Thursday 27 November 2014

ဒေါ်အောင်ဆန်းစုကြည် လွှတ်တော်သို့ ဒုတိယအကြိမ် အရေးကြီးအဆိုတင် ‘‘ပြဋ္ဌာန်းပြီး ဥပဒေများအတွက် နည်းဥပဒေများ အမြန်ဆုံးပြဋ္ဌာန်းရန် အစိုးရအဖွဲ့ကို တိုက်တွန်း’’

Photo: ဒေါ်အောင်ဆန်းစုကြည် လွှတ်တော်သို့ ဒုတိယအကြိမ် အရေးကြီးအဆိုတင်
‘‘ပြဋ္ဌာန်းပြီး ဥပဒေများအတွက် နည်းဥပဒေများ အမြန်ဆုံးပြဋ္ဌာန်းရန် အစိုးရအဖွဲ့ကို တိုက်တွန်း’’
Thursday, November 27, 2014

အမျိုးသားဒီမိုက ရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌဒေါ်အောင် ဆန်းစုကြည်က လွှတ်တော်က  ပြဋ္ဌာန်းလိုက်သည့် ဥပဒေများအ အတွက် နည်းဥပဒေများကို ပြည် ထောင်စု အစိုးရက အမြန်ဆုံး ထုတ်ပြန်ပေးရန် တိုက်တွန်းသည့် အရေးကြီးအဆို တင်သွင်းခဲ့ပြီး လွှတ်တော်က ကန့်ကွက်သူမရှိအ တည်ပြုလိုက်သည်။

ဒီချုပ်ဥက္ကဋ္ဌ၏ လွှတ်တော် သို့ ဒုတိယအကြိမ်မြောက်အရေး ကြီးအဆိုတင်သွင်းမှုကို ပြည်ခိုင် ဖြိုးပါတီမှ ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင် တစ်ဦးဖြစ်သူ ပြည်သူ လွှတ်တော်ကိုယ်စားလှယ်သူရဦး အောင်ကိုက ထောက်ခံပေးခဲ့ပြီး သူရဦးရွှေမန်းကလည်း အမှန်တကယ်လိုအပ်သော အဆိုဖြစ် ကြောင်းပြောကာ သဘောတူအ တည်ပြုခဲ့ခြင်းဖြစ်သည်။

‘‘ပြဋ္ဌာန်းပြီးသားဥပဒေတွေ အတွက်တောင်မှ နည်းဥပဒေတွေ စည်းမျဉ်း၊ စည်းကမ်းတွေဟာ မ ထွက်နိုင်သေးဘူးဆိုရင် နောက် ကျွန်မတို့ပြဋ္ဌာန်းမယ့်ဥပဒေတွေ အတွက် နည်းဥပဒေတွေ၊ စည်း မျဉ်းစည်းကမ်းတွေက ဘယ်တော့ မှထွက်နိုင်မလဲဆိုတာ စဉ်းစားစ ရာဖြစ်ပါတယ်’’ ဟု ဒေါ်အောင် ဆန်းစုကြည်ကပြောကြားသည်။

ပြည်ထောင်စုလွှတ်တော်က ယနေ့အချိန်ထိ အတည်ပြုပြဋ္ဌာန်းပြီးသည့် ဥပဒေပေါင်း ၁၂၀ ကျော်ရှိပြီး နည်းဥပဒေ ထုတ်ပြန်နိုင်သည့် အရေအတွက်မှာ ၄၀ ခန့်သာရှိသေးသည်ဟု ပြည်သူ့လွှတ်တော် ဥပဒေကြမ်းကော်မတီအဖွဲ့ဝင် ပြည်သူ့လွှတ်တော်ကိုယ်စား လှယ် ဦးခင်မောင်ညိုက ပြော သည်။

 လွှတ်တော်က ဥပဒေအ ဖြစ်အတည်ပြုပြဋ္ဌာန်းပြီးနောက် နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်းနှင့် စည်းမျဉ်းစည်းကမ်းများကို ရက် ပေါင်း ၉၀ အတွင်း သက်ဆိုင်ရာ ဌာနကရေးဆွဲထုတ်ပြန်ပေးရမည် ဟု ပြဋ္ဌာန်းထားသော်လည်း သတ် မှတ်ချိန် ကျော်လွန်သည့်တိုင် နည်းဥပဒေများထွက်ရှိမလာခြင်း ဖြစ်သည်။

နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဥပ ဒေ၊ ဆက်သွယ်ရေးဥပဒေ၊ လူမှု ဖူလုံရေးဥပဒေ၊ တောင်သူလယ် သမား အခွင့်အရေးနှင့် အကျိုးစီးပွားမြင့်တင်ရေးဥပဒေ၊ မီဒီယာဥပဒေ စသည့်ဥပဒေများ ပါဝင်သည်ဟု ဒေါ်အောင်ဆန်းစုကြည်က ဥပမာပေးပြောကြားခဲ့သည်။

သို့သော် ဒေါ်အောင်ဆန်းစု ကြည် ဥပမာပေး ပြောကြားသွား သည့် ဥပဒေများအနက် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုနည်းဥပဒေနှင့် လုပ်ထုံးလုပ်နည်းများအားလုံးကို သတ်မှတ်ရက်အတွင်း ထုတ်ပြန်ပေးပြီးဖြစ်ကြောင်း အမျိုးသားစီမံ ကိန်းနှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါက်တာ ကံဇော်က ပြန်လည်တုံ့ပြန်ခဲ့သည်။

ပြည်ထောင်စုအစိုးရ၀န်ကြီး ဌာနများမှ ပြည်ထောင်စုရှေ့နေ ချုပ်ရုံးသို့ စိစစ်ရန် ပေးပို့သည့် နည်းဥပဒေများနှင့် လုပ်ထုံးလုပ် နည်းများကို စိစစ်အကြံပြုနေပြီး ၂၀၁၂ ခုနှစ် သြဂုတ်လမှစ၍ ယနေ့ချိန်ထိပေးပို့လာသည့် နည်း ဥပဒေ ၄၇ ခုအနက် ၃၇ခုကို စိစစ် ပြီးဖြစ်ကြောင်း ဒုတိယ ရှေ့နေ ချုပ်ဦးထွန်းထွန်းဦးကဖြေကြားခဲ့ သည်။

ယခုအချိန်ထိ ဥပဒေထုတ် ပြန်ပြီး ဥပဒေ မထွက်ရှိသေး သည့်ဥပဒေများတွင် ဆက်သွယ် ရေးဆိုင်ရာနည်းဥပဒေ၊ ငွေချေး သက်သေခံလက်မှတ် ဥပဒေ၊ ဘဏ်နှင့်ငွေကြေးဥပဒေ၊ အမျိုး သားပညာရေးဥပဒေ၊ အလုပ်အ ကိုင်ကျွမ်းကျင်မှု ဥပဒေ စသည့်နည်းဥပဒေများစွာ ထွက်ရှိရန် ကျန်ရှိနေသေးသည်။

ဝန်ကြီးဌာနများသည် နည်း ဥပဒေရေးဆွဲရာတွင် ဥပဒေနှင့်အညီချောချောမွေ့မွေ့ အကောင်အထည်ဖော်နိုင်ရန် အသေးစိတ် ကျယ်ကျယ်ပြန့်ပြန့်ရေးဆွဲရပြီးလို အပ်ပါက ပုံစံဇယားများ ဖော်ပြ ခြင်း၊ နည်းဥပဒေတွင်ပါဝင်သော အချက်အလက်များနှင့်ဆက်စပ် သည့် ဌာနအဖွဲ့အစည်းများညှိ နှိုင်းရခြင်း၊ အချို့ဥပဒေများတွင် အပြည်ပြည်ဆိုင်ရာ စာချုပ်များ နှင့်သက်ဆိုင်သောကြောင့် အဖွဲ့ အစည်းများနှင့် ညှိနှိုင်းရခြင်း၊ သက်ဆိုင်ရာ ၀န်ကြီးဌာနများ၏ ဥပဒေရေးဆွဲမှုဆိုင်ရာကျွမ်းကျင် မှုအားနည်းနေသေးခြင်း စသည့် အချက်များကြောင့် နည်းဥပဒေ များထုတ်ပြန်နိုင်မှုအားနည်းနေ သေးခြင်းဖြစ်ကြောင်း ဒုတိယရှေ့ နေချုပ်ဦးထွန်းထွန်းဦးက ပြော သည်။

