Thursday 27 November 2014

အမေရိကန်တွင် နှင်းထူထပ်စွာ ကျဆင်းမှုကြောင့် လေယာဉ်ခရီးစဉ်များ ဖျက်သိမ်း

Photo: အမေရိကန်တွင် နှင်းထူထပ်စွာ ကျဆင်းမှုကြောင့် လေယာဉ်ခရီးစဉ်များ ဖျက်သိမ်း
Thursday, November 27, 2014
 
အမေရိကန်နိုင်ငံအရှေ့ဘက်၊ ကမ်းရိုးတန်းပြည်နယ်တွေမှာ နိုဝင်ဘာလ ၂၆ ရက်နေ့က မိုးနှင်း ထူထူထပ်ထပ် ကျဆင်းခဲ့ပြီး ကျေးဇူးတော်နေ့ အားလပ်ရက် လေယာဉ်ခရီးစဉ်တွေနဲ့ ကားလမ်းခရီးစဉ်တွေ အများအပြား ထိခိုက်ခဲ့ပါတယ်။

Untitled-1အမေရိကန်နိုင်ငံတ၀န်း ကျေးဇူးတော်နေ့ ခရီးသွားကာလဟာ တနှစ်တာအတွင်း ခရီးသွားလာမှု အများဆုံးကာလဖြစ်ပါတယ်။ နိုဝင်ဘာ ၂၆ ရက်နေ့ကနေ နိုဝင်ဘာ ၂၉ ရက်နေ့အတွင်း အမေရိကန်နိုင်ငံတ၀န်း အမေရိကန်ခရီးသည် ၄၆ သန်း ခရီးသွားလာကြမှာဖြစ်ပြီး ၉၀ ရာခိုင်နှုန်း လောက်ကတော့ ကားတွေနဲ့ သွားလာကြမှာပါ။

အခုနှစ် ကျေးဇူးတော်နေ့ အားလပ်ရက်ခရီးသွားကာလဟာ ၂၀၀၇ ခုနှစ်နောက်ပိုင်း ခရီးသွားလာမှု အများဆုံးဖြစ်တယ်လို့လည်း အမေရိကန်မော်တော်ယာဉ်အဖွဲ့ချုပ်က ထုတ်ပြန်ထားပါတယ်။

အခုရက်တွေအတွင်း အရှေ့ဖက်ကမ်းပြည်နယ်တွေမှာ နှင်းထု ၅ လက်မကနေ ၁ ပေအထိ ကျဆင်းနိုင်တယ်လို့ အမေရိကန်အမျိုးသားမိုးလေ၀သက ကြေညာထားပါတယ်။

နိုဝင်ဘာလ ၂၆ ရက်နေ့ကတော့ နိုင်ငံတ၀န်းလေယာဉ်ခရီးစဉ် ၇၀၀ ကျော် ဖျက်သိမ်းခဲ့ရပြီး ခရီးစဉ် ၄၄၀၀ လောက်လည်း နောက်ကျခဲ့ပါတယ်။

မက်နီဆိုးတားပြည်နယ်၊ အရှေ့တောင်ပိုင်းမှာလည်း ဆီးနှင်းတွေကြောင့် အဝေးပြေးလမ်း မတော်တဆမှုတွေ၊ ကားလမ်းပိတ်ဆို့မှုတွေ ဖြစ်ပွားခဲ့တယ်လို့လည်း သိရပါတယ်။

 ဒီဗွီဘီ

No comments:

Post a Comment