Wednesday 7 January 2015

ကချင်ပြည်နယ်တွင် တစ်ဖက်နိုင်ငံမှ တရားမဝင်သစ်ခိုးထုတ်သည့်အဖွဲ့ ကြီးအား ဖမ်းဆီးနိုင်ခဲ့ပြီးနောက် နယ်စပ်ဒေသများတွင် တရားမဝင်သစ် ခိုးထုတ်မှုများအား အရေးတကြီး ပူးပေါင်းဖမ်းဆီးရန်လိုအပ်လာနေဟု ပတ်ဝန်းကျင်ထိန်းသိမ်းရေးပညာရှင်များဝေဖန်

Photo: ကချင်ပြည်နယ်တွင် တစ်ဖက်နိုင်ငံမှ တရားမဝင်သစ်ခိုးထုတ်သည့်အဖွဲ့ ကြီးအား ဖမ်းဆီးနိုင်ခဲ့ပြီးနောက် နယ်စပ်ဒေသများတွင် တရားမဝင်သစ် ခိုးထုတ်မှုများအား အရေးတကြီး ပူးပေါင်းဖမ်းဆီးရန်လိုအပ်လာနေဟု ပတ်ဝန်းကျင်ထိန်းသိမ်းရေးပညာရှင်များဝေဖန်
Wednesday, January 7, 2015 

တရားမဝင်ယာဉ်နှင့် တစ်ဖက်နိုင်ငံသားများကိုလည်း ဇန်နဝါရီ ၅ ရက်က ထပ်မံဖမ်းဆီးရမိ
*************************************************

ရန်ကုန်၊ ဇန်နဝါရီ ၆- သစ်ခိုးထုတ်မှုအမြင့်ဆုံးဒေသဖြစ်သော ကချင်ပြည် နယ်အပါအဝင် နယ်စပ်ဒေသ များတွင် တရားမဝင် သစ်ခိုးထုတ်မှုများကို အရေးတကြီးပူးပေါင်းဖမ်းဆီး ရန်လိုအပ်လာနေကြောင်း သစ်တောနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးပညာ ရှင်များက ထောက်ပြပြောဆိုကြသည်။

ကချင်ပြည်နယ် ဝိုင်းမော်မြို့ နယ်တွင် ဝါရှောင်၊ မံဝိန်း၊ ဆီနီးကူး၊ မံတောင်၊ လော ခွန့်ယန်း၊ ဆဒုံး ဒေသအတွင်း နိုင်ငံတော်၏သယံဇာတဖြစ်သည့် အဖိုးတန်သစ် များအား တရားမဝင်ခုတ်ယူပြီး တစ်ဖက်နိုင်ငံသို့ ကိုယ်ကျိုးစီးပွားအတွက် သယ်ဆောင်ရောင်းချရန် သစ်တင်ယာဉ်များ စုစည်းပြင်ဆင်ထားရှိမှု အား လေကြောင်းကင်းထောက်မှုအရ သိရှိရသဖြင့် တပ်မတော်စစ်ကြောင်းများ က ဇန်နဝါရီ ၂ရက်မှ ၅ရက်အထိ နယ်မြေရှင်းလင်းဆောင်ရွက်ခဲ့ကြရာတွင် တရားမဝင်သစ်ထုတ်ရာတွင် အသုံးပြုသော ဒိုဇာတစ်စီး၊ ပါဂျဲရိုး လေးစီး၊ ပီကင်းဂျစ်လေးစီး၊ ဝန်ဆွဲ ယာဉ်သုံးစီး၊ နှစ်ခန်းတွဲယာဉ် နှစ်စီး၊ အမျိုးအစားစိစစ်ဆဲ သစ်တင်ယာဉ် ၄၄ရစီး(သစ်ပါရှိယာဉ် ၁၄စီး)၊ တုန်းဖုန်း/ဒေါင်ဖန်း ယာဉ်လေးစီး၊ ကရိန်း လေးစီး စုစုပေါင်းယာဉ် ၄၇၂စီး၊ ဆိုင်ကယ်ကိုးစီး၊ မြန်မာနိုင်ငံသား ကျား လေးဦး၊ မ ၁၆ဦးနှင့် တစ်ဖက် နိုင်ငံသား ကျား ၁၁၄ဦး၊ မငါးဦး၊ စုစုပေါင်း ၁၃၉ဦး၊ ချိန်းဆောနှစ်ခု၊ အိပ်ရာ ၁ဝခု၊ ဆိုလာပြား တစ်ပြား၊ ဘက်ထရီတစ်လုံး၊ ဖုန်းကြိုးတိုင်တစ် ခု၊ စိတ်ကြွဆေးပြား ၆၈ဝပြား၊ ဘိန်း မဲခြောက်ထုပ်၊ ဘိန်းစိမ်း ၂ဝကျပ်သား၊ တရုတ်ယွမ်ငွေ ၁၂၀၀ဝအား သိမ်းဆည်းရမိကြောင်း ဇန်နဝါရီ ငါးရက် ထုတ်ပြန်ချက်များအပေါ် သစ်တောပညာရှင်များက ထောက်ပြပြောဆို ကြခြင်းဖြစ်သည်။

