့အထိမ်းအမှတ် ရာပြည့်ပွဲတော်တွင် ဗိုလ်ချုပ်နှင့် ပတ်သက် သည့် စာစီစာကုံး ပြိုင်ပွဲ၊ ဝတ္ထုတို၊ ဆောင်းပါး၊ ကဗျာပြိုင်ပွဲများ၊ ဗိုလ်ချုပ် ပုံတူပန်းချီ၊ ကာတွန်းပြိုင်ပွဲများ၊ ကလေးများ သိမှတ်စရာ ဖတ်၊ မှတ်၊ စွမ်းရည် ပြိုင်ပွဲများ၊ အားကစားပြိုင်ပွဲများ၊ ပျော်ပွဲရွှင်ပွဲများနှင့် စာပေဟောပြောပွဲများ ကျင်းပမည် ဖြစ်ပြီး ဗိုလ်ချုပ်နှစ် (၁၀၀) ပြည့် မွေးနေ့ အထိမ်းအမှတ်အဖြစ် အမြင့် ၉ ပေရှိ ဗိုလ်ချုပ် ကြေးရုပ်တုကို သွန်းလောင်း စိုက်ထူသွားရန် စီစဉ်ဆောင်ရွက်လျက် ရှိကြောင်း ပြိုင်ပွဲကျင်းပရေး ကော်မတီထံမှ သိရသည်။

ဗိုလ်ချုပ်နှစ် (၁၀၀) ပြည့် မွေးနေ့ အထိမ်းအမှတ်ပွဲတော်နှင့် ဗိုလ်ချုပ် ကြေးရုပ်တု ဖြစ်မြောက်ရေးအတွက် အလှူငွေများ ဆက်သွယ် လှူဒါန်းလိုပါက ဗိုလ်ချုပ်မွေးနေ့ ရာပြည့်ပွဲတော်နှင့် ကြေးသွန်းရုပ်တု ဖြစ်မြောက် ရေ ကော်မတီ ဦးဇော်မင်းနိုင်၊ ဖုန်း-( ၀၉ - ၄၂၂၁၅၇၃၆၁) ၊ ဦးညွန့်ဝင်း ၀၉ - ၉၅၉၈၂၃၁) နှင့် ဦးခင်မောင်ညို (၀၉-၄၉၇၀၆၁၃၈ နှင့် ဆရာဦးဇေယျာ (၀၉- ၃၁၃၈၇၈၇၈) ထံသို့ ဆက်သွယ် လှူဒါန်းနိုင် ကြောင်း ယင်းကော်မတီထံမှ သိရသည်။

ထွန်းကျော် (ညောင်တုန်း)
The Voice Weekly 

No comments:

Post a Comment