Thursday 27 November 2014

နိုင်ငံတော်အဆင့် သဘာဝဘေးအန္တရာယ် အရေးပေါ်စီမံခန့်ခွဲရေးဗဟိုဌာန ဖွဲ့စည်းမည်

သဘာဝဘေးအန္တရာယ် ဖြစ်ပွားပါက အရေးပေါ်ကယ် ဆယ်ရေးဆောင်ရွက်ရန် ဗဟို အစိုးရထံ အဆင့်ဆင့် တင်ပြရ သည့် စနစ်ကိုပယ်ဖျက်ပြီး အချိန် နှင့်တစ်ပြေးညီဆောင်ရွက်နိုင် သည့် နိုင်ငံတော်အဆင့် အရေး ပေါ်သဘာဝဘေးအန္တရာယ်စီမံ ခန့်ခွဲရေးဗဟိုဌာနဖွဲ့စည်းမည်ဖြစ်ကြောင်း သတင်းရရှိသည်။

‘‘သဘာဝဘေးအန္တရာယ် တစ်ခုခုဖြစ်ရင် ကူညီကယ်ဆယ် ဖို့ အဆင့်ဆင့်တင်ပြရတယ်။ အခု အဲဒီစနစ်ကို ဖျက်ဖို့နဲ့ တစ်ခုခု ဖြစ်လာခဲ့ရင် ချက်ချင်းအရေးပေါ် တုံ့ပြန်ဖို့ ဒုတိယသမ္မတဦးဆောင် တဲ့အဖွဲ့ကို ဖွဲ့စည်းဖို့ လုပ်နေပါ တယ်’’ဟု လူမှုဝန်ထမ်းကယ် ဆယ်ရေးနှင့် ပြန်လည်နေရာချ ထားရေးဝန်ကြီးဌာနမှ တာဝန်ရှိ သူတစ်ဦးက ပြောသည်။

နိုင်ငံတော်ဘတ်ဂျက်ကို တင်ပြရမည်ဖြစ်၍ အဆိုပါအဖွဲ့ အစည်းကို လာမည့်ဘဏ္ဍာနှစ် တွင် ဖွဲ့စည်း သွားမည်ဖြစ်ပြီး ဦးဆောင်မည့်သူမှာ ဒုတိယ သမ္မတအဆင့်ရှိမည်ဖြစ်သည်။ အဖွဲ့ဝင်များမှာ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေ ရာချထားရေးဝန်ကြီးဌာနအပြင် မိုးလေဝသနှင့် ဇလဗေဒ၊ အထွေ ထွေအုပ်ချုပ်ရေးမှူးများနှင့် ရဲဌာနများပါဝင်မည်ဟု သိရသည်။

အဆိုပါအဖွဲ့စည်း၏ ဖွဲ့စည်းပုံနှင့် လုပ်ကိုင်ဆောင်ရွက် ရမည့် လုပ်ငန်းတာဝန်များကို အမေရိကန် အခြေစိုက် သဘာဝ ဘေးအန္တရာယ်စီမံခန့်ခွဲရေးလုပ် ဆောင်နေသည့် အဖွဲ့များက နည်းပညာအကူအညီ များပေး မည်ဖြစ်ပြီး      ဂျပန်နိုင်ငံက အဆောက်အအုံနှင့် ပစ္စည်းကိရိ ယာများထောက်ပံ့မည်ဟု သိရ သည်။ အရေးပေါ်သဘာဝဘေး အန္တရာယ်စီမံခန့်ခွဲရေးဗဟိုဌာန ဖွဲ့စည်းနိုင်ရေးအတွက် ဖွဲ့စည်းပုံ၊ နည်းပညာနှင့် လုပ်ငန်းဆောင် ရွက်မှုများနှင့်ပတ်သက်၍ အကြံ ပြုဆွေးနွေးပွဲကို လာမည့် ဒီဇင် ဘာ ပထမပတ်တွင် ပြုလုပ်သွား မည်ဟု သတင်းရရှိသည်။

မြန်မာနိုင်ငံသည် ကမ္ဘာ့ သဘာဝဘေးအန္တရာယ်ခံစားရ ဆုံး ဆယ်နိုင်ငံစာရင်းတွင်ပါဝင် ပြီး အာဆီယံနိုင်ငံ များတွင် အင်ဒို နီးရှားနိုင်ငံပြီးလျှင် မြန်မာနိုင်ငံ သည် သဘာဝဘေးအန္တရာယ် ဒုတိယခံစားရဆုံး နိုင်ငံဖြစ် သည်။

သဘာဝဘေးအန္တရာယ်များ ကြောင့် နှစ်စဉ်ပျက်စီးဆုံးရှုံးမှု တန်ဖိုးသည် ကျပ်သိန်း ၈၀၀ အထက် တွင်ရှိ ခဲ့ပြီး ၂၀၀၈ ခုနှစ် နာဂစ်၊ ၂၀၁၁ ခုနှစ် တာလေငလျင်နှင့် မကွေးတိုင်းဒေသကြီး လျှပ်တစ်ပြက်ရေကြီးမှု၊ ၂၀၁၂ ခုနှစ်တွင် သပိတ်ကျင်းငလျင်နှင့် မိုးတွင်းကာလရေကြီးမှုများ စသည်တို့သည် မြန်မာနိုင်ငံတွင် သဘောဝဘေးအန္တရာယ် အများဆုံးဖြစ်ပွားခဲ့သည့်နှစ်များဖြစ်သည်။

သဘာဝဘေးအန္တရာယ်များ အဖြစ်များလာသောကြောင့် ကယ်ဆယ်ရေးဆောင်ရွက်ရန် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီး ဌာနနှင့် လုံခြုံရေးနှင့် နယ်စပ်ရေး ရာဝန်ကြီးဌာတို့က ၎င်းတို့၏ဌာန ဘတ်ဂျက်မှ ထောက်ပံ့ကူညီရန် ခွင့်ပြုခဲ့သည်။

သဘာဝဘေးအန္တရာယ်စီမံ ခန့်ခွဲမှုနှင့်ပတ်သက်ပြီး ယခုနှစ် ဇူလိုင် ၁၃ ရက်တွင် မြန်မာနိုင်ငံ သဘာဝဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေကို ပြဋ္ဌာန်းခဲ့သည့် အပြင် ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတမြို့နယ်တွင် သဘာဝ ဘေးအန္တရာယ်စီမံခန့်ခွဲမှုသင် တန်းကျောင်းဖွင့်လှစ်ရန် ခွင့်ပြုခဲ့ သည်။

၂၀၁၃ တွင် ရခိုင်ကမ်းရိုး တန်းနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ စစ် တကောင်းကမ်းခြေသို့ တစ် နာရီ မိုင် ၁၂၀ နှုန်းဖြင့် ဖြတ်ကျော်ဝင် ရောက်မည့် မဟာဆင်မုန်တိုင်း ကြိုတင်ပြင်ဆင်ခြင်းတွင် ဒုတိယ သမ္မတအဆင့် ပါဝင်လှုပ်ရှားခဲ့ပြီး လူဦးရေသိန်းချီသေဆုံးခဲ့သော နာဂစ်မုန်တိုင်းအလွန်တွင် ဗဟို အစိုးရပါဝင်သည့် ပထမဆုံးလှုပ် ရှားခဲ့သော လှုပ်ရှားမှုဖြစ်သည်။

7Day DAILY 

No comments:

Post a Comment