Wednesday 7 January 2015

ဧရာဝတီတိုင်းဒေသကြီးတွင် ဆားထုတ်လုပ်မှု ဆက်လက်ကျဆင်း

Photo: ဧရာဝတီတိုင်းဒေသကြီးတွင် ဆားထုတ်လုပ်မှု ဆက်လက်ကျဆင်း
Wednesday, January 7, 2015

နာဂစ်မုန်တိုင်း တိုက်ခတ်ပြီးချိန်မှစပြီး အခုအချိန်ထိ ဧရာဝတီတိုင်း ဒေသကြီး အတွင်းရှိ ဆားထုတ်လုပ်မှုဟာ ကျဆင်းနေတုန်းပဲလို့ တိုင်းဒေသကြီး မြန်မာ့ ဆားလုပ်ငန်းရုံး တာဝန်ရှိသူက ပြောပါတယ်။

နာဂစ်အပြီး ဆားထုတ်လုပ်မှုရာသီမှာ ဆားဧက ၃ သောင်းကျော်ကို ဆားတောင်သူ ၈၀၃ ဦး လုပ်ကိုင်ခဲ့ပေမယ့် ၂၀၁၄-၂၀၁၅ ရာသ်ီမှာတော့ ဆားဧက ၁ သောင်းကျော်ကို ဆားတောင်သူ ၂၃၃ ဦးသာလုပ်ကိုင်ဖို့ လျှောက်ထားခဲ့တယ်လို့ မြန်မာ့ဆားလုပ်ငန်းရုံးက စာရင်းဇယားတွေအရ သိရပါတယ်။

ဆားလုပ်ငန်းလုပ်ကွက်တွေ လျှောက်ထားမှုမှာ ၂ နှစ်ခြားတခါဆိုသလို ဧက ၁ သောင်းနှုန်းလောက် ကျဆင်းနေတာဖြစ်ပါတယ်။

ဧရာဝတီတိုင်းဒေသကြီးဟာ မြန်မာနိုင်ငံမှာ ဆားအများဆုံး ထွက်ရှိတဲ့ ဒေသ တခုလည်း ဖြစ်ပါတယ်။

နာဂစ်မုန်တိုင်းမဖြစ်ခင်က လပွတ္တာ၊ ငပုတော၊ ဒေးဒရဲ၊ ဖျာပုံ၊ ဘိုကလေးမြို့နယ် တွေမှာ ဆားကွင်းလုပ်ငန်းများစွာ ရှိခဲ့ပါတယ်။

ဆားဈေးနှုန်းတွေဟာ အတက်အကျ မမှန်သလို အရင်းနှီးကလည်း များတာတွေ အပြင် လုပ်သားခ ဈေးကြီးတဲ့အတွက် ဆားတောင်သူတွေအနေနဲ့ ဆားလုပ်ငန်း တွေ မလုပ်တော့ဘဲ တခြားလုပ်ငန်းတွေကို ပြောင်းလဲလုပ်ကိုင်မှုတွေ များလာ တာကြောင့် ဆားလုပ်ငန်းတွေ ကျဆင်းလာရတာလို့ ဆားတောင်သူတဦးက ဆိုပါတယ်။ 

ဒီဗွီဘီ

လပွတ္တာမြို့ ဆားလုပ်ငန်းခွင်တခု (ဓာတ်ပုံ – ရိုက်တာ)
လပွတ္တာမြို့ ဆားလုပ်ငန်းခွင်တခု (ဓာတ်ပုံ – ရိုက်တာ)
နာဂစ်မုန်တိုင်း တိုက်ခတ်ပြီးချိန်မှစပြီး အခုအချိန်ထိ ဧရာဝတီတိုင်း ဒေသကြီး အတွင်းရှိ ဆားထုတ်လုပ်မှု ဟာ ကျဆင်းနေတုန်းပဲလို့ တိုင်းဒေသကြီး မြန်မာ့ ဆားလုပ်ငန်းရုံး တာဝန်ရှိသူက ပြောပါတယ်။

နာဂစ်အပြီး ဆားထုတ်လုပ်မှုရာသီမှာ ဆားဧက ၃ သောင်းကျော်ကို ဆားတောင်သူ ၈၀၃ ဦး လုပ်ကိုင်ခဲ့ပေ မယ့် ၂၀၁၄-၂၀၁၅ ရာသ်ီမှာတော့ ဆားဧက ၁ သောင်းကျော်ကို ဆားတောင်သူ ၂၃၃ ဦးသာလုပ်ကိုင်ဖို့ လျှောက်ထားခဲ့တယ်လို့ မြန်မာ့ဆားလုပ်ငန်းရုံးက စာရင်းဇယားတွေအရ သိရပါတယ်။

ဆားလုပ်ငန်းလုပ်ကွက်တွေ လျှောက်ထားမှုမှာ ၂ နှစ်ခြားတခါဆိုသလို ဧက ၁ သောင်းနှုန်းလောက် ကျဆင်းနေ တာဖြစ်ပါတယ်။

ဧရာဝတီတိုင်းဒေသကြီးဟာ မြန်မာနိုင်ငံမှာ ဆားအများဆုံး ထွက်ရှိတဲ့ ဒေသ တခုလည်း ဖြစ်ပါတယ်။

နာဂစ်မုန်တိုင်းမဖြစ်ခင်က လပွတ္တာ၊ ငပုတော၊ ဒေးဒရဲ၊ ဖျာပုံ၊ ဘိုကလေးမြို့နယ် တွေမှာ ဆားကွင်းလုပ်ငန်း များစွာ ရှိခဲ့ပါတယ်။

ဆားဈေးနှုန်းတွေဟာ အတက်အကျ မမှန်သလို အရင်းနှီးကလည်း များတာတွေ အပြင် လုပ်သားခ ဈေးကြီးတဲ့အတွက် ဆားတောင်သူတွေအနေနဲ့ ဆားလုပ်ငန်း တွေ မလုပ်တော့ဘဲ တခြားလုပ်ငန်းတွေကို ပြောင်းလဲလုပ်ကိုင်မှုတွေများလာတာကြောင့် ဆားလုပ်ငန်းတွေကျဆင်းလာရတာလို့ ဆားတောင်သူ တဦး က ဆိုပါတယ်။ 

ဒီဗွီဘီ

No comments:

Post a Comment