Thursday 27 November 2014

ဒဏ်ရာရ စစ်သားများကို ကယ်တင်နိုင်မည့် ကုထုံးသစ်တစ်ခု သြစတေးလျတွေ့ရှိ

Photo: ဒဏ်ရာရ စစ်သားများကို ကယ်တင်နိုင်မည့် ကုထုံးသစ်တစ်ခု သြစတေးလျတွေ့ရှိ
Thursday, November 27, 2014

စစ်ပွဲအတွင်းမှာ ဒဏ်ရာပြင်းပြင်းထန်ထန်ရရှိထားတဲ့ စစ်သားတွေကို
အချိန်မှီအသက်ကယ်နိုင်ဖို့ ကုထုံးသစ် တစ်ခုရှာတွေ့ ထားပြီဖြစ်ကြောင်း
သြစတေးလျက သိပ္ပံပညာရှင်တွေက ဗုဒ္ဓဟူးနေ့မှာပြောလိုက်ပါတယ်။

အဆိုပါ ကုထုံးသစ်ကို လိုအပ်တဲ့စမ်းသပ်စစ်ဆေးမှုတွေ ဆက်လုပ်ဖို့ အတွက်
အမေရိကန်ကို အကူအညီရထားတယ်လို့ လဲ ဆိုပါတယ်။

သုသေသီတွေက ဒီကုထုံးသစ်ဟာ ဗီယက်နမ်စစ်ပွဲလို အသေအပျောက်
အများဆုံးရှိခဲ့တဲ့ စစ်ပွဲပြီးနောက်ပိုင်းမှာ စစ်ပွဲအတွင်းက မသေသင့်ဘဲ
သေရတဲ့သူတွေကို ကယ်တင်ပေးနိုင်မယ့် ကြီးမားတဲ့ရှာဖွေတွေ့ ရှိမှုကြီး
တစ်ခုပါလို့ ဆိုပါတယ်။

"လွန်ခဲ့တဲ့ ၁၀ နှစ်တုန်းကဆိုရင် မဟာမိတ်စစ်သား ၅၀၀၀ လောက်က (အီရတ်နဲ့  အာဖဂန်နစ္စတန်) စစ်ပွဲတွေအတွင်း မှာ သေခဲ့ကြရပြီး သေသွားတဲ့စစ်သားတွေရဲ့ ၈၇ ရာခိုင်နှုန်းက ဒဏ်ရာရပြီး မိနစ် ၃၀ အတွင်းမှာ ဆေးကုသတဲ့ ဌာနကို မရောက်ခင်သေသွားကြတာ။ သေသွားကြတဲ့သူတွေရဲ့ ၂၅ ရာခိုင်နှုန်းက တကယ့်ကိုကယ်တင်လို့ ရနိုင်တဲ့ အခြေ အနေမှာရှိတယ်။

ဒါကြောင့် ကျွန်တော်တို့ရဲ့ ကုထုံးသစ်နဲ့ ကုသမယ်ဆိုရင် စစ်သား ၁၀၀၀
လောက်ကို အသက်ကယ်နိုင်လိမ့်မယ်" လို့ ကုထုံးသစ်ကိုရှာဖွေတွေ့ ရှိခဲ့တဲ့
James Cook တက္ကသိုလ်က Geoffrey Dobson က ပြောပါတယ်။

Dobson က အဆိုပါကုထုံးကို သုသေသီတွဲဖက်ဖြစ်သူ Hayley Letson နဲ့
အတူဖော်ထုတ်ခဲ့တာဖြစ်ပြီး အစွန်အဖျားဒေသတွေမှာ စစ်သားတစ်ယောက်
ဒဏ်ရာရပြီး မိနစ်ပိုင်းအတွင်း သွေးဖိအားကိုမြှင့်ပေးခြင်းအားဖြင့် အဆိုပါ
စစ်သား ရဲ့ အသက်ရှင်နိုင်ခွင့် ဆွဲဆန့် ပေးဖို့ ရည်ရွယ်တယ်လို့ သိရပါတယ်။

"တကယ်လို့ သွေးပေါင်အရမ်းကျရနေရင်လည်း အဲသည်စစ်သားက သေသွားနိုင်တယ်။ သွေးခဲနေတဲ့နေရာမှာ သွေးဖိအားတွေက များနေပြန်ရင်လည်း သွေးပြန်ထွက်နိုင်တယ်"လို့ Dobson ကဆိုပါတယ်။

