Thursday 27 November 2014

အခြေခံဥပဒေပြင်ဆင်သည့်ဥပဒေ(မူကြမ်း)အတည်ပြုရေး ပြည်လုံးကျွတ် ဆန္ဒခံယူပွဲ ဥပဒေမူကြမ်းထုတ်ပြန်

Photo: အခြေခံဥပဒေပြင်ဆင်သည့်ဥပဒေ(မူကြမ်း)အတည်ပြုရေး ပြည်လုံးကျွတ် ဆန္ဒခံယူပွဲ ဥပဒေမူကြမ်းထုတ်ပြန်
Thursday, November 27, 2014

နိုင်ငံရေးပါတီများနှင့် အစိုးရ ကိုယ်စားလှယ်များ အပြန်အလှန်ဆွေး နွေးခဲ့သော ၂ဝဝ၈ဖွဲ့စည်းပုံအခြေခံဥပ ဒေကို ပြင်ဆင်သည့် ဥပဒေ(မူကြမ်း)ကိုအတည်ပြုရေး ပြည်လုံးကျွတ်ဆန္ဒခံ ယူပွဲဥပဒေကြမ်းကို ပြည်ထောင်စုလွှတ် တော်က အတည်ပြုထွက်ရှိလာခဲ့ကြောင်း နိုဝင်ဘာ ၂၆ရက်တွင် နိုင်ငံပိုင်သတင်း စာက ထုတ်ပြန်လိုက်သည်။

အဆိုပါဥပဒေမူကြမ်းအား ၂ဝဝ၈ ခုနှစ် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံ တော်ဖွဲ့စည်းပုံအခြေခံဥပဒေကိုပြင် ဆင်သည့်ဥပဒေမူကြမ်းအတည်ပြုရေး ပြည်လုံးကျွတ်ဆန္ဒခံယူပွဲဥပဒေဟု ခေါ် တွင်စေရမည်ဟု ဖော်ပြထားသည်။
ပြည်လုံးကျွတ်ဆန္ဒခံယူပွဲဥပဒေ ကို ယခုလိုအဓိပ္ပာယ်ဖွင့်ဆိုထားသည်။ ပြည်လုံးကျွတ်ဆန္ဒခံယူပွဲဆိုသည်မှာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေကိုပြင်ဆင်သည့် ဥပဒေမူကြမ်း အတည်ပြုနိုင်ရေး အတွက် ကျင်းပသော ပြည်လုံးကျွတ်ဆန္ဒခံယူ ပွဲကို ဆိုသည်။

¤င်းပြည်လုံးကျွတ်ဆန္ဒခံယူပွဲဥပ ဒေတွင် အခန်း(၁)မှ အခန်း(၁၂) ထိ ပြ ဋ္ဌာန်းထားပြီး အဓိပ္ပာယ်အမျိုးမျိုးဖွင့် ဆိုထားသည်ကိုလည်း တွေ့ရှိရသည်။ အခန်း(၁)အမည်နှင့်အဓိပ္ပာယ်ဖော်ပြ ချက်၊ အခန်း(၂) ပြည်လုံးကျွတ်ဆန္ဒခံယူ ပွဲကျင်းပခြင်း၊ (၃) ကော်မရှင်နှင့်ကော် မရှင်အဖွဲ့ခွဲများဖွဲ့စည်းခြင်း၊ အခန်း (၄) ပြည်လုံးကျွတ်ဆန္ဒခံယူပွဲကျင်းပရေးကော်မရှင်နှင့်ကော်မရှင်အဖွဲ့ခွဲများ၏ တာဝန်နှင့် လုပ်ပိုင်ခွင့်များ၊ အခန်း(၅) မဲစာရင်းများပြုစုခြင်း၊ အခန်း(၆) ဆန္ဒမဲ ပေးခြင်း၊ အခန်း(၇) ဆန္ဒမဲပေးခြင်းကို ရွှေ့ဆိုင်းခြင်းနှင့်ဖျက်သိမ်းခြင်း၊ အခန်း (၈)ဆန္ဒမဲရေတွက်ခြင်း၊ အခန်း(၉)ဆန္ဒ မဲများကြေညာခြင်း၊ အခန်း(၁ဝ)တား မြစ်ချက်နှင့်ပြစ်ဒဏ်၊ အခန်း(၁၁)ဘဏ္ဍာ ရေးနှင့်တာဝန်အကူအညီရယူခြင်း၊ အ ခန်း(၁၂)အထွေထွေ စသည့်အဓိပ္ပာယ် များ ဖွင့်ဆိုထားသည်။