လွှတ်တော်က ဥပဒေများ ပြဋ္ဌာန်းသွားသော်လည်း  နည်းဥပဒေများ အမီမလိုက်နိုင်ပါက ဥပဒေပြဋ္ဌာန်းချက်များသည် လုပ်ပြချက်များသာ ဖြစ်လာမည်ဖြစ်ပြီး ပြည်သူလူထု၏ ယုံကြည်ချက်များလည်း ကျဆင်းသွားမည်ဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်ကပြောသည်။

7Day DAILY 

အဆိုတင်သွင်းနေသည့် ဒေါ်အောင်ဆန်းစုကြည် (ဓာတ်ပုံ− NLD Chairperson)
အဆိုတင်သွင်းနေသည့် ဒေါ်အောင်ဆန်းစုကြည် (ဓာတ်ပုံ− NLD Chairperson)
အမျိုးသားဒီမိုက ရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌဒေါ်အောင် ဆန်းစုကြည်က လွှတ်တော်က  ပြဋ္ဌာန်းလိုက်သည့် ဥပဒေ များ အအတွက် နည်းဥပဒေများကို ပြည် ထောင်စု အစိုးရက အမြန်ဆုံး ထုတ်ပြန်ပေးရန် တိုက်တွန်းသည့် အရေးကြီးအဆို တင်သွင်းခဲ့ပြီး လွှတ်တော်က ကန့်ကွက်သူမရှိအ တည်ပြုလိုက်သည်။

ဒီချုပ်ဥက္ကဋ္ဌ၏ လွှတ်တော် သို့ ဒုတိယအကြိမ်မြောက်အရေး ကြီးအဆိုတင်သွင်းမှုကို ပြည်ခိုင် ဖြိုးပါတီမှ ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင် တစ်ဦးဖြစ်သူ ပြည်သူ လွှတ်တော်ကိုယ်စားလှယ်သူရဦး အောင်ကိုက ထောက်ခံပေးခဲ့ပြီး သူရဦးရွှေမန်းကလည်း အမှန်တကယ်လိုအပ်သော အဆိုဖြစ်ကြောင်းပြောကာ သဘောတူ အ တည်ပြုခဲ့ခြင်းဖြစ်သည်။

‘‘ပြဋ္ဌာန်းပြီးသားဥပဒေတွေ အတွက်တောင်မှ နည်းဥပဒေတွေ စည်းမျဉ်း၊ စည်းကမ်းတွေဟာ မထွက်နိုင် သေးဘူးဆိုရင် နောက် ကျွန်မတို့ပြဋ္ဌာန်းမယ့်ဥပဒေတွေအတွက် နည်းဥပဒေတွေ၊ စည်း မျဉ်းစည်းကမ်း တွေက ဘယ်တော့ မှထွက်နိုင်မလဲဆိုတာ စဉ်းစားစရာဖြစ်ပါတယ်’’ ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။

ပြည်ထောင်စုလွှတ်တော်က ယနေ့အချိန်ထိ အတည်ပြုပြဋ္ဌာန်းပြီးသည့် ဥပဒေပေါင်း ၁၂၀ ကျော်ရှိပြီး နည်း ဥပဒေ ထုတ်ပြန်နိုင်သည့် အရေအတွက်မှာ ၄၀ ခန့်သာရှိသေးသည်ဟု ပြည်သူ့လွှတ်တော် ဥပဒေကြမ်း ကော်မတီအဖွဲ့ဝင် ပြည်သူ့လွှတ်တော်ကိုယ်စား လှယ် ဦးခင်မောင်ညိုက ပြော သည်။

 လွှတ်တော်က ဥပဒေအ ဖြစ်အတည်ပြုပြဋ္ဌာန်းပြီးနောက် နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်းနှင့် စည်းမျဉ်း စည်းကမ်းများကို ရက် ပေါင်း ၉၀ အတွင်း သက်ဆိုင်ရာ ဌာနကရေးဆွဲထုတ်ပြန်ပေးရမည် ဟု ပြဋ္ဌာန်း ထားသော်လည်း သတ် မှတ်ချိန် ကျော်လွန်သည့်တိုင် နည်းဥပဒေများထွက်ရှိမလာခြင်း ဖြစ်သည်။

နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဥပ ဒေ၊ ဆက်သွယ်ရေးဥပဒေ၊ လူမှု ဖူလုံရေးဥပဒေ၊ တောင်သူလယ် သမား အခွင့် အရေးနှင့် အကျိုးစီးပွားမြင့်တင်ရေးဥပဒေ၊ မီဒီယာဥပဒေ စသည့်ဥပဒေများ ပါဝင်သည်ဟု ဒေါ်အောင်ဆန်း စုကြည်က ဥပမာပေးပြောကြားခဲ့သည်။

