Thursday 27 November 2014

အခွန်ရှောင်သည့် စားသောက်ဆိုင်များကို ကျသင့်အခွန်၏ ၁၀၀ ရာခိုင်နှုန်းအထိ ဒဏ်ရိုက်သွားမည်

Photo: အခွန်ရှောင်သည့် စားသောက်ဆိုင်များကို ကျသင့်အခွန်၏ ၁၀၀ ရာခိုင်နှုန်းအထိ ဒဏ်ရိုက်သွားမည်
Thursday, November 27, 2014

သီးသန့်စားသောက်ဆိုင်တွေ သာမက ဟိုတယ်နဲ့ တွဲဖွင့်ထားတဲ့ စားသောက်ဆိုင်တွေ အနေနဲ့ တစ်နှစ်ရောင်းရငွေ ကျပ်သိန်း(၁၅၀)နဲ့ အထက်ရှိပါက  ကုန်သွယ်ခွန် ၅ ရာခိုင်နှုန်း   အခွန်ဆောင်ရမှာဖြစ်ပြီး အခွန်မဆောင်ပါက အခွန်တိမ်းရှောင်မှုအတွက်  ဒဏ်ကြေးအဖြစ် ကျသင့်ကုန်သွယ်ခွန်ရဲ့ (၁၀၀)ရာခိုင်နှုန်းအထိ ဒဏ်ရိုက်သွားမယ်လို့ ပြည်တွင်းအခွန်များဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က ပြောပါတယ်။
 
နိုဝင်ဘာ(၁)ရက်ကစတင်ကာ ရန်ကုန်တိုင်းဒေသကြီးအတွင်းမှာရှိတဲ့ စားသောက်ဆိုင်တွေမှာ စာသောက်သူတွေရဲ့ ငွေရှင်းပြေစာတွေအပေါ် ကုန်သွယ်ခွန်အမှတ်တံဆိပ်တွေကပ်ပြီး အခွန်ကောက်ခံဖို့ခွင့်ပြုထားပေမယ့် တချို့စားသောက်ဆိုင်တွေရဲ့ ပြေစာတွေမှာ အခွန်တံဆိပ် ကပ်နှိပ် ထားခြင်း မရှိသေးဘူးလို့ ပြည်တွင်းအခွန်ဦးစီးဌာနရဲ့ တာဝန်ရှိသူတွေက ပြောပါတယ်။ဒါပေမဲ့ လက်ရှိမှာတော့   အချို့စားသောက်ဆိုင် ပိုင်ရှင်တွေဟာ  ကုန်သွယ်ခွန်နဲ့ပတ်သက်ပြီး သိရှိမှုနည်းနေသေးတယ်လို့လည်း ဆိုင်ရှင်တွေဖက်က ပြောဆိုမှုတွေ ရှိနေပါတယ်။ 
 
ကုန်သွယ်ခွန် တိမ်းရှောင်တဲ့ ဆိုင်ရှင်တွေ အနေနဲ့ ဒဏ်ရိုက်ခံရတိုင်း  ပြည်တွင်းအခွန်များ ဦးစီးဌာနမှာ ခံဝင် လက်မှတ်ထိုးရမှာဖြစ်ပြီး အကြိမ်အရေအတွက် များပါက ကုန်သွယ်ခွန်ဥပဒေအရ ဆက်လက်ဆောင်ရွက်သွားမယ်လို့လည်း ဆိုပါတယ်။ ကုန်သွယ်ခွန်ဥပဒေမှာတော့ အခွန်ရှောင် မှုကြောင့် ဒဏ်ငွေကျပ်တစ်သိန်း (သို့မဟုတ်) ထောင်ဒဏ်(၃)နှစ်အထိ ကျခံရနိုင်မယ်လို့လည်း တာဝန်ရှိသူတွေက ပြောဆိုထားပါတယ်။ ဒါ့ကြောင့် ဒီလို ကုန်သွယ်ခွန် တိမ်းရှောင်မှုတွေ မဖြစ်ဖို့ ပြည်တွင်းအခွန်များဦးစီးဌာနနဲ့ စားသောက်ဆိုင်လုပ်ငန်းရှင်များအသင်း ပူးပေါင်းပြီး စားသောက်ဆိုင်ပိုင်ရှင်တွေကို အခွန်နဲ့ပတ်သက် တဲ့ သင်တန်းတွေ ပေးသွားမယ်လို့လည်း သိရပါတယ်။ .

MRTV-4
သီးသန့်စားသောက်ဆိုင်တွေ သာမက ဟိုတယ်နဲ့ တွဲဖွင့်ထားတဲ့ စားသောက်ဆိုင်တွေ အနေနဲ့ တစ်နှစ် ရောင်းရငွေ ကျပ်သိန်း(၁၅၀)နဲ့ အထက်ရှိပါက  ကုန်သွယ်ခွန် ၅ ရာခိုင်နှုန်း   အခွန်ဆောင်ရမှာဖြစ်ပြီး အခွန် မဆောင်ပါက အခွန်တိမ်းရှောင်မှုအတွက်  ဒဏ်ကြေးအဖြစ် ကျသင့်ကုန်သွယ်ခွန်ရဲ့ (၁၀၀)ရာခိုင်နှုန်းအထိ ဒဏ်ရိုက်သွားမယ်လို့ ပြည်တွင်းအခွန်များဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က ပြောပါတယ်။

နိုဝင်ဘာ(၁)ရက်ကစတင်ကာ