Thursday 27 November 2014

မိုးမောက်မြို့နယ်ဒုက္ခသည် စခန်းမှ ဒေသခံတိုင်းရင်းသားများ KIA အဖွဲ့၏ အတင်းအကြပ်လုပ်အားပေး စေခိုင်း ခြင်းခံနေရ

Photo: မိုးမောက်မြို့နယ်ဒုက္ခသည် စခန်းမှ ဒေသခံတိုင်းရင်းသားများ KIA အဖွဲ့၏ အတင်းအကြပ်လုပ်အားပေး စေခိုင်း ခြင်းခံနေရ
Thursday, November 27, 2014

ကချင်ပြည်နယ်၊ မိုးမောက်မြို့နယ်၊ နှစ်ခြင်းခရစ်ယာန်ကျောင်းနှင့် မံပုံကက်သလစ်ဘုရားကျောင်းများရှိ ဒုက္ခသည် စခန်းများတွင် နေထိုင်လျက်ရှိသည့် ဒေသခံတိုင်းရင်းသားများအား နိုဝင်ဘာ ၂၃ ရက်နေ့မှစတင်ကာ ကချင်လွတ်မြောက် ရေးတပ်မတော်(KIA) အဖွဲ့က အတင်းအကြပ်လုပ်အားပေးစေခိုင်းနေကြောင်း ယင်းဒေသခံများထံမှ သိရ သည်။

အဆိုပါဒုက္ခသည်စခန်းများတွင် ဒဂေါ်ကျေးရွာနှင့် နန့်ဆိုင်းကျေးရွာများမှ ရွာသူ၊ ရွာသားများ နေထိုင်လျက်ရှိကြောင်း သိရသည်။

`` တစ်အိမ်ထောင်ကို ယောကျာ်းတယောက်ခေါ်တယ်၊ လွန်ခဲ့တဲ့ သုံးလေးရက်လောက်ကနေ စပြီးတော့ လမ်းတွေ ပြင်ခိုင်းနေတာပဲ၊ သူတို့စခန်းတွေကို သွားတဲ့လမ်းတွေ ပျက်နေလို့ဆိုလား ´´ ဟု ဒုက္ခသည်စခန်းမှ ဒေသခံ အမျိုးသမီး တစ်ဦးက ပြောသည်။

KIA အဖွဲ့၊ တပ်ရင်း(၁)တည်ရှိသော အင်ဘာပါနှင့် ၀ဘော်စခန်းများသို့ သွားသည့်လမ်းများမှာ မိုးရာသီတွင် ရေ တိုက်စားမှုကြောင့် ပျက်စီးနေသဖြင့် ဒုက္ခသည်စခန်များမှ အမျိုးသားများအား လုပ်အားပေးခိုင်းစေကာပြုပြင်နေခြင်း ဖြစ်ကြောင်း သိရသည်။

`` တချို့လူတွေဆိုရင် စခန်းကို ပြန်မလာကြသေးဘူး၊ လမ်းပြင်ခိုင်းမယ်ပြောပြီး လူသစ်စုတယ်လို့လည်း ကြားနေတယ်၊ ဒုက္ခရောက်လို့ ဒုက္ခသည်စခန်းမှာ ခိုကပ်နေရတာကို အခုလိုထပ်ပြီး ဒုက္ခတွေပေးနေတာကတော့ မစဉ်းစားတတ်အောင် ပါဘဲ ´´ ဟု ယင်းစခန်းမှ ကချင်အဘွားအိုတစ်ဦးက ဆိုသည်။

မိုးမောက်မြို့ခံ လူ့အခွင့်အရေးတက်ကြွလှုပ်ရှားသူတစ်ဦးကတော့ `` ဒုက္ခသည်စခန်းက တိုင်းရင်းသားတွေကို KIA အဖွဲ့ က လမ်းတွေပြင်ခိုင်းနေတာဆိုရင် လူ့အခွင့်အရေးချိုးဖောက်တာပါပဲ၊ လမ်းပြင်ခိုင်းရုံတင်မကဘဲနဲ့ လူသစ်စုဖို့ တစ်ဖက် လှည့်လုပ်တာလည်းဖြစ်နိုင်တယ်၊ မှတ်တမ်းအထောက်အထားဓာတ်ပုံတွေနဲ့ ဒေသခံတွေရဲ့ လူ့အခွင့်အရေး ချိုးဖောက်ခံ နေရမှုတွေကို ဆောင်ရွက်ပေးသွားမှာပါ ´´ ဟု ပြောကြားသွားသည်။