သို့သော် ဒေါ်အောင်ဆန်းစု ကြည် ဥပမာပေး ပြောကြားသွား သည့် ဥပဒေများအနက် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုနည်းဥပဒေနှင့် လုပ်ထုံးလုပ်နည်းများအားလုံးကို သတ်မှတ်ရက်အတွင်း ထုတ်ပြန်ပေးပြီး ဖြစ်ကြောင်း အမျိုးသားစီမံ ကိန်းနှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ကံဇော်က ပြန်လည်တုံ့ပြန်ခဲ့သည်။

ပြည်ထောင်စုအစိုးရ၀န်ကြီး ဌာနများမှ ပြည်ထောင်စုရှေ့နေ ချုပ်ရုံးသို့ စိစစ်ရန် ပေးပို့သည့် နည်းဥပဒေ များနှင့် လုပ်ထုံးလုပ် နည်းများကို စိစစ်အကြံပြုနေပြီး ၂၀၁၂ ခုနှစ် သြဂုတ်လမှစ၍ ယနေ့ချိန်ထိပေးပို့ လာသည့် နည်း ဥပဒေ ၄၇ ခုအနက် ၃၇ခုကို စိစစ် ပြီးဖြစ်ကြောင်း ဒုတိယ ရှေ့နေ ချုပ်ဦးထွန်းထွန်းဦး ကဖြေကြားခဲ့ သည်။

ယခုအချိန်ထိ ဥပဒေထုတ် ပြန်ပြီး ဥပဒေ မထွက်ရှိသေး သည့်ဥပဒေများတွင် ဆက်သွယ် ရေးဆိုင်ရာ နည်းဥပဒေ၊ ငွေချေး သက်သေခံလက်မှတ် ဥပဒေ၊ ဘဏ်နှင့်ငွေကြေးဥပဒေ၊ အမျိုး သားပညာရေးဥပဒေ၊ အလုပ်အ ကိုင်ကျွမ်းကျင်မှု ဥပဒေ စသည့်နည်းဥပဒေများစွာ ထွက်ရှိရန် ကျန်ရှိနေသေးသည်။

ဝန်ကြီးဌာနများသည် နည်း ဥပဒေရေးဆွဲရာတွင် ဥပဒေနှင့်အညီချောချောမွေ့မွေ့ အကောင်အထည် ဖော်နိုင်ရန် အသေးစိတ် ကျယ်ကျယ်ပြန့်ပြန့်ရေးဆွဲရပြီးလို အပ်ပါက ပုံစံဇယားများ ဖော်ပြ ခြင်း၊ နည်းဥပဒေတွင်ပါဝင်သော အချက်အလက်များနှင့်ဆက်စပ် သည့် ဌာနအဖွဲ့အစည်းများညှိ နှိုင်းရခြင်း၊ အချို့ဥပဒေများတွင် အပြည်ပြည်ဆိုင်ရာ စာချုပ်များ နှင့်သက်ဆိုင်သောကြောင့် အဖွဲ့ အစည်းများနှင့် ညှိနှိုင်းရခြင်း၊ သက်ဆိုင်ရာ ၀န်ကြီးဌာနများ၏ ဥပဒေရေးဆွဲမှုဆိုင်ရာကျွမ်းကျင် မှုအားနည်းနေသေးခြင်း စသည့် အချက်များကြောင့် နည်းဥပဒေ များထုတ်ပြန်နိုင်မှုအားနည်းနေ သေးခြင်းဖြစ်ကြောင်း ဒုတိယရှေ့ နေချုပ်ဦးထွန်းထွန်းဦးက ပြော သည်။

လွှတ်တော်က ဥပဒေများ ပြဋ္ဌာန်းသွားသော်လည်း  နည်းဥပဒေများ အမီမလိုက်နိုင်ပါက ဥပဒေပြဋ္ဌာန်းချက် များသည် လုပ်ပြချက်များသာ ဖြစ်လာမည်ဖြစ်ပြီး ပြည်သူလူထု၏ ယုံကြည်ချက်များလည်း ကျဆင်း သွားမည်ဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်ကပြောသည်။

7Day DAILY 

No comments:

Post a Comment