Thursday 27 November 2014

မန္တလေးမြို့တွင် အမျိုးသားပညာရေးဥပဒေကို ကျောင်းသားများ ကန့်ကွက်ဆန္ဒပြ

Photo: မန္တလေးမြို့တွင် အမျိုးသားပညာရေးဥပဒေကို ကျောင်းသားများ ကန့်ကွက်ဆန္ဒပြ
Thursday, November 27, 2014

အမျိုးသားပညာရေးဥပဒေကို ကန့်ကွက်တဲ့အနေနဲ့ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်  မန္တလေးခရိုင်ကျောင်းသားများသမဂ္ဂက ဦးဆောင်ပြီး မန္တလေးမြို့မှာ နိုဝင်ဘာ ၂၇ ရက်နေ့မနက်ပိုင်းက  လည့်လည်ဆန္ဒပြခဲ့ကြပါတယ်။

12ကျောင်းသားတွေဟာ မန္တလေး အိမ်တော်ရာဘုရားဝင်းအတွင်းကနေ မြို့တော်ခန်းရှေ့ထိ ချီတက်ကာ ပိုစတာတွေကိုင်စွဲပြီး “သပိတ်သပိတ်မှောက်မှောက်၊ အရေးတော်ပုံ အောင်ရမည်၊ မီးဒုတ် မီးဒုတ် ရှို့ရှို့ စတဲ့ ကြွေးကြော်သံတွေဟစ်ကြွေးပြီး ဆန္ဒထုတ်ဖော်ထုတ်ခဲ့ကြတာပါ။

မန္တလေးခရိုင် ဗကသများအဖွဲ့ချုပ်က ရက်ပေါင်း ၆၀ အတွင်း ပြည်သူတွေအနေနဲ့ အမျိုးသားပညာရေးဥပဒေကို သပိတ်မှောက်ရတဲ့ အကြောင်းရင်းသိစေဖို့ ခုလို လှုပ်ရှားမှုတွေ ပြုလုပ်တာလို့  မန္တလေးခရိုင် ဗကသ ဥက္ကဋ္ဌ ကိုဆွေလင်းထွန်းက ပြောပါတယ်။

“အဓိက ရည်ရွယ်ချက်ကတော့ အမျိုးသားပညာရေးဥပဒေကို မူကြမ်းအဆင့်ကတည်းက ကျောင်းသားသမဂ္ဂတွေက ကန့်ကွက်ခဲ့တာ။ ဘာလို့ကန့်ကွက်ရလဲဆိုတော့ ဒီပညာရေးမူကြမ်းဟာ ဗဟိုချုပ်ကိုင်မှုတွေ များတယ်။ ကျနော်တို့လိုချင်တဲ့ ဒီမိုကရေစီပညာရေးကို အာမမခံနိုင်ဘူး။ ပညာရေးလွတ်လပ်ခွင့်တွေ ရမယ်လို့ မယုံကြည်ဘူး။ ပြီးတော့ အဓိကက ကျောင်းသားသမဂ္ဂတွေ လွတ်လပ်စွာ ဖွဲ့စည်းလှုပ်ရှားဖို့ကို မပါဘူး ပညာရေးမူကြမ်းမှာ၊  အဲဒါအတွက် ကန့်ကွက်တာပါ။”

ဒီဆန္ဒပြပွဲမှာ တောင်ငူခရိုင်၊ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ မန္တလေး၊ ကျောက်ဆည်၊ မြင်းခြံ၊ မုံရွာ၊ ကန့်ဘလူခရိုင်တွေက ကျောင်းသားသမဂ္ဂ အဖွဲ့ဝင်တွေနဲ့ ဗမာနိုင်ငံလုံးဆိုင်ရာ လူငယ်သမဂ္ဂများ အဖွဲ့ချုပ်တို့ကလည်း  လာရောက်ပူးပေါင်းပါဝင်ခဲ့ပါတယ်။

ကျောင်းသားတွေဟာ ခွင်ပြုချက်တောင်းခံပြီး ဆန္ဒဖော်ထုတ်တာ မဟုတ်တဲ့အတွက် အိမ်တော်ရာဘုရား အနောက်ဘက်ဝင်ပေါက်က စတင်ချီတက်ထွက်ခွာချိန်မှာ ရဲတပ်ဖွဲ့ဝင်တွေက ဘုရားဝင်းတံခါးကိုပိတ်ဖို့ ကြိုးစားခဲ့ပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းကလည်း အမျိုးသားပညာရေး ဥပဒေကို ဆန့်ကျင်တဲ့ ကျောင်းသားတွေရဲ့ ဆန္ဒပြပွဲတွေ မုံရွာနဲ့ မြင်းခြံမြို့တွေမှာ ဖြစ်ပွားခဲ့ပါတယ်။

ဗကသများအဖွဲ့ချုပ်ကတော့  ရက်ခ ၆၀ အတွင်း ဆွေးနွေးညှိနှိုင်းမှုတွေလုပ်ဖို့ အာဏာပိုင်တွေထံ တောင်းဆိုထားပြီး  တောင်းဆိုချက်တွေမရရင်  ပိုမိုကြီးမားတဲ့ ကျောင်းသား သပိတ်တိုက်ပွဲ ဆင်နွှဲသွားမယ်လို့ ကြေညာထားပါတယ်။