Extensionist Myanmar Environmental Education Team ဥက္ကဋ္ဌ ဦးစည်သူလွင်က ''ငြိမ်း ချမ်းရေးမရတဲ့အတွက် တရားဥပဒေ စိုးမိုးမှုမရှိဘူး၊ တရားဥပဒေစိုးမိုးမှု မရှိနေသမျှကာလပတ်လုံး သယံဇာတ တွေက ဆုံးရှုံးနေဦးမှာပဲ၊ ကချင်ပြည် နယ်တစ်ခုတည်းတင် မဟုတ်ဘူး။ ငြိမ်းချမ်းရေး အမြန်ဆုံးရဖို့လို့တယ်''ဟုပြောသည်။

နိုင်ငံတော်အစိုးရအနေဖြင့် အိမ်နီးချင်းနိုင်ငံများနှင့် ဆက်ဆံရေး များ တိုးမြှင့်လုပ်ကိုင်ဆောင်ရွက်နေ သည်များရှိသော်လည်း မိမိနိုင်ငံမှ တရားမဝင်ထွက်ရှိနေသည့် သယံဇာ တများနှင့်ပတ်သက်ပြီး ထိန်းချုပ်ပေး ရန် တောင်းဆိုမှုများပြုလုပ်မှုအား နည်းကြောင်း၊ သစ်တောသယံဇာတ များမတရားဆုံးရှုံးနေရခြင်းမှာ ကချင် ပြည်နယ်တစ်ခုတည်းနှင့်ဆိုင်သည့် ကိစ္စမဟုတ်ဘဲ တစ်မျိုးသားလုံးနှင့် ဆိုင်သည့်ကိစ္စဖြစ်ကြောင်း သစ်တော ပညာရှင်များက ထောက်ပြပြောဆို ကြသည်။

ယင်းနှင့်ပတ်သက်ပြီး သစ်တော ဦးစီးဌာနတွင် ဒုတိယညွှန်ကြားရေး မှူးချုပ်အဆင့်ထိ တာဝန်ထမ်းဆောင် ခဲ့သူတစ်ဦးက ''နယ်စပ်တွေမှာက သစ်ခိုးထုတ်နေမှုတွေကို ဒီအချိန်ထိ မထိန်းချုပ်နိုင်သေးပါဘူး။ သစ်တော ဝန်ထမ်းတွေက သာမန်ဝန်ထမ်းတွေ ပါ။ လုံခြုံရေးအင်အားကောင်းနဲ့ ပူး ပေါင်းဆောင်ရွက်မှရမယ်။ အခုဖမ်း ဆီးရမိသလိုပေါ့။ စစ်တပ်၊ သစ်တော၊ ရဲ အားလုံးပေါင်းပြီးထိန်းချုပ်ရင်ရ ပါတယ်။ အခုက ပူးပေါင်းမှုအား နည်းတယ်။ ပြည်တွင်းမှာရှိနေတဲ့ သစ် ခိုးထုတ်မှုတွေအားလုံးက နယ်စပ် တွေကိုပဲသွားတာပါ။ အဲ့ဒီတော့ အ ရင်ဆုံးနယ်စပ်တွေကို ထိန်းချုပ်ရမယ်။ပြီးရင်ပြည်တွင်းမှာပဲရှိနေတဲ့ သစ်ခိုး ထုတ်မှုတွေကို ဖော်ထုတ်ရမယ်။ပြည် တွင်းမှာလဲ တော်တော်ဆိုးတဲ့နေရာ တွေ အများကြီးရှိနေသေးတယ်''ဟု ပြောသည်။

