Wednesday 7 January 2015

မူးယစ်ဆေးဝါး လုပ်ငန်း များနှင့် မပတ်သက်ရန် BGF နှင့် ပြည်သူ့စစ် ခေါင်းဆောင်များအား ကာကွယ်ရေး ဦးစီးချုပ် မှာကြား

Photo: မူးယစ်ဆေးဝါး လုပ်ငန်း များနှင့် မပတ်သက်ရန် BGF နှင့် ပြည်သူ့စစ် ခေါင်းဆောင်များအား ကာကွယ်ရေး ဦးစီးချုပ် မှာကြား
Wednesday, January 7, 2015

မူးယစ်ဆေးဝါး လုပ်ငန်းများနှင့် မပတ်သက်ရန်၊ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ အတွင်းတွင် နေထိုင် လုပ်ကိုင် ကြရန် နယ်ခြား စောင့်တပ် (BGF) များနှင့် တိုင်းရင်းသားဒေသ များတွင် လှုပ်ရှား နေသည့် ပြည်သူ့စစ် ခေါင်းဆောင် များအား တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က မှာကြား ခဲ့ကြောင်း BGF မှ သတင်း ရရှိသည်။ ယခုလ (၅) ရက်နေ့တွင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် BGF နှင့် ပြည်သူ့စစ် ခေါင်းဆောင်များနှင့် နေပြည်တော်တွင် သီးသန့် တွေ့ဆုံခဲ့စဉ် အထက်ပါ အတိုင်း မှာကြား ခဲ့ခြင်း ဖြစ်ကြောင်း BGF မှ သိရသည်။ ကာချုပ်ကြီး ကတော့ မူးယစ်ဆေးဝါး လုပ်ငန်းတွေနဲ့ ကင်းကင်းရှင်းရှင်း နေဖို့ သူ အမြဲတမ်း မှာကြားနေကျ ဖြစ်တဲ့ ဥပဒေဘောင် အတွင်းမှာ နေထိုင်ဖို့ မှာကြား ပါတယ်။ ထွေထွေ ထူးထူးတော့ မှာကြားတာ မရှိပါဘူး။

ကျွန်တော်တို့ ကရင်ပြည်နယ် BGF တပ်တွေ ကတော့ မူးယစ်ဆေးဝါးနဲ့ ပတ်သက်တာ မရှိပါဘူး ဟု ကရင် ပြည်နယ် နယ်ခြား စောင့်တပ် (BGF) ဗဟို အကြံပေးနှင့် ကွပ်ကဲရေး ဗဟို ကော်မတီဝင် ဗိုလ်မှူး ထက်ဝင်းက The Messenger Media သို့ ပြောသည်။ ရှမ်းပြည်နယ် အတွင်း မူးယစ်ဆေးဝါး လုပ်ငန်း များတွင် ပြည်သူ့စစ်များ ပါဝင် ပတ်သက် နေကြောင်း ရှမ်းပြည်နယ် မြောက်ပိုင်း တပ်မတော် (RCSS/SSA) မှ ဗိုလ်မှူးကြီး တွင်ဖ က The Messenger Media သို့ ပြောသည်။ ထို့ပြင် မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေ နိုင်သော ဆေးဝါးများ ဆိုင်ရာ တားဆီး ကာကွယ်ရေးအဖွဲ့ (ဗဟို) မှ ဒုတိယရဲမှူးကြီး ကျော်ကျော်မင်း ကလည်း မူးယစ်ဆေးဝါး လုပ်ငန်း များတွင် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ ပါဝင် ပတ်သက် နေကြောင်း The Messenger Media သို့ ပြောသည်။

မူးယစ်ဆေးဝါး တိုက်ဖျက်ရေး လုပ်ငန်းတွေမှာ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ အစည်းတွေ ပူးပေါင်း ပါဝင် သွားမယ် ဆိုရင်တော့ မူးယစ် ဆေးဝါး စိုက်ပျိုးရေးရော သုံးစွဲမှုတွေ ကိုပါ လျှော့ချ နိုင်မယ်။ ပူးပေါင်း ပါဝင် ဖို့လည်း လိုအပ် ပါတယ်။ တိုင်းရင်းသား ဒေသတွေ မှာတော့ မူးယစ်ဆေးဝါး သုံးစွဲမှုတွေ ကတော့ မြင့်တက်နေပါ သေးတယ် ဟု ဒုတိယ ရဲမှူးကြီး ကျော်ကျော်မင်းက The Messenger Media သို့ ပြောသည်။

ယခုလ (၅) ရက်နေ့တွင် နေပြည်တော် ၌ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ကရင် ပြည်နယ်မှ BGF ခေါင်းဆောင် နှစ်ဦး၊ ကယား ပြည်နယ်မှ BGF ခေါင်းဆောင် တစ်ဦး၊ ရှမ်းပြည်နယ်မှ BGF ခေါင်းဆောင် တစ်ဦးနှင့် အခြားသော တိုင်းရင်းသား ပြည်နယ် များမှ ပြည်သူ့စစ် ခေါင်းဆောင်များ သီးသန့် တွေ့ဆုံခဲ့ကြောင်း BGF မှသိရသည်။ ထို့ပြင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် အဆိုပါ နေ့တွင် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း (၁၂) ဖွဲ့မှ ခေါင်းဆောင်များ နှင့်လည်း တွေ့ဆုံခဲ့သည်။