မြန်မာနိုင်ငံတွင် အတည်ပြုပြဋ္ဌာန်း ထားသော ၂ဝဝ၈ဖွဲ့စည်းပုံအခြေခံဥပ ဒေအား ၂ဝဝ၈ခုနှစ် မေ ၁ဝရက်နှင့် ၂၄ ရက်တွင် ပြည်လုံးကျွတ်ဆန္ဒခံယူပွဲ ကျင်းပ ၍ ဆန္ဒခံမဲပေးသူများအနက် ၉၂ဒသမ ၄၈ ရာခိုင်နှုန်းကအတည်ပြုရန် ထောက် ခံခဲ့သဖြင့် ၂ဝဝ၈ခုနှစ် မေ ၂၉ရက်တွင် အတည်ပြုပြဋ္ဌာန်းခဲ့ပြီး ယခုအခါ၌ နိုင်ငံ ရေး၊ စီးပွားရေး၊ အုပ်ချုပ်ရေး၊ ပညာရေး စသည်တို့နှင့် စပ်လျဉ်း၍ ၂ဝဝ၈ဖွဲ့စည်း ပုံအခြေခံဥပဒေပါပြဋ္ဌာန်းချက်တချို့ ကို ပြောင်းလဲပြင် ဆင်ရန် လိုအပ်လာ သောကြောင့် ပြည်ထောင်စုလွှတ်တော် က အဆိုပါ ဥပဒေကို ပြဋ္ဌာန်းလိုက်ခြင်း ဖြစ်သည်။

Yangon Media Group
နိုင်ငံရေးပါတီများနှင့် အစိုးရ ကိုယ်စားလှယ်များ အပြန်အလှန်ဆွေး နွေးခဲ့သော ၂ဝဝ၈ဖွဲ့စည်းပုံအခြေခံဥပ ဒေကို ပြင်ဆင်သည့် ဥပဒေ(မူကြမ်း)ကိုအတည်ပြုရေး ပြည်လုံးကျွတ်ဆန္ဒခံ ယူပွဲဥပဒေကြမ်းကို ပြည်ထောင်စုလွှတ် တော်က အတည်ပြုထွက်ရှိလာခဲ့ကြောင်း နိုဝင်ဘာ ၂၆ရက်တွင် နိုင်ငံပိုင်သတင်း စာက ထုတ်ပြန်လိုက်သည်။

အဆိုပါဥပဒေမူကြမ်းအား ၂ဝဝ၈ ခုနှစ် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံ တော်ဖွဲ့စည်းပုံ အခြေခံဥပဒေ ကိုပြင် ဆင်သည့်ဥပဒေမူကြမ်းအတည်ပြုရေး ပြည်လုံးကျွတ်ဆန္ဒခံယူပွဲဥပဒေဟု ခေါ် တွင်စေရမည်ဟု ဖော်ပြထားသည်။ ပြည်လုံးကျွတ်ဆန္ဒခံယူပွဲဥပဒေ ကို ယခုလိုအဓိပ္ပာယ်ဖွင့်ဆိုထားသည်။ ပြည်လုံးကျွတ် ဆန္ဒခံယူပွဲဆိုသည်မှာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံ ဥပဒေကိုပြင်ဆင်သည့် ဥပဒေမူကြမ်း အတည်ပြုနိုင်ရေး အတွက် ကျင်းပသော ပြည်လုံးကျွတ်ဆန္ဒခံယူ ပွဲကို ဆိုသည်။

