Wednesday 7 January 2015

မြန်မာနိုင်ငံ၏ ပထမဆုံးကာဒီနယ်ရဟန်းအမတ်ဖြစ်လာသည့် ချားလ်ဘိုအား အမေရိကန်သံရုံးဂုဏ်ပြု

ပုပ်ရဟန်းမင်းကြီးရာထူးအတွက် အဆိုပြုတင်မြှောက်ခွင့်ရှိသည့် ကက်သလစ်ဘာသာရေး အတိုင်ပင်ခံ ရဟန်း အမတ်(ကာဒီ နယ်)အဖွဲ့ဝင်တစ်ဦးဖြစ်လာ သည့်အတွက် ဂိုဏ်းချုပ်ဆရာ တော် ချားလ်ဘိုအား အမေရိကန် သံရုံးက ချီးကျူးဂုဏ်ပြုကြောင်း သတင်းထုတ်ပြန်သည်။

ရန်ကုန်မြို့ရှိ အမေရိကန် သံရုံး၏ ကြေညာချက်တွင် ရိုမန် ကက်သလစ် ဂိုဏ်းချုပ်   ဆရာ တော် ချားလ်ဘို ၏ မြင့်မြတ် သန့်စင်မှုဂုဏ်ရည်ကြောင့်  ပုပ် ရဟန်းမင်းကြီးက ကာဒီနယ် အဖွဲ့ဝင် ဘုန်းတော်ကြီးတစ်ပါး အဖြစ် ရွေးချယ်ခဲ့ခြင်းအပေါ် နွေး ထွေးစွာဖြင့် ဂုဏ်ပြုကြောင်း ဖော် ပြထားသည်။

ဇန်န၀ါရီ ၄ ရက်၊ ဗာတီကန် နန်းတော်    ကြေညာချက်အရချားလ် ဘိုသည် ပုပ်ရဟန်းမင်းကြီးရာ ထူးကို အဆိုပြုရွေးချယ်ခွင့်ရှိသည့် ကာဒီနယ်အဖွဲ့ဝင် ဘုန်းတော်ကြီး ၁၂၀ တွင် ပါဝင်ခွင့်ရရှိလာပြီး ယင်းသည် မြန်မာနိုင်ငံမှ ကက်သလစ်သာသနာ့ ၀န်ထမ်းတစ်ဦးအတွက် ပထမဆုံးအကြိမ်အဖြစ် ဗာတီကန် ကာဒီနယ်အဖွဲ့အတွက် ရွေးချယ်ခံရခြင်းအဖြစ် မှတ်တမ်းဝင်ခဲ့သည်။

ချားလ်ဘိုသည်  မြန်မာ နိုင်ငံ၏ ငြိမ်းချမ်းရေး၊ ဘာသာ ရေးလွတ်လပ်ခွင့်၊ အပြန်အလှန် ယုံကြည်နားလည်မှု နှင့် ဒီမိုကရေ စီရေးကဏ္ဍများအတွက် မားမား မတ်မတ်ရပ်တည်ဆောင်ရွက်ခဲ့ သူဖြစ်ကြောင်း အမေရိကန်သံရုံး ၏ ကြေညာချက်တွင် ချီးကျူးဖော် ပြထားပြီး အမေရိကန်ပြည် ထောင်စုအနေဖြင့်လည်း ချားလ်ဘို၏  သာသနာ့တာဝန်သစ်တွင် အောင်မြင်မှုများ ဆက်လက်ရရှိစေရန် ဆန္ဒပြုပါကြောင်း ရေးသားထားသည်။

ထို့အပြင် ချားလ်ဘို အနေဖြင့် ငြိမ်းချမ်းရေး၊ ဒီမို ကရေစီရေး၊ တရားမျှတမှုတို့နှင့် ပတ်သက်၍ ၎င်း၏ အတွေးအမြင် များကို ဖော်ဆောင်ရာတွင်လည်း မြန်မာနိုင်ငံတွင်သာမကဘဲ တစ်ကမ္ဘာလုံး အတိုင်းအတာ ဖြင့် အောင်မြင်    ထမြောက်ပါစေ ကြောင်း အမေရိကန်သံရုံး၏ ဆုမွန်ကောင်းတောင်းကြေညာ ချက်တွင် ဖော်ပြပါရှိသည်။

ရိုမန်ကက်သလစ်ဘာသာ ရေး၏ အခေါင်အချုပ် ပုဂ္ဂိုလ် ဖြစ် သည့် ပုပ်ရဟန်းမင်းကြီးသည် ဇန် န၀ါရီ ၄ ရက်က ကာဒီနယ်အဖွဲ့ဝင် ရာထူးအတွက် ဖွံ့ဖြိုးဆဲ နိုင်ငံ အများစုမှ ရဟန်းအမတ် ၁၅ ပါး အား ရွေး ချယ်ခဲ့ပြီး ယင်းတို့အနက်  ရန်ကုန်ကက်သလစ်ဂိုဏ်းချုပ် ဆရာတော် ချားလ်ဘိုသည်လည်း တစ်ဦးအပါ အ၀င် ဖြစ်ခဲ့သည်။

ချားလ်ဘိုသည် နှစ်ပေါင်း ၅၀၀အတွင်း    မြန်မာနိုင်ငံသား တစ်ဦးအနေဖြင့် ပထမဆုံးအကြိမ် ကာဒီနယ် အဖွဲ့ဝင် အဖြစ် ရွေးချယ်ခံရသူဖြစ်ပြီး အခြားသော ရဟန်းအမတ် အသစ်များနှင့်အတူ ဖေဖော်ဝါရီ ၁၄ ရက်မှ စတင်ကာဗာတီကန် နန်းတော်၏ တာဝန်များကို  ထမ်းဆောင်သွားမည်ဖြစ် ကြောင်း သိရှိရသည်။

7Day DAILY 

No comments:

Post a Comment