Wednesday 7 January 2015

ဘာသာရေး ပဋိပက္ခ သတိပြုဖို့ မြန်မာ ကာဒီနယ် ဘုန်းကြီးသစ် သတိပေး

ဘာသာရေးအစွန်းရောက်မှုကြောင့် ချီးကျုးအမွှန်းတင်ခံနေရတဲ့ မြန်မာနိုင်ငံရဲ့ ပြုပြင်ပြောင်းလဲရေး လုပ် ငန်းစဉ်တွေ လမ်းချော်သွားနိုင်တယ်လို့ ကာဒီနယ်ခေါ် ကက်သလစ်ဘုန်းကြီးသစ်အဖြစ် ရွေးချယ်ခံခဲ့ရတဲ့ မြန်မာကက်သလစ်အသင်းတော်ရဲ့ ရန်ကုန်ဂိုဏ်းချုပ်သာသနာဆရာတော်ကြီး ချားလ်စ်ဘိုက ပြောပါတယ်။

ဇန်နဝါရီလ ၄ ရက်နေ့က ပုပ်ရဟန်းမင်းကြီး ဖရန်စစ်က ကာဒီနယ်လ် ဘုန်းကြီး အမတ်သစ် ၂၀ ကို ထပ်မံ ရွေးကောက် တင်မြှောက်ခဲ့ရာမှာ မြန်မာနိုင်ငံက အသက် ၆၆ နှစ်အရွယ် ချားလ်စ်ဘို လည်းပါဝင်ခဲ့ပါတယ်။

မြန်မာနိုင်ငံမှာဖြစ်ပွားခဲ့တဲ့ ဘာသာရေးပဋိပက္ခတွေနဲ့ပတ်သက်ပြီး နိုင်ငံတကာ အစွန်းရောက် အဖွဲ့တွေ ပါဝင် ပတ်သက် လာမယ့်အရေး စိုးရိမ်ဖွယ်ရှိတယ်လို့ ဘုန်းတော်ကြီး ချားလ်စ်ဘို က ရိုက်တာသတင်းကို ပြောဆိုခဲ့ပါတယ်။ အထူး သဖြင့် နိုင်ငံတွင်းက မူဆလင်တွေကို နိုင်ငံတကာ အစွန်းရောက် မူဆလင် အင်အားစုတွေနဲ့ ပေါင်းမိသွားအောင် တွန်းပို့ သလိုဖြစ်သွားမယ်ဆိုရင် အသေခံဗုံးခွဲမှု စတဲ့ အကြမ်းဖက် လုပ်ရပ်တွေ ပေါ်ပေါက်လာနိုင်ကြောင်း၊ ဒါကြောင့် ဘာသာတွေကြား အပြန်အလှန် နားလည်မှုရှိကြဖို့၊ အစိုးရအနေနဲ့လည်း အမုန်းစကားတွေအပေါ် ပိုပြီး ထိထိ ရောက်ရောက် ဟန့်တား ဆောင်ရွက်ဖို့ တိုက် တွန်း ကြောင်း၊ တိုင်းရင်းသား ငြိမ်းချမ်းရေး လုပ်ငန်းစဉ် မအောင်မြင် ဘဲ၊ ဘာသာရေး ပဋိပက္ခတွေ လည်း ဆက် ဖြစ်နေမယ်ဆိုရင် စစ်တပ်ရဲ့ထိန်းချုပ် မှုအောင်ပြန်ရောက်သွားနိုင်ကြောင်း၊ တိုင်းပြည်ငြိမ်းချမ်းဖို့ အတွက် ဗုဒ္ဓဘာသာရဟန်းတော်တွေရဲ့ အခန်းကဏ္ဍ အင်မတန်အရေးကြီးကြောင်းလည်း သတိပေး ပြောဆိုခဲ့ ပါတယ်။

ဒါ့ပြင် မိမိအနေနဲ့လည်း ရခိုင်ပြည်နယ် နဲ့ကချင်ပြည်နယ် တည်ငြိမ်ရေးအတွက် အစွမ်းကုန်ကြိုးပမ်း ဆောင်ရွက်သွားမယ် လို့ ပြောကြားခဲ့ပါတယ်။ကာဒီနယ် ဘုန်းတော်ကြီး ချားလ်စ်ဘိုနဲ့ အတူရွေးကောက်ခံ ရတဲ့ ကာဒီနယ် အသစ်တွေကို လာမယ့် ဖေဖေါ်ဝါရီလ ၁၄ ရက်နေ့ ဗာတီကန်နန်းတော်မှာ ပုပ်ရဟန်း မင်းကြီးက အခမ်းအနားနဲ့ ခန့်အပ်မှာ ဖြစ်ပါတယ်။

RFA Burmese

No comments:

Post a Comment