¤င်းပြည်လုံးကျွတ်ဆန္ဒခံယူပွဲဥပ ဒေတွင် အခန်း(၁)မှ အခန်း(၁၂) ထိ ပြ ဋ္ဌာန်းထားပြီး အဓိပ္ပာယ် အမျိုးမျိုးဖွင့် ဆိုထားသည်ကိုလည်း တွေ့ရှိရသည်။ အခန်း(၁)အမည်နှင့်အဓိပ္ပာယ်ဖော်ပြ ချက်၊ အခန်း(၂) ပြည်လုံးကျွတ်ဆန္ဒခံယူ ပွဲကျင်းပခြင်း၊ (၃) ကော်မရှင်နှင့်ကော် မရှင်အဖွဲ့ခွဲများဖွဲ့စည်းခြင်း၊ အခန်း (၄) ပြည်လုံးကျွတ်ဆန္ဒခံယူပွဲကျင်းပရေးကော်မရှင်နှင့်ကော်မရှင်အဖွဲ့ခွဲများ၏ တာဝန်နှင့် လုပ်ပိုင်ခွင့်များ၊ အခန်း(၅) မဲစာရင်းများပြုစုခြင်း၊ အခန်း(၆) ဆန္ဒမဲ ပေးခြင်း၊ အခန်း(၇) ဆန္ဒမဲပေးခြင်းကို ရွှေ့ဆိုင်းခြင်းနှင့် ဖျက်သိမ်းခြင်း၊ အခန်း (၈)ဆန္ဒမဲရေတွက်ခြင်း၊ အခန်း(၉)ဆန္ဒ မဲများကြေညာခြင်း၊ အခန်း(၁ဝ)တား မြစ်ချက်နှင့်ပြစ်ဒဏ်၊ အခန်း(၁၁)ဘဏ္ဍာ ရေးနှင့်တာဝန်အကူအညီရယူခြင်း၊ အ ခန်း(၁၂)အထွေထွေ စသည့်အဓိပ္ပာယ် များ ဖွင့်ဆိုထားသည်။

မြန်မာနိုင်ငံတွင် အတည်ပြုပြဋ္ဌာန်း ထားသော ၂ဝဝ၈ဖွဲ့စည်းပုံအခြေခံဥပ ဒေအား ၂ဝဝ၈ခုနှစ် မေ ၁ဝရက် နှင့် ၂၄ ရက်တွင် ပြည်လုံးကျွတ်ဆန္ဒခံယူပွဲ ကျင်းပ ၍ ဆန္ဒခံမဲပေးသူများအနက် ၉၂ဒသမ ၄၈ ရာခိုင် နှုန်းက အတည်ပြုရန် ထောက် ခံခဲ့သဖြင့် ၂ဝဝ၈ခုနှစ် မေ ၂၉ရက်တွင် အတည်ပြုပြဋ္ဌာန်းခဲ့ပြီး ယခုအခါ၌ နိုင်ငံ ရေး၊ စီးပွားရေး၊ အုပ်ချုပ်ရေး၊ ပညာရေး စသည်တို့နှင့် စပ်လျဉ်း၍ ၂ဝဝ၈ဖွဲ့စည်း ပုံအခြေခံ ဥပဒေပါပြဋ္ဌာန်းချက်တချို့ ကို ပြောင်းလဲပြင် ဆင်ရန် လိုအပ်လာ သောကြောင့် ပြည်ထောင်စုလွှတ်တော် က အဆိုပါ ဥပဒေကို ပြဋ္ဌာန်းလိုက်ခြင်း ဖြစ်သည်။

Yangon Media Group

No comments:

Post a Comment