နိုင်ဇော်
From : KDN
ကချင်ပြည်နယ်၊ မိုးမောက်မြို့နယ်၊ နှစ်ခြင်းခရစ်ယာန်ကျောင်းနှင့် မံပုံကက်သလစ်ဘုရားကျောင်းများရှိ ဒုက္ခသည် စခန်းများတွင် နေထိုင်လျက်ရှိသည့် ဒေသခံတိုင်းရင်းသားများအား နိုဝင်ဘာ ၂၃ ရက်နေ့မှ စတင်ကာ ကချင်လွတ်မြောက် ရေးတပ်မတော်(KIA) အဖွဲ့က အတင်းအကြပ်လုပ်အားပေးစေခိုင်း နေကြောင်း ယင်းဒေသခံများထံမှ သိရ သည်။

အဆိုပါဒုက္ခသည်စခန်းများတွင် ဒဂေါ်ကျေးရွာနှင့် နန့်ဆိုင်းကျေးရွာများမှ ရွာသူ၊ ရွာသားများ နေထိုင်လျက် ရှိကြောင်း သိရသည်။

`` တစ်အိမ်ထောင်ကို ယောကျာ်းတယောက်ခေါ်တယ်၊ လွန်ခဲ့တဲ့ သုံးလေးရက်လောက်ကနေ စပြီးတော့ လမ်းတွေ ပြင်ခိုင်းနေတာပဲ၊ သူတို့စခန်းတွေကို သွားတဲ့လမ်းတွေ ပျက်နေလို့ဆိုလား ´´ ဟု ဒုက္ခသည် စခန်း မှ ဒေသ ခံ အမျိုးသမီး တစ်ဦးက ပြောသည်။

KIA အဖွဲ့၊ တပ်ရင်း(၁)တည်ရှိသော အင်ဘာပါနှင့် ၀ဘော်စခန်းများသို့ သွားသည့်လမ်းများမှာ မိုးရာသီ တွင် ရေ တိုက်စားမှုကြောင့် ပျက်စီးနေသဖြင့် ဒုက္ခသည်စခန်များမှ အမျိုးသားများအား လုပ်အားပေး ခိုင်းစေ ကာပြုပြင်နေခြင်း ဖြစ်ကြောင်း သိရသည်။

`` တချို့လူတွေဆိုရင် စခန်းကို ပြန်မလာကြသေးဘူး၊ လမ်းပြင်ခိုင်းမယ်ပြောပြီး လူသစ်စုတယ်လို့လည်း ကြားနေ တယ်၊ ဒုက္ခရောက်လို့ ဒုက္ခသည်စခန်းမှာ ခိုကပ်နေရတာကို အခုလိုထပ်ပြီး ဒုက္ခတွေပေးနေ တာကတော့ မစဉ်းစားတတ်အောင် ပါဘဲ ´´ ဟု ယင်းစခန်းမှ ကချင်အဘွားအိုတစ်ဦးက ဆိုသည်။

မိုးမောက်မြို့ခံ လူ့အခွင့်အရေးတက်ကြွလှုပ်ရှားသူတစ်ဦးကတော့ `` ဒုက္ခသည်စခန်းက တိုင်းရင်းသား တွေကို KIA အဖွဲ့ က လမ်းတွေပြင်ခိုင်းနေတာဆိုရင် လူ့အခွင့်အရေးချိုးဖောက်တာပါပဲ၊ လမ်းပြင်ခိုင်း ရုံတင်မကဘဲနဲ့ လူသစ်စုဖို့ တစ်ဖက် လှည့်လုပ်တာလည်းဖြစ်နိုင်တယ်၊ မှတ်တမ်းအထောက်အထား ဓာတ်ပုံတွေနဲ့ ဒေသခံတွေရဲ့ လူ့အခွင့်အရေး ချိုးဖောက်ခံ နေရမှုတွေကို ဆောင်ရွက်ပေးသွားမှာပါ ´´ ဟု ပြောကြားသွားသည်။

နိုင်ဇော်
From : KDN

No comments:

Post a Comment