Wednesday 7 January 2015

ရွေးကောက်ပွဲကော်မရှင်မှ ရေးဆွဲသည့်ရွေးကောက်ပွဲစောင့်ကြည့်လေ့လာ ရေး လုပ်ထုံးလုပ်နည်းအပေါ် အရပ်ဘက်အဖွဲ့အစည်းများ၏ အကြံပြုချက်များကို ဇန်နဝါရီလ ဒုတိယပတ်တွင် ကော်မရှင်သို့ ပြန်တင်ပြမည်

Photo: ရွေးကောက်ပွဲကော်မရှင်မှ ရေးဆွဲသည့်ရွေးကောက်ပွဲစောင့်ကြည့်လေ့လာ ရေး လုပ်ထုံးလုပ်နည်းအပေါ် အရပ်ဘက်အဖွဲ့အစည်းများ၏ အကြံပြုချက်များကို ဇန်နဝါရီလ ဒုတိယပတ်တွင် ကော်မရှင်သို့ ပြန်တင်ပြမည်
Wednesday, January 7, 2015

ရန်ကုန်၊ ဇန်နဝါရီ ၆-ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှရေးဆွဲထား သည့် ရွေးကောက်ပွဲစောင့်ကြည့် လေ့လာရေးလုပ်ထုံးလုပ်နည်း(code of conduct) အပေါ် အရပ်ဘက် အဖွဲ့အစည်းများ၏အကြံပြုတင်ပြချက်များအား ဇန်နဝါရီလဒုတိ ယပတ်အတွင်း UEC ထံတင်ပြ သွားမည်ဖြစ်ကြောင်း သိရသည်။

ရွေးကောက်ပွဲစောင့်ကြည့်လေ့ လာရေးဆိုင်ရာ လုပ်ထုံးလုပ်နည်းအပေါ် အရပ်ဘက်အဖွဲ့အစည်းများ ၏အကြံပြုတင်ပြချက်ကို ဇန်နဝါရီ ၁၅ရက် နောက်ဆုံးထားတင်ပြရန် ရွေးကောက်ပွဲကော်မရှင်မှ ပြော ကြားထားကြောင်း သိရသည်။

ရွေးကောက်ပွဲစောင့်ကြည့်လေ့လာရေးလုပ်ငန်းများ လုပ်ဆောင်သော အရပ်ဘက်အဖွဲ့အစည်းဖြစ် သည့် hornbill organization မှ ကိုချန်လျန်က'' UEC ရဲ့မူကြမ်း ပေါ်ကို ဘယ်အချက်တွေကိုတော့ ပြင်မယ်၊ ဘယ်အချက်ကိုတော့ ဘယ် လိုဖြည့်စွက်ချင်သလဲဆိုတာကို အ ရပ်ဘက်အဖွဲ့အစည်းတွေ ဆွေးနွေး ပြီး အကြံပြုချက်တွေကိုတင်ပြသွား မှာပါ။ ဒါနဲ့ပတ်သက်ပြီး ဒီရက်ပိုင်းအတွင်းမှာ အရပ်ဘက်အဖွဲ့အစည်း ပေါင်း ၂ဝလောက်တွေ့ဆုံဆွေးနွေး သွားမယ်။ CSOတွေ ရဲ့အကြံပြု ချက်တွေပို့မှပဲ code of conduct ကိုထုတ်ပြန်နိုင် မယ်''ဟု ပြောသည်။

ရွေးကောက်ပွဲလေ့လာစောင့် ကြည့်ရေးလုပ်ထုံးလုပ်နည်းများအား အရပ်ဘက် အဖွဲ့အစည်းများမှ ရေးဆွဲရန် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ ကမ်း လှမ်းခဲ့သော်လည်း ဒီဇင်ဘာလတွင်ပြုလုပ်ခဲ့သည့် အရပ်ဘက်အဖွဲ့အစည်း များနှင့်တွေ့ ဆုံပွဲတွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှရေးဆွဲထားသည့် code of conduct ကို ချပြခဲ့ခြင်းဖြစ်သည်။

ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်နှင့်အရပ်ဘက်အဖွဲ့အစည်းများ ၂၀၁၄ခုနှစ် ဒီဇင်ဘာလအတွင်းက မီကာဆာဟိုတယ်တွင် တွေ့ဆုံဆွေးနွေးခဲ့ပြီး ဇန်နဝါရီလ နောက်ဆုံးပတ် (သို့မဟုတ်)ဖေဖော်ဝါရီလပထမပတ်အတွင်း ထပ်မံတွေ့ ဆုံသွားမည်ဖြစ်ကြောင်း သိရသည်။

