Thursday 27 November 2014

ထိုင်း ရွေးကောက်ပွဲ ၂၀၁၆ မှ ကျင်းပနိုင်ချေရှိ

Photo: ထိုင်း ရွေးကောက်ပွဲ ၂၀၁၆ မှ ကျင်းပနိုင်ချေရှိ
Thursday, November 27, 2014

အထွေထွေ ရွေးကောက်ပွဲကို လာမည့်နှစ်တွင် ကျင်းပရန် စီစဉ်ထားသော်လည်း ၂၀၁၆ ခုနှစ်အထိ ကြန့်ကြာသွားနိုင်သည်ဟု ထိုင်းနိုင်ငံ ဒုဝန်ကြီးချုပ်က ပြောကြားလိုက်ကြောင်း Reuters တွင် ဖော်ပြပါရှိသည်။

မေလ အာဏာသိမ်းမှုကို ဦးဆောင်ခဲ့သည့် ၀န်ကြီးချုပ် ပရာယု ချန်အိုချာသည် လာမည့်နှစ်ကုန်ပိုင်းတွင် ရွေးကောက်ပွဲများကျင်းပရန်မှာ ကြန့်ကြာနိုင်မည့် အလားအလာရှိကြောင်းကို အရိပ်အမြွက်ပြောခဲ့ဖူးသည်။

ကာကွယ်ရေးဝန်ကြီးအဖြစ်လည်း တာဝန်ယူထားသည့် ဒုဝန်ကြီးချုပ် ပရာဝစ်ဝန်ဆုဝမ်က စစ်ခေါင်းဆောင်များအဖွဲ့ သို့မဟုတ် တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေး အမျိုးသားကောင်စီ (NCPO) ကို ဆန့်ကျင်နေသည့် အုပ်စုများကြောင့် ရွေးကောက်ပွဲများကို ၂၀၁၆ မှသာ ကျင်းပပေးနိုင်တော့မည်ဟု ဆိုသည်။

“ဖွဲ့စည်းပုံအခြေခံဥပဒေကလည်း မူကြမ်းအဆင့်ပဲ ရှိသေးတော့၂၀၁၆ နှစ်စရောက်မှ ရွေးကောက်ပွဲတွေ ကျင်းပပေးနိုင်မယ်၊ လက်ရှိမှာက NCPO ကို ဆန့်ကျင်တဲ့ တင်ပြချက်တွေ ရှိနေတယ်” ဟု ၎င်းက ပြောသည်။

ဝန်ကြီးချုပ်ဟောင်း သက်ဆင်၏ နိုင်ငံရေး သြဇာလွှမ်းမိုးမှု အဆုံးသတ်ရန် တစ်စိတ်တစ်ဒေသအားဖြင့် ရည်ရွယ်ထားသည့် ပြုပြင်ပြောင်းလဲမှုများ တစ်နှစ်ကြာဆောင်ရွက်သွားရန် ပရာယုက အကြမ်းဖျင်း ဖော်ပြခဲ့သည်။

ယင်လပ်အစိုးရကို ဖယ်ရှားသည့် ဆန့်ကျင်ဆန္ဒပြများ ဖြစ်ပွားနေသည့် လများအတွင်း အာဏာသိမ်းရခြင်းမှာ ပိုမိုဆိုးရွားသော သွေးထွက်သံယိုမှုများ မဖြစ်ပွားရန် မဖြစ်မနေ ဆောင်ရွက်ရခြင်း ဖြစ်သည်ဟု ထိုင်းစစ်တပ်က ဆိုသည်။

ထိုင်းစစ်တပ်သည် အာဏာသိမ်းပြီးနောက်တွင် ဖွဲ့စည်းပုံအခြေခံဥပဒေကို ဖျက်သိမ်းခဲ့ပြီး အသစ်တစ်ခု ရေးဆွဲရန် ကော်မတီတစ်ရပ် ဖွဲ့ပေးခဲ့သည်။
ရွေးကောက်ပွဲများ ကျင်းပနိုင်ရန် ကြန့်ကြာနေရခြင်းကို နားလည်ပေးရန် ၀န်ကြီးချုပ်ပရာယုက တောင်းပန်ထားသည်။

ထိုင်းနိုင်ငံသည် အဆုံးမဲ့ ချောက်အတွင်းသို့ သက်ဆင်းနေပြီဟု နယူးယောက်အခြေစိုက် လူ့အခွင့်အရေး စောင့်ကြည့်သူများအဖွဲ့က ယခုသီတင်းပတ်အတွင်း သဘောထားထုတ်ပြန်လိုက်သည်။

“အာဏာသိမ်းပြီး ၆ လအကြာမှာ ဝေဖန်မှုတွေကိုလည်း နည်းစနစ်တကျ တရားစွဲဆိုလာတယ်၊ နိုင်ငံရေးလှုပ်ရှားမှုတွေကို တားမြစ်လာသလို မီဒီယာကိုလည်း ဆင်ဆာလုပ်လာတယ်၊ စစ်အစိုးရ ဆန့်ကျင်သူတွေလည်း စစ်ခုံရုံးကို ရောက်ကုန်ပြီ” ဟု အဆိုပါ အဖွဲ့က ဆိုသည်။

