Wednesday 7 January 2015

ပါမစ်မရှိဘဲတင်သွင်းလာသော ဆိပ်ကမ်းရောက်ကားများ စတင် အရေးယူ တော့မည်ဟုဆို

ကားတင်သွင်းခွင့်စည်း ကမ်းအသစ်အရ ရန်ကုန်ဆိပ်ကမ်းသို့ ယခုရက်ပိုင်း၌ ရောက်ရှိလာသော ကားများ တွင် ပါမစ် လျှောက်ထားခြင်းမပါပါက ဥပဒေအတိုင်း အရေးယူမည်ဖြစ်ကြောင်းသတင်းရရှိသည်။

၂၀၁၅ ဇန်န၀ါရီတွင် ရန် ကုန်ဆိပ်ကမ်းသို့ သင်္ဘော ငါးစီး ဆိုက်ကပ်မည်ဖြစ် ကြောင်း ကား အဟောင်းများ တင်ပို့ရောင်းချ သည့် Autocom Japan က ကြေ ညာထားသည်။

ယခင်က တစ်ဦးချင်းကား တင်သွင်းခွင့်ပါမစ်များအတွက် ကားကို ပြည်ပမှ တင်သွင်းရာ တွင် ဆိပ်ကမ်း ရောက်ရှိပြီးမှသာ လိုင်စင်လျှောက်ထားခြင်းခွင့်ပြု ခဲ့သည်။ ယင်းစနစ်ကြောင့် ဆိပ်ကမ်းတွင် ကားများစုပုံ နေသော ကြောင့် ၂၀၁၅ ဇန်န၀ါရီ ၁ ရက်မှစ၍ တစ်ဦးချင်းကားတင်သွင်းရာ၌ ဆိပ်ကမ်းရောက်မှ လိုင်စင် လျှောက်ထားခြင်းကို ခွင့်မပြုတော့ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

‘‘နစ်နာမှုတွေရှိမှာစိုးလို့ ကြိုတင်ကြေညာထားတယ်။ အမိန့် စတင်အာဏာ တည်တဲ့နေ့စပြီး ဒီ အတိုင်းပဲ သွားမယ်။ ဥပဒေအရ ကိုင်တွယ်သွားမယ်’’ဟု အထက် ပါဝန်ကြီးဌာန အကြံပေးဒေါက် တာမောင်အောင် ကပြောသည်။

ဆိုက်ကပ်မည့် သင်္ဘော လိုင်းများသည် ရက်အပြောင်း အလဲရှိသော်လည်း ကုမ္ပဏီဘက် မှ ဇန်န၀ါရီ ၆ ရက်၊ ၁၁ ရက်နှင့် ၂၇ ရက်ဟု ကြေညာထားသည်။ ဇန်န၀ါရီ ၆ ရက်တွင် SEALS  ကုမ္ပဏီဘက်မှ MARINE REL-IANCE သင်္ဘောနှင့် MALA-CCA HIGHWAY သင်္ဘောတို့ ဖြင့်လည်းကောင်း၊ ဇန်န၀ါရီ ၁၁ ရက်တွင် ECL ကုမ္ပဏီမှ  EISHUNသင်္ဘောနှင့် SINOR LINES ကုမ္ပ ဏီမှ HOEGH CHENNAI သင်္ဘောတို့ဖြင့်လည်းကောင်း၊ ဇန်န၀ါရီ ၂၇ ရက်တွင် SINOR LINESကုမ္ပဏီမှ CITY OF MUMBAI သင်္ဘောတို့ဖြင့်လည်းကောင်း တင်သွင်းမည်ဖြစ်ကြောင်း ကြေညာထားသည်။

‘‘ကျွန်တော်တို့အနေနဲ့ စည်း ကမ်းချက်တွေ လိုက်နာဖို့လို တယ်။ မလိုက်နာရင် ကားဆုံးရှုံး သွားနိုင်တယ်။ တင်လာတဲ့ သူ တွေအထဲမှာ မိုက်မဲတဲ့သူတွေ တော့ မပါလောက်ဘူးထင်တယ်’’ဟု မော်တော်ယာဉ်တင် သွင်း ထုတ်လုပ်သူများအသင်း ဥက္ကဋ္ဌ ဒေါက်တာစိုးထွန်းကပြောသည်။

ပြီးခဲ့သည့် ဒီဇင်ဘာအတွင်း ကားတင်သွင်းရန် လိုင်စင် လျှောက်ထားသူ တစ်သောင်း ကျော်ရှိကြောင်းနှင့် ယခုတင်သွင်းလာသူများသည်လည်း လိုင်စင် လျှောက်ထားပြီးသူများ အများစု ဖြစ်နိုင်ကြောင်း ၎င်းက ဆိုသည်။ သင်္ဘောတစ်စီးလျှင် အများဆုံး ကားသုံးထောင်ကျော်တင်ဆောင် လာပြီး သင်္ဘောအရွယ်အစား အလိုက်ကားအစီးအရေအတွက် ကွာခြားနိုင်ကြောင်း ၎င်းကပြော သည်။

7Day DAILY 

No comments:

Post a Comment