Thursday 27 November 2014

စိုက်ပျိုးရေးနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေး LIFT က စီမံကိန်းအသစ်သုံးခု ဆောင်ရွက်မည်

မြန်မာ့စိုက်ပျိုးရေး နှင့် ကျေးလက်ဖွံ့ဖြိုးတိုးတက်ရေး အတွက် အသက်မွေးဝမ်းကျောင်း မှုနှင့် စားနပ်ရိက္ခာ ဖူလုံရေးရန်ပုံ ငွေ(LIFT) မှ စီမံကိန်းအသစ်သုံး ခုကို ၂၀၁၅ တွင်ဆောင်ရွက်သွား မည်ဖြစ်ကြောင်း သတင်း ရရှိ သည်။

‘‘လယ်ယာနည်းနည်းပဲ ပိုင်ဆိုင်တဲ့သူတွေကို လယ်ယာဖွံ့ဖြိုးတိုးတက်အောင်၊ စီးပွားရေး နယ်ပယ်ထဲ ရောက်နိုင်အောင် သင်တန်းပေးမယ်။ လယ်ယာမရှိတဲ့သူတွေကိုလည်း ဒီလယ်ယာလုပ်ငန်းတွေမှာ လုပ်ကိုင်နိုင်အောင်ဖန်တီးပေးမယ်’’ဟု LIFT မှ ညွှန်ကြားရေးမှူး မစ္စတာအင်ဒရူးကော့က်ဝုဒ်ကပြောသည်။

မြေယာ အနည်းငယ်သာ ပိုင်ဆိုင်ထားသော မိသားစုများ နှင့် မြေယာမဲ့များအား ၀င်ငွေတိုး စေရေး၊ အာဟာရ ပြည့်ဝစေရေး၊ စားနပ်ရိက္ခာဖူလုံရေးနှင့် လူနေမှု ဘ၀ပိုမိုမြင့်မားရေးစီမံချက်များ ကို (LIFT) မှ အထောက်အပံ့ပေး လျက်ရှိကြောင်း သိရသည်။

ယင်းအစီအစဉ်ကို ခြောက်သွေ့ ဒေသများတွင် မန္တလေးတိုင်း၊ မကွေးတိုင်းများ အပါ အ၀င် ခြောက်မြို့နယ်၊ တောင် ပေါ်ဒေသများရှိ ကချင်၊ ရှမ်း၊ မွန် ပြည်နယ်များနှင့် ဧရာဝတီတိုင်း တို့တွင်လည်း တိုးချဲ့ဆောင်ရွက် သွားမည်ဖြစ်သည်။

အသက်မွေးဝမ်းကျောင်းနှင့် စားနပ်ရိက္ခာ ဖူလုံရေးရန်ပုံငွေ (LIFT) ကို နိုင်ငံတကာမှ အလှူရှင်များ ပေါင်းစု၍ ၂၀၀၉ မှစတင် တည်ထောင်ထားပြီး ၂၀၁၈ နှစ် ကုန်အထိ လုပ်ငန်းဆောင်ရွက် သွားမည်ဖြစ် သည်။

၂၀၁၄ ဇွန်လအကုန်အထိ စီမံချက် ၉၁ ခုကို ထောက်ပံ့ထား နိုင်ပြီး ယင်းအဖွဲ့အစည်းမှ ၀င် ရောက်ဆောင် ရွက်နေသည့် မြို့ နယ်ပေါင်း ၃၃၀ အနက် ၁၀၇ ရွာ တွင် ဆောင်ရွက်နိုင်ခဲ့ကြောင်း ယင်းအဖွဲ့အစည်း၏ ထုတ်ပြန်ချက်၌ ပါရှိသည်။

ယင်းအဖွဲ့အစည်းက ဆောင်ရွက်ရာတွင် ယနေ့အချိန်အထိ လူဦးရေ ၂ ဒသမ ၅ သန်း၊ အကြမ်းအားဖြင့် မြန်မာနိုင်ငံ၏ ငါးရာခိုင်နှုန်းသော လူဦး ရေများမှာ အထောက်အပံ့များကို ရရှိခံစားလျက်ရှိကြောင်း သိရ သည်။
7Day DAILY 

No comments:

Post a Comment