အဆိုပါကုထုံးဖြင့် ကုသရန်စိတ်ကူးကို Dobson က ၀တ်ရည်စုတ်ငှက်တို့ လို
ဆောင်းခိုတိရိစ္ဆာန်တွေမှာ တွေ့ ရတဲ့ ပုံမှန် တစ်မိနစ်မှာနှလုံးခုန်နှုန်း အချက်
၁၅၀၀ လောက်ရှိရာကနေ ဆောင်းခိုချိန်မှာ နှလုံးခုန်ချက် ၉၉ ချက်လောက်ပဲ
ရှိတတ်တဲ့ ဆာင်းခိုတိရစ္ဆာန်တွေကိုစူးစမ်းလေ့လာရင်း စိတ်ကူးမိခဲ့တာပါ။

"ကျွန်တော်တို့ ဒီကုထုံးကို ကြွက်နဲ့ ဝက်တွေမှာ စမ်းသပ်အောင်မြင်ပြီးထားပါပြီ။
တကယ်လို့ ဒီကုထုံးသာ အောင်မြင်ခဲ့မယ်ဆိုရင် ဝေးလံတဲ့ဒေသတွေက
ကလေးမွေးပြီးနောက် သွေးထွက်လွန်နေတဲ့မိခင်တွေကို ဒီကုထုံးနဲ့ ကုသပေးပြီး
သူတို့ အသက်ကို ကယ်နိုင်တော့မှာပါ။ ကုထုံးနဲ့ ပတ်သက်ပြီး တရားဝင်ဖြစ်ဖို့ နဲ့
အစိုးရရဲ့အတည်ပြုချက်ရဖို့ တို့  ကိုလည်း ဒီတစ်နှစ်အတွင်း ကျွန်တော်တို့
ဆောင်ရွက်သွားမှာပါ" လို့ Dobson ကပဲ ဆက်ပြောခဲ့ပါတယ်။

နောက်တနှစ်မှာ လူသားတွေကိုအသုံးပြုပြီး စမ်းသပ်မယ့် အဆိုပါကုထုံးအတွက်
အမေရိကန်က သြစတေးလျဒေါ်လာ ၅၅၀၀၀ (US ဒေါ်လာ ၄၇၀၀၀) ကို
ပံ့ပိုးကူညီပေးထားတယ်လို့ သိရပါတယ်။

Ref: AFP
The Myanma Age
စစ်ပွဲအတွင်းမှာ ဒဏ်ရာပြင်းပြင်းထန်ထန်ရရှိထားတဲ့ စစ်သားတွေကို အချိန်မှီအသက်ကယ်နိုင်ဖို့ ကုထုံးသစ် တစ်ခုရှာတွေ့ ထားပြီဖြစ်ကြောင်း သြစတေးလျက သိပ္ပံပညာရှင်တွေက ဗုဒ္ဓဟူးနေ့မှာပြောလိုက်ပါတယ်။

အဆိုပါ ကုထုံးသစ်ကို လိုအပ်တဲ့စမ်းသပ်စစ်ဆေးမှုတွေ ဆက်လုပ်ဖို့ အတွက် အမေရိကန်ကို အကူအညီ ရထား တယ်လို့ လဲ ဆိုပါတယ်။

သုသေသီတွေက ဒီကုထုံးသစ်ဟာ ဗီယက်နမ်စစ်ပွဲလို အသေအပျောက် အများဆုံးရှိခဲ့တဲ့ စစ်ပွဲပြီး နောက်ပိုင်းမှာ စစ်ပွဲအတွင်းက မသေသင့်ဘဲ သေရတဲ့သူတွေကို ကယ်တင်ပေးနိုင်မယ့် ကြီးမားတဲ့ ရှာဖွေတွေ့ ရှိမှုကြီး တစ်ခုပါလို့ ဆိုပါတယ်။

"လွန်ခဲ့တဲ့ ၁၀ နှစ်တုန်းကဆိုရင် မဟာမိတ်စစ်သား ၅၀၀၀ လောက်က (အီရတ်နဲ့  အာဖဂန်နစ္စတန်) စစ်ပွဲတွေအတွင်း မှာ သေခဲ့ကြရပြီး သေသွားတဲ့စစ်သားတွေရဲ့ ၈၇ ရာခိုင်နှုန်းက ဒဏ်ရာရပြီး မိနစ် ၃၀ အတွင်းမှာ ဆေးကုသတဲ့ ဌာနကို မရောက်ခင်သေသွားကြတာ။ သေသွားကြတဲ့သူတွေရဲ့ ၂၅ ရာခိုင်နှုန်းက တကယ့်ကိုကယ်တင်လို့ ရနိုင်တဲ့ အခြေ အနေမှာရှိတယ်။