Messenger News Journal
မူးယစ်ဆေးဝါး လုပ်ငန်းများနှင့် မပတ်သက်ရန်၊ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအတွင်းတွင် နေထိုင် လုပ်ကိုင်ကြရန် နယ်ခြားစောင့်တပ်(BGF)များနှင့် တိုင်းရင်းသားဒေသများတွင် လှုပ်ရှားနေသည့် ပြည်သူ့စစ် ခေါင်းဆောင်များအား တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် က မှာကြားခဲ့ ကြောင်း BGF မှ သတင်း ရရှိသည်။ ယခုလ (၅) ရက်နေ့တွင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် BGF နှင့် ပြည်သူ့စစ် ခေါင်းဆောင်များနှင့် နေပြည်တော်တွင် သီးသန့် တွေ့ဆုံခဲ့စဉ် အထက်ပါ အတိုင်း မှာကြား ခဲ့ခြင်း ဖြစ်ကြောင်း BGF မှ သိရသည်။ ကာချုပ်ကြီး ကတော့ မူးယစ်ဆေးဝါး လုပ်ငန်းတွေနဲ့ ကင်းကင်း ရှင်းရှင်း နေဖို့ သူ အမြဲတမ်း မှာကြားနေကျ ဖြစ်တဲ့ ဥပဒေဘောင် အတွင်းမှာ နေထိုင်ဖို့ မှာကြား ပါတယ်။ ထွေထွေ ထူးထူးတော့ မှာကြားတာ မရှိပါဘူး။

ကျွန်တော်တို့ ကရင်ပြည်နယ် BGF တပ်တွေ ကတော့ မူးယစ်ဆေးဝါးနဲ့ ပတ်သက်တာ မရှိပါဘူး ဟု ကရင် ပြည်နယ် နယ်ခြား စောင့်တပ် (BGF) ဗဟို အကြံပေးနှင့် ကွပ်ကဲရေး ဗဟို ကော်မတီဝင် ဗိုလ်မှူး ထက်ဝင်းက The Messenger Media  သို့ ပြောသည်။ ရှမ်းပြည်နယ် အတွင်း မူးယစ်ဆေးဝါး လုပ်ငန်း များတွင် ပြည်သူ့စစ်များ ပါဝင် ပတ်သက် နေကြောင်း ရှမ်းပြည်နယ် မြောက်ပိုင်း တပ်မတော် (RCSS/SSA) မှ ဗိုလ်မှူးကြီး တွင်ဖ က The Messenger Media  သို့ ပြောသည်။ ထို့ပြင် မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေ နိုင်သော ဆေးဝါးများ ဆိုင်ရာ တားဆီး ကာကွယ်ရေးအဖွဲ့ (ဗဟို) မှ ဒုတိယရဲမှူးကြီး ကျော်ကျော်မင်း ကလည်း မူးယစ်ဆေးဝါး လုပ်ငန်း များတွင် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ ပါဝင် ပတ်သက် နေကြောင်း The Messenger Media  သို့ ပြောသည်။

မူးယစ်ဆေးဝါး တိုက်ဖျက်ရေး လုပ်ငန်းတွေမှာ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ အစည်းတွေ ပူးပေါင်း ပါဝင် သွားမယ် ဆိုရင်တော့ မူးယစ် ဆေးဝါး စိုက်ပျိုးရေးရော သုံးစွဲမှုတွေ ကိုပါ လျှော့ချ နိုင်မယ်။ ပူးပေါင်း ပါဝင် ဖို့လည်း လိုအပ် ပါတယ်။ တိုင်းရင်းသား ဒေသတွေ မှာတော့ မူးယစ်ဆေးဝါး သုံးစွဲမှုတွေ ကတော့ မြင့်တက်နေပါ သေးတယ် ဟု ဒုတိယ ရဲမှူးကြီး ကျော်ကျော်မင်းက The Messenger Media  သို့ ပြောသည်။

ယခုလ (၅) ရက်နေ့တွင် နေပြည်တော် ၌ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နှင့် ကရင် ပြည်နယ်မှ BGF ခေါင်းဆောင် နှစ်ဦး၊ ကယား ပြည်နယ်မှ BGF ခေါင်းဆောင် တစ်ဦး၊ ရှမ်းပြည်နယ်မှ BGF ခေါင်းဆောင် တစ်ဦးနှင့် အခြားသော တိုင်းရင်းသား ပြည်နယ် များမှ ပြည်သူ့စစ် ခေါင်းဆောင်များ သီးသန့် တွေ့ဆုံခဲ့ကြောင်း BGF မှသိရသည်။  ထို့ပြင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် အဆိုပါ နေ့တွင် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း (၁၂) ဖွဲ့မှ ခေါင်းဆောင်များ နှင့်လည်း တွေ့ဆုံခဲ့သည်။

Messenger News Journal

No comments:

Post a Comment