Thursday 27 November 2014

ပီအာရ်နှစ်မျိုး အခြေခံဥပဒေနှင့် ကိုက်ညီဟု ဦးခင်အောင်မြင့် ပြော

အမျိုးသားလွှတ်တော်က အတည်ပြုလိုက်သည့် အချိုးကျကိုယ်စားပြုစနစ် (PR) ဒီဇိုင်းနှစ်မျိုးကို၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေနှင့်အညီ ရေးဆွဲထားခြင်းဖြစ်သည်ဟု အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးခင်အောင်မြင့် က ပြောသည်။

“အမျိုးသားလွှတ်တော်ကတော့ ဖွဲ့စည်းပုံအခြေခံ ဥပဒေကလည်း အသေးစိတ်ကြည့်ထားပြီးပါပြီ။ ပြည်သူ့ လွှတ်တော်က ခုံရုံးကို ပေးပို့တာတော့ မဟုတ်ပါဘူး။ ဒီအတိုင်းမေးတဲ့သဘောပါ။ အဘတို့လည်း ဒီအတိုင်း အလွတ်သဘောမေးတာတော့ ရှိတာပေါ့နော်။ ဖွဲ့စည်းပုံနဲ့ညီပါတယ်။ မညီပါဘူးလို့ အဖြေလည်းရှိပါ တယ်” ဟု အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးခင်အောင်မြင့်က ပြောသည်။

အဆိုပါ အချိုးကျကိုယ်စားပြုစနစ် PR ဒီဇိုင်းနှစ်မျိုးသည် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်ကိုက်ညီမှုရှိမရှိ တစ်ပိုဒ် ခြင်းအလိုက် လေ့လာပြီး ညီညွတ်မှုမရှိလျှင် အမျိုးသား လွှတ်တော်ကိုယ်စားလှယ် ၁၀ ရာခိုင်နှုန်းက ကန့် ကွက်ကြောင်း လက်မှတ်ရေးထိုးပြီး ခုံရုံးသို့ ပေးပို့မည်ဟု အမျိုးသားလွှတ်တော် အမတ် ဦးအောင်ကြည် ညွှန်က ပြောသည်။

အဆိုပါဒီဇိုင်းနှစ်မျိုးအား တိုင်းနှင့်ပြည်နယ်များ၏ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အတွက် ကျင့်သုံးရန် လွှတ်တော်က မဲခွဲဆုံးဖြတ်ရာတွင် ကန့်ကွက်သူ တစ်ဆယ်ရာခိုင်းနှုန်းအထိ ရှိသည်။

“ဒါပေမဲ့ ဆယ်ရာခိုင်နှုန်းနဲ့ တင်မယ် ဆိုတင်လို့ရတယ်။ အဘခွင့်ပြုမှာပေါ့။ ဘယ်အချိန်မှ ခွင့်ပြုလို့ရမလဲ ဆိုရင် ဥပဒေအတည်ပြုပြီးမှ ခွင့်ပြုလို့ရမယ်။ အဲ့ခါကြရင် ဥပဒေပြုတဲ့ လုပ်ငန်းစဉ်တစ်ခု ပေါ်လာလိမ့်မယ်” ဟု ဦးခင်အောင်မြင့်က ပြောသည်။

Mizzima - News in Burmese 

No comments:

Post a Comment