ဒါကြောင့် ကျွန်တော်တို့ရဲ့ ကုထုံးသစ်နဲ့ ကုသမယ်ဆိုရင် စစ်သား ၁၀၀၀ လောက်ကို အသက်ကယ်နိုင် လိမ့်မယ်" လို့ ကုထုံးသစ်ကိုရှာဖွေတွေ့ ရှိခဲ့တဲ့ James Cook တက္ကသိုလ်က Geoffrey Dobson က ပြောပါတယ်။

Dobson က အဆိုပါကုထုံးကို သုသေသီတွဲဖက်ဖြစ်သူ Hayley Letson နဲ့ အတူဖော်ထုတ်ခဲ့တာဖြစ်ပြီး အစွန်အဖျားဒေသတွေမှာ စစ်သားတစ်ယောက် ဒဏ်ရာရပြီး မိနစ်ပိုင်းအတွင်း သွေးဖိအားကိုမြှင့်ပေးခြင်း အားဖြင့် အဆိုပါ စစ်သား ရဲ့ အသက်ရှင်နိုင်ခွင့် ဆွဲဆန့် ပေးဖို့ ရည်ရွယ်တယ်လို့ သိရပါတယ်။

"တကယ်လို့ သွေးပေါင်အရမ်းကျရနေရင်လည်း အဲသည်စစ်သားက သေသွားနိုင်တယ်။ သွေးခဲနေတဲ့ နေရာမှာ သွေးဖိအားတွေက များနေပြန်ရင်လည်း သွေးပြန်ထွက်နိုင်တယ်"လို့ Dobson ကဆိုပါတယ်။

အဆိုပါကုထုံးဖြင့် ကုသရန်စိတ်ကူးကို Dobson က ၀တ်ရည်စုတ်ငှက်တို့ လို ဆောင်းခိုတိရိစ္ဆာန်တွေမှာ တွေ့ ရတဲ့ ပုံမှန် တစ်မိနစ်မှာနှလုံးခုန်နှုန်း အချက် ၁၅၀၀ လောက်ရှိရာကနေ ဆောင်းခိုချိန်မှာ နှလုံးခုန်ချက် ၉၉ ချက်လောက်ပဲ ရှိတတ်တဲ့ ဆာင်းခိုတိရစ္ဆာန်တွေကိုစူးစမ်းလေ့လာရင်း စိတ်ကူးမိခဲ့တာပါ။

"ကျွန်တော်တို့ ဒီကုထုံးကို ကြွက်နဲ့ ဝက်တွေမှာ စမ်းသပ်အောင်မြင်ပြီးထားပါပြီ။ တကယ်လို့ ဒီကုထုံးသာ အောင်မြင်ခဲ့မယ်ဆိုရင် ဝေးလံတဲ့ဒေသတွေက ကလေးမွေးပြီးနောက် သွေးထွက်လွန်နေတဲ့မိခင်တွေကို ဒီကုထုံးနဲ့ ကုသပေးပြီး သူတို့ အသက်ကို ကယ်နိုင်တော့မှာပါ။ ကုထုံးနဲ့ ပတ်သက်ပြီး တရားဝင်ဖြစ်ဖို့ နဲ့
အစိုးရရဲ့အတည်ပြုချက်ရဖို့ တို့  ကိုလည်း ဒီတစ်နှစ်အတွင်း ကျွန်တော်တို့ ဆောင်ရွက်သွားမှာပါ" လို့ Dobson ကပဲ ဆက်ပြောခဲ့ပါတယ်။

နောက်တနှစ်မှာ လူသားတွေကိုအသုံးပြုပြီး စမ်းသပ်မယ့် အဆိုပါကုထုံးအတွက် အမေရိကန်က သြစတေးလျဒေါ်လာ ၅၅၀၀၀ (US ဒေါ်လာ ၄၇၀၀၀) ကို ပံ့ပိုးကူညီပေးထားတယ်လို့ သိရပါတယ်။

Ref: AFP
The Myanma Age 

No comments:

Post a Comment