မြန်မာနိုင်ငံတွင် အစိုးရသစ် ကာလ ပတ်ဝန်းကျင်ထိန်းသိမ်းရေး ကိုအလေးပေးသည့်အနေဖြင့် ပြည်ပသို့ သစ်လုံးတင်ပို့မှုများကို ၂၀၁၄ ခုနှစ် ဧပြီ၁ရက်မှစတင်ရပ်ဆိုင်းခဲ့ သော်လည်း တရားမဝင်သစ်များမှာ တရုတ်နိုင်ငံတွင် ကချင်ပြည်နယ်မှ အလုံးလိုက် ထွက်ရှိနေမှုများနှင့် ပတ်သက်ပြီး ထိန်းချုပ်နိုင်စွမ်းမရှိ သေးကြောင်း သိရသည်။

ယင်းနှင့်ပတ်သက်ပြီး သစ်တော ဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးကျော်ကျော် လွင်က ''လုံခြုံရေးအခြေအ နေတွေကြောင့် ဒီနေရာတွေကိုမသွားနိုင်ပါဘူး။ သတင်းကြားတယ်ဆိုရင် တော့ တင်ပြပြီး ပူးပေါင်းဖမ်းဆီးပါတယ်။ အခုလို တပ်ရောပါဝင်မယ် ဆိုရင်တော့ အမြန်ဆုံးလျော့ကျသွားနိုင်ပါတယ်။ သစ်ခိုး ထုတ်မှုအဆိုး ဆုံးကတော့ ကချင်ပြည်နယ်ပါပဲ။ သမိုင်းမှာလဲ ဒါမျိုးဖမ်းဆီးရမိတာ ရှားပါတယ်''ဟုပြောသည်။

ဖမ်းဆီးရမိသောတစ်ဖက်နိုင်ငံသားများထံမှ ကေအိုင်အေ(ကချင်)အဖွဲ့ စီးပွားရေးတာဝန်ခံဗိုလ်မှူးချုပ် အဆင့်ရှိ ဇော်ဘုတ်ထန် လက်မှတ်ရေး ထိုးခွင့်ပြုထားသော သစ်ထုတ် ခွင့်ပြုထားသည့်စာအား သိမ်းဆည်းရမိကြောင်း ထုတ်ပြန်ချက်အရ သိရသည်။

ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာနအနေဖြင့် အစိုးရသစ်လက်ထက်တွင် နိုင်ငံ တော်၏ အဖိုးတန်သယံဇာတပစ္စည်း များအား နောင်သားစဉ်မြေးဆက် စဉ်ဆက်မပြတ် ရေရှည်ထုတ်ယူနိုင် ရေးနှင့် သဘာဝပတ်ဝန်းကျင်ထိန်း သိမ်းရေးလုပ်ငန်းများအတွက် တရားမဝင် သစ်ခိုးယူထုတ်ခြင်း ဆောင်ရွက် မှုများအား ဖော်ထုတ်ဖမ်းဆီးဆောင်ရွက်ခဲ့ရာ ၂၀၁၁-၂၀၁၂ဘဏ္ဍာနှစ်မှ ၂၀၁၄-၂၀၁၅ဘဏ္ဍာနှစ်(အောက်တိုဘာလအထိ ကျွန်း/သစ်မာ/ အခြား စုစုပေါင်း ၁၃၈,၆၄၉တန်ကို တရားခံနိုင်ငံခြားသား ၁၃၀၊ နိုင်ငံသား၂၂၆၇၃ဦး၊ သစ်တင်ကား ၃၄၂၉စီး၊ ထော်လာဂျီ ၄၇ရစီး၊ သစ် တင်ကရိန်း/မြေကော်စက်/မြေထိုး စက် ရှစ်စီး၊ ထွန်စက် ခြောက်စီး၊ စက်လှေ/မော်တော် ၆၈၈စီး၊ လက် ကိုင်လွှစက် ၄၂၂ခု ဆက်စပ်ပစ္စည်း အများအပြားနှင့်အတူ ဖမ်းဆီးရမိ ခဲ့ကြောင်း သစ်တောဦးစီးဌာန၏ ၂၀၁၄ ဒီဇင်ဘာ ၁၂ရက် ထုတ်ပြန် ချက်များအရ သိရသည်။