DVB
အမျိုးသားပညာရေးဥပဒေကို ကန့်ကွက်တဲ့အနေနဲ့ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်  မန္တလေးခရိုင်ကျောင်းသားများသမဂ္ဂက ဦးဆောင်ပြီး မန္တလေးမြို့မှာ နိုဝင်ဘာ ၂၇ ရက်နေ့မနက်ပိုင်းက  လည့်လည်ဆန္ဒပြခဲ့ကြပါတယ်။

12ကျောင်းသားတွေဟာ မန္တလေး အိမ်တော်ရာဘုရားဝင်းအတွင်းကနေ မြို့တော်ခန်းရှေ့ထိ ချီတက်ကာ ပိုစတာတွေကိုင်စွဲပြီး “သပိတ်သပိတ်မှောက်မှောက်၊ အရေးတော်ပုံ အောင်ရမည်၊ မီးဒုတ် မီးဒုတ် ရှို့ရှို့ စတဲ့ ကြွေးကြော်သံတွေဟစ်ကြွေးပြီး ဆန္ဒထုတ်ဖော်ထုတ်ခဲ့ကြတာပါ။

မန္တလေးခရိုင် ဗကသများအဖွဲ့ချုပ်က ရက်ပေါင်း ၆၀ အတွင်း ပြည်သူတွေအနေနဲ့ အမျိုးသားပညာရေး ဥပဒေကို သပိတ်မှောက်ရတဲ့ အကြောင်းရင်းသိစေဖို့ ခုလို လှုပ်ရှားမှုတွေ ပြုလုပ်တာလို့  မန္တလေးခရိုင် ဗကသ ဥက္ကဋ္ဌ ကိုဆွေလင်းထွန်းက ပြောပါတယ်။

“အဓိက ရည်ရွယ်ချက်ကတော့ အမျိုးသားပညာရေးဥပဒေကို မူကြမ်းအဆင့်ကတည်းက ကျောင်းသား သမဂ္ဂတွေက ကန့်ကွက်ခဲ့တာ။ ဘာလို့ကန့်ကွက်ရလဲဆိုတော့ ဒီပညာရေးမူကြမ်းဟာ ဗဟိုချုပ်ကိုင်မှုတွေ များတယ်။ ကျနော်တို့လိုချင်တဲ့ ဒီမိုကရေစီပညာရေးကို အာမမခံနိုင်ဘူး။ ပညာရေးလွတ်လပ်ခွင့်တွေ ရမယ်လို့ မယုံကြည်ဘူး။ ပြီးတော့ အဓိကက ကျောင်းသားသမဂ္ဂတွေ လွတ်လပ်စွာ ဖွဲ့စည်းလှုပ်ရှားဖို့ကို မပါဘူး ပညာရေးမူကြမ်းမှာ၊  အဲဒါအတွက် ကန့်ကွက်တာပါ။”

ဒီဆန္ဒပြပွဲမှာ တောင်ငူခရိုင်၊ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ မန္တလေး၊ ကျောက်ဆည်၊ မြင်းခြံ၊ မုံရွာ၊ ကန့်ဘလူ ခရိုင်တွေက ကျောင်းသားသမဂ္ဂ အဖွဲ့ဝင်တွေနဲ့ ဗမာနိုင်ငံလုံးဆိုင်ရာ လူငယ်သမဂ္ဂများ အဖွဲ့ချုပ်တို့ကလည်း  လာရောက်ပူးပေါင်းပါဝင်ခဲ့ပါတယ်။

ကျောင်းသားတွေဟာ ခွင်ပြုချက်တောင်းခံပြီး ဆန္ဒဖော်ထုတ်တာ မဟုတ်တဲ့အတွက် အိမ်တော်ရာဘုရား အနောက်ဘက်ဝင်ပေါက်က စတင်ချီတက်ထွက်ခွာချိန်မှာ ရဲတပ်ဖွဲ့ဝင်တွေက ဘုရားဝင်းတံခါးကိုပိတ်ဖို့ ကြိုးစားခဲ့ပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းကလည်း အမျိုးသားပညာရေး ဥပဒေကို ဆန့်ကျင်တဲ့ ကျောင်းသားတွေရဲ့ ဆန္ဒပြပွဲတွေ မုံရွာနဲ့ မြင်းခြံမြို့တွေမှာ ဖြစ်ပွားခဲ့ပါတယ်။

ဗကသများအဖွဲ့ချုပ်ကတော့  ရက်ခ ၆၀ အတွင်း ဆွေးနွေးညှိနှိုင်းမှုတွေလုပ်ဖို့ အာဏာပိုင်တွေထံ တောင်း ဆိုထားပြီး  တောင်းဆိုချက်တွေမရရင်  ပိုမိုကြီးမားတဲ့ ကျောင်းသားသပိတ်တိုက်ပွဲ ဆင်နွှဲသွားမယ်လို့ ကြေညာထားပါတယ်။

DVB 

No comments:

Post a Comment