၂၀၁၅အထွေထွေရွေးကောက် ပွဲကို လွတ်လပ်ပြီး တရားမျှတသည့် ရွေးကောက် ပွဲဖြစ်စေရေးအတွက် လေ့လာစောင့်ကြည့်ရန် ပြည်တွင်း ပြည်ပမှ အရပ်ဘက် အဖွဲ့အစည်းများအား ခွင့်ပြုမည်ဖြစ်ကြောင်း ပြည် ထောင်စုရွေးကောက်ပွဲကော် မရှင် ဥက္ကဋ္ဌက ပြောကြားထားသည်။

HM
Democracytoday
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှရေးဆွဲထား သည့် ရွေးကောက်ပွဲစောင့်ကြည့် လေ့လာရေးလုပ်ထုံး လုပ်နည်း(code of conduct) အပေါ် အရပ်ဘက် အဖွဲ့အစည်းများ၏အကြံပြုတင်ပြချက်များအား ဇန်နဝါရီလ ဒုတိ ယပတ်အတွင်း UEC ထံတင်ပြ သွားမည်ဖြစ်ကြောင်း သိရသည်။
ရွေးကောက်ပွဲစောင့်ကြည့်လေ့ လာရေးဆိုင်ရာ လုပ်ထုံးလုပ်နည်းအပေါ် အရပ်ဘက်အဖွဲ့အစည်းများ ၏အကြံပြုတင်ပြချက်ကို ဇန်နဝါရီ ၁၅ရက် နောက်ဆုံးထားတင်ပြရန် ရွေးကောက်ပွဲကော်မရှင်မှ ပြော ကြားထားကြောင်း သိရသည်။

ရွေးကောက်ပွဲစောင့်ကြည့်လေ့လာရေးလုပ်ငန်းများ လုပ်ဆောင်သော အရပ်ဘက်အဖွဲ့အစည်းဖြစ် သည့် hornbill organization မှ ကိုချန်လျန်က'' UEC ရဲ့မူကြမ်း ပေါ်ကို ဘယ်အချက်တွေကိုတော့ ပြင်မယ်၊ ဘယ်အချက်ကိုတော့ ဘယ် လိုဖြည့်စွက်ချင်သလဲဆိုတာကို အ ရပ်ဘက်အဖွဲ့အစည်းတွေ ဆွေးနွေး ပြီး အကြံပြုချက်တွေကိုတင်ပြသွား မှာပါ။ ဒါနဲ့ပတ်သက်ပြီး ဒီရက်ပိုင်းအတွင်းမှာ အရပ်ဘက်အဖွဲ့အစည်း ပေါင်း ၂ဝလောက်တွေ့ဆုံဆွေးနွေး သွားမယ်။ CSOတွေ ရဲ့အကြံပြု ချက်တွေပို့မှပဲ code of conduct ကိုထုတ်ပြန်နိုင် မယ်''ဟု ပြောသည်။

ရွေးကောက်ပွဲလေ့လာစောင့် ကြည့်ရေးလုပ်ထုံးလုပ်နည်းများအား အရပ်ဘက် အဖွဲ့အစည်းများမှ ရေးဆွဲ ရန် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ ကမ်း လှမ်းခဲ့သော်လည်း ဒီဇင်ဘာလတွင် ပြုလုပ်ခဲ့သည့် အရပ်ဘက်အဖွဲ့အစည်း များနှင့်တွေ့ ဆုံပွဲတွင် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်မှ ရေးဆွဲထားသည့် code of conduct ကို ချပြခဲ့ခြင်းဖြစ်သည်။

ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်နှင့်အရပ်ဘက်အဖွဲ့အစည်းများ ၂၀၁၄ခုနှစ် ဒီဇင်ဘာလအတွင်းက မီကာဆာဟိုတယ်တွင် တွေ့ဆုံဆွေးနွေးခဲ့ပြီး ဇန်နဝါရီလ နောက်ဆုံးပတ် (သို့မဟုတ်)ဖေဖော်ဝါရီလ ပထမ ပတ် အတွင်း ထပ်မံတွေ့ ဆုံသွားမည်ဖြစ်ကြောင်း သိရသည်။

၂၀၁၅အထွေထွေရွေးကောက် ပွဲကို လွတ်လပ်ပြီး တရားမျှတသည့် ရွေးကောက် ပွဲဖြစ်စေရေးအတွက် လေ့လာ စောင့်ကြည့်ရန် ပြည်တွင်း ပြည်ပမှ အရပ်ဘက် အဖွဲ့အစည်းများအား ခွင့်ပြုမည်ဖြစ်ကြောင်း ပြည် ထောင်စုရွေးကောက်ပွဲကော် မရှင် ဥက္ကဋ္ဌက ပြောကြားထားသည်။

HM
Democracytoday‬

No comments:

Post a Comment