AA
Democracytoday
တရားမဝင်ယာဉ်နှင့် တစ်ဖက်နိုင်ငံသားများကိုလည်း ဇန်နဝါရီ ၅ ရက်က ထပ်မံဖမ်းဆီးရမိ

ရန်ကုန်၊ ဇန်နဝါရီ ၆- သစ်ခိုးထုတ်မှုအမြင့်ဆုံးဒေသဖြစ်သော ကချင်ပြည် နယ်အပါအဝင် နယ်စပ်ဒေသ များတွင် တရားမဝင် သစ်ခိုးထုတ်မှုများကို အရေးတကြီးပူးပေါင်းဖမ်းဆီး ရန်လိုအပ်လာနေကြောင်း သစ်တောနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးပညာ ရှင်များက ထောက်ပြပြောဆိုကြသည်။

ကချင်ပြည်နယ် ဝိုင်းမော်မြို့ နယ်တွင် ဝါရှောင်၊ မံဝိန်း၊ ဆီနီးကူး၊ မံတောင်၊ လော ခွန့်ယန်း၊ ဆဒုံး ဒေသအတွင်း နိုင်ငံတော်၏သယံဇာတဖြစ်သည့် အဖိုးတန်သစ် များအား တရားမဝင်ခုတ်ယူပြီး တစ်ဖက်နိုင်ငံသို့ ကိုယ်ကျိုးစီးပွားအတွက် သယ်ဆောင်ရောင်းချရန် သစ်တင်ယာဉ်များ စုစည်းပြင်ဆင်ထားရှိမှု အား လေကြောင်းကင်းထောက်မှုအရ သိရှိရသဖြင့် တပ်မတော်စစ်ကြောင်းများ က ဇန်နဝါရီ ၂ရက်မှ ၅ရက်အထိ နယ်မြေရှင်းလင်းဆောင်ရွက်ခဲ့ကြရာတွင် တရားမဝင်သစ်ထုတ်ရာတွင် အသုံးပြုသော ဒိုဇာတစ်စီး၊ ပါဂျဲရိုး လေးစီး၊ ပီကင်းဂျစ်လေးစီး၊ ဝန်ဆွဲ ယာဉ်သုံးစီး၊ နှစ်ခန်းတွဲယာဉ် နှစ်စီး၊ အမျိုးအစားစိစစ်ဆဲ သစ်တင်ယာဉ် ၄၄ရစီး(သစ်ပါရှိယာဉ် ၁၄စီး)၊ တုန်းဖုန်း/ဒေါင်ဖန်း ယာဉ်လေးစီး၊ ကရိန်း လေးစီး စုစုပေါင်းယာဉ် ၄၇၂စီး၊ ဆိုင်ကယ်ကိုးစီး၊ မြန်မာနိုင်ငံသား ကျား လေးဦး၊ မ ၁၆ဦးနှင့် တစ်ဖက် နိုင်ငံသား ကျား ၁၁၄ဦး၊ မငါးဦး၊ စုစုပေါင်း ၁၃၉ဦး၊ ချိန်းဆောနှစ်ခု၊ အိပ်ရာ ၁ဝခု၊ ဆိုလာပြား တစ်ပြား၊ ဘက်ထရီတစ်လုံး၊ ဖုန်းကြိုးတိုင်တစ် ခု၊ စိတ်ကြွဆေးပြား ၆၈ဝပြား၊ ဘိန်း မဲခြောက်ထုပ်၊ ဘိန်းစိမ်း ၂ဝကျပ်သား၊ တရုတ်ယွမ်ငွေ ၁၂၀၀ဝအား သိမ်းဆည်းရမိကြောင်း ဇန်နဝါရီ ငါးရက် ထုတ်ပြန်ချက်များအပေါ် သစ်တောပညာရှင်များက ထောက်ပြပြောဆို ကြခြင်းဖြစ်သည်။