ကျော်လင်းထွန်း
News Watch(စောင့်ကြည့်သတင်းဂျာနယ်)
အထွေထွေ ရွေးကောက်ပွဲကို လာမည့်နှစ်တွင် ကျင်းပရန် စီစဉ်ထားသော်လည်း ၂၀၁၆ ခုနှစ်အထိ ကြန့်ကြာသွားနိုင်သည်ဟု ထိုင်းနိုင်ငံ ဒုဝန်ကြီးချုပ်က ပြောကြားလိုက်ကြောင်း Reuters တွင် ဖော်ပြပါရှိ သည်။

မေလ အာဏာသိမ်းမှုကို ဦးဆောင်ခဲ့သည့် ၀န်ကြီးချုပ် ပရာယု ချန်အိုချာသည် လာမည့်နှစ်ကုန်ပိုင်းတွင် ရွေးကောက်ပွဲများကျင်းပရန်မှာ ကြန့်ကြာနိုင်မည့် အလားအလာရှိကြောင်းကို အရိပ်အမြွက်ပြောခဲ့ဖူးသည်။

ကာကွယ်ရေးဝန်ကြီးအဖြစ်လည်း တာဝန်ယူထားသည့် ဒုဝန်ကြီးချုပ် ပရာဝစ်ဝန်ဆုဝမ်က စစ်ခေါင်းဆောင် များ အဖွဲ့ သို့မဟုတ် တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေး အမျိုးသားကောင်စီ (NCPO) ကို ဆန့်ကျင်နေသည့် အုပ်စုများကြောင့် ရွေးကောက်ပွဲများကို ၂၀၁၆ မှသာ ကျင်းပပေးနိုင်တော့မည်ဟု ဆိုသည်။

“ဖွဲ့စည်းပုံအခြေခံဥပဒေကလည်း မူကြမ်းအဆင့်ပဲ ရှိသေးတော့၂၀၁၆ နှစ်စရောက်မှ ရွေးကောက်ပွဲတွေ ကျင်းပပေးနိုင်မယ်၊ လက်ရှိမှာက NCPO ကို ဆန့်ကျင်တဲ့ တင်ပြချက်တွေ ရှိနေတယ်” ဟု ၎င်းက ပြောသည်။

ဝန်ကြီးချုပ်ဟောင်း သက်ဆင်၏ နိုင်ငံရေး သြဇာလွှမ်းမိုးမှု အဆုံးသတ်ရန် တစ်စိတ်တစ်ဒေသအားဖြင့် ရည်ရွယ်ထားသည့် ပြုပြင်ပြောင်းလဲမှုများ တစ်နှစ်ကြာဆောင်ရွက်သွားရန် ပရာယုက အကြမ်းဖျင်း ဖော်ပြ ခဲ့သည်။

ယင်လပ်အစိုးရကို ဖယ်ရှားသည့် ဆန့်ကျင်ဆန္ဒပြများ ဖြစ်ပွားနေသည့် လများအတွင်း အာဏာသိမ်းရခြင်း မှာ ပိုမိုဆိုးရွားသော သွေးထွက်သံယိုမှုများ မဖြစ်ပွားရန် မဖြစ်မနေ ဆောင်ရွက်ရခြင်း ဖြစ်သည်ဟု ထိုင်း စစ်တပ်က ဆိုသည်။

ထိုင်းစစ်တပ်သည် အာဏာသိမ်းပြီးနောက်တွင် ဖွဲ့စည်းပုံအခြေခံဥပဒေကို ဖျက်သိမ်းခဲ့ပြီး အသစ်တစ်ခု ရေးဆွဲရန် ကော်မတီတစ်ရပ် ဖွဲ့ပေးခဲ့သည်။ ရွေးကောက်ပွဲများ ကျင်းပနိုင်ရန် ကြန့်ကြာနေရခြင်းကို နားလည်ပေးရန် ၀န်ကြီးချုပ်ပရာယုက တောင်းပန်ထားသည်။

ထိုင်းနိုင်ငံသည် အဆုံးမဲ့ ချောက်အတွင်းသို့ သက်ဆင်းနေပြီဟု နယူးယောက်အခြေစိုက် လူ့အခွင့်အရေး စောင့်ကြည့်သူများအဖွဲ့က ယခုသီတင်းပတ်အတွင်း သဘောထားထုတ်ပြန်လိုက်သည်။

“အာဏာသိမ်းပြီး ၆ လအကြာမှာ ဝေဖန်မှုတွေကိုလည်း နည်းစနစ်တကျ တရားစွဲဆိုလာတယ်၊ နိုင်ငံရေး လှုပ်ရှားမှုတွေကို တားမြစ်လာသလို မီဒီယာကိုလည်း ဆင်ဆာလုပ်လာတယ်၊ စစ်အစိုးရ ဆန့်ကျင်သူတွေ လည်း စစ်ခုံရုံးကို ရောက်ကုန်ပြီ” ဟု အဆိုပါ အဖွဲ့က ဆိုသည်။

ကျော်လင်းထွန်း
News Watch(စောင့်ကြည့်သတင်းဂျာနယ်) 

No comments:

Post a Comment