Extensionist Myanmar Environmental Education Team ဥက္ကဋ္ဌ ဦးစည်သူလွင်က ''ငြိမ်း ချမ်းရေး မရတဲ့ အတွက် တရားဥပဒေ စိုးမိုးမှုမရှိဘူး၊ တရားဥပဒေစိုးမိုးမှု မရှိနေသမျှကာလပတ်လုံး သယံဇာတ တွေက ဆုံးရှုံးနေဦးမှာပဲ၊ ကချင်ပြည် နယ်တစ်ခုတည်းတင် မဟုတ်ဘူး။ ငြိမ်းချမ်းရေး အမြန်ဆုံးရဖို့လို့တယ်''ဟုပြောသည်။

နိုင်ငံတော်အစိုးရအနေဖြင့် အိမ်နီးချင်းနိုင်ငံများနှင့် ဆက်ဆံရေး များ တိုးမြှင့်လုပ်ကိုင်ဆောင်ရွက်နေ သည် များ ရှိသော် လည်း မိမိနိုင်ငံမှ တရားမဝင်ထွက်ရှိနေသည့် သယံဇာ တများနှင့်ပတ်သက်ပြီး ထိန်းချုပ်ပေး ရန် တောင်းဆိုမှုများပြုလုပ်မှုအား နည်းကြောင်း၊ သစ်တောသယံဇာတ များမတရားဆုံးရှုံးနေရခြင်းမှာ ကချင် ပြည်နယ်တစ်ခုတည်းနှင့်ဆိုင်သည့် ကိစ္စမဟုတ်ဘဲ တစ်မျိုးသားလုံးနှင့် ဆိုင်သည့်ကိစ္စဖြစ်ကြောင်း သစ်တော ပညာရှင်များက ထောက်ပြပြောဆို ကြသည်။

ယင်းနှင့်ပတ်သက်ပြီး သစ်တော ဦးစီးဌာနတွင် ဒုတိယညွှန်ကြားရေး မှူးချုပ်အဆင့်ထိ တာဝန်ထမ်းဆောင် ခဲ့သူတစ်ဦးက ''နယ်စပ်တွေမှာက သစ်ခိုးထုတ်နေမှုတွေကို ဒီအချိန်ထိ မထိန်းချုပ်နိုင်သေးပါဘူး။ သစ်တော ဝန်ထမ်းတွေက သာမန်ဝန်ထမ်းတွေ ပါ။ လုံခြုံရေးအင်အားကောင်းနဲ့ ပူး ပေါင်းဆောင်ရွက်မှရမယ်။ အခုဖမ်း ဆီးရမိသလိုပေါ့။ စစ်တပ်၊ သစ်တော၊ ရဲ အားလုံးပေါင်းပြီးထိန်းချုပ်ရင်ရ ပါတယ်။ အခုက ပူးပေါင်းမှုအား နည်းတယ်။ ပြည်တွင်းမှာရှိနေတဲ့ သစ် ခိုးထုတ်မှုတွေအားလုံးက နယ်စပ် တွေကိုပဲသွားတာပါ။ အဲ့ဒီတော့ အ ရင်ဆုံးနယ်စပ်တွေကို ထိန်းချုပ်ရမယ်။ပြီးရင်ပြည်တွင်းမှာပဲရှိနေတဲ့ သစ်ခိုး ထုတ်မှုတွေကို ဖော်ထုတ်ရမယ်။ပြည် တွင်းမှာလဲ တော်တော်ဆိုးတဲ့နေရာ တွေ အများကြီးရှိနေသေးတယ်''ဟု ပြောသည်။

မြန်မာနိုင်ငံတွင် အစိုးရသစ် ကာလ ပတ်ဝန်းကျင်ထိန်းသိမ်းရေး ကိုအလေးပေးသည့်အနေဖြင့် ပြည်ပသို့ သစ်လုံးတင်ပို့မှုများကို ၂၀၁၄ ခုနှစ် ဧပြီ၁ရက်မှစတင်ရပ်ဆိုင်းခဲ့ သော်လည်း တရားမဝင်သစ်များမှာ တရုတ်နိုင်ငံတွင် ကချင်ပြည်နယ်မှ အလုံးလိုက် ထွက်ရှိနေမှုများနှင့် ပတ်သက်ပြီး ထိန်းချုပ်နိုင်စွမ်းမရှိ သေးကြောင်း သိရသည်။

ယင်းနှင့်ပတ်သက်ပြီး သစ်တော ဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးကျော်ကျော် လွင်က ''လုံခြုံရေးအခြေအ နေတွေကြောင့် ဒီနေရာတွေကိုမသွားနိုင်ပါဘူး။ သတင်းကြားတယ်ဆိုရင် တော့ တင်ပြပြီး ပူးပေါင်းဖမ်းဆီးပါတယ်။ အခုလို တပ်ရောပါဝင်မယ် ဆိုရင်တော့ အမြန်ဆုံးလျော့ကျသွားနိုင်ပါတယ်။ သစ်ခိုး ထုတ်မှုအဆိုး ဆုံးကတော့ ကချင်ပြည်နယ်ပါပဲ။ သမိုင်းမှာလဲ ဒါမျိုးဖမ်းဆီးရမိတာ ရှားပါတယ်''ဟုပြောသည်။

ဖမ်းဆီးရမိသောတစ်ဖက်နိုင်ငံသားများထံမှ ကေအိုင်အေ(ကချင်)အဖွဲ့ စီးပွားရေးတာဝန်ခံဗိုလ်မှူးချုပ် အဆင့်ရှိ ဇော်ဘုတ်ထန် လက်မှတ်ရေး ထိုးခွင့်ပြုထားသော သစ်ထုတ် ခွင့်ပြုထားသည့်စာအား သိမ်းဆည်းရမိကြောင်း ထုတ်ပြန်ချက်အရ သိရသည်။

ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာနအနေဖြင့် အစိုးရသစ်လက်ထက်တွင် နိုင်ငံ တော်၏ အဖိုးတန်သယံဇာတပစ္စည်း များအား နောင်သားစဉ်မြေးဆက် စဉ်ဆက်မပြတ် ရေရှည်ထုတ်ယူနိုင် ရေးနှင့် သဘာဝပတ်ဝန်းကျင်ထိန်း သိမ်းရေးလုပ်ငန်းများအတွက် တရားမဝင် သစ်ခိုးယူထုတ်ခြင်း ဆောင်ရွက် မှုများအား ဖော်ထုတ်ဖမ်းဆီးဆောင်ရွက်ခဲ့ရာ ၂၀၁၁-၂၀၁၂ဘဏ္ဍာနှစ်မှ ၂၀၁၄-၂၀၁၅ဘဏ္ဍာနှစ်(အောက်တိုဘာလအထိ ကျွန်း/သစ်မာ/ အခြား စုစုပေါင်း ၁၃၈,၆၄၉တန်ကို တရားခံနိုင်ငံခြားသား ၁၃၀၊ နိုင်ငံသား၂၂၆၇၃ဦး၊ သစ်တင်ကား ၃၄၂၉စီး၊ ထော်လာဂျီ ၄၇ရစီး၊ သစ် တင်ကရိန်း/မြေကော်စက်/မြေထိုး စက် ရှစ်စီး၊ ထွန်စက် ခြောက်စီး၊ စက်လှေ/မော်တော် ၆၈၈စီး၊ လက် ကိုင်လွှစက် ၄၂၂ခု ဆက်စပ်ပစ္စည်း အများအပြားနှင့်အတူ ဖမ်းဆီးရမိ ခဲ့ကြောင်း သစ်တောဦးစီးဌာန၏ ၂၀၁၄ ဒီဇင်ဘာ ၁၂ရက် ထုတ်ပြန် ချက်များအရ သိရသည်။

AA
‪Democracytoday‬

No comments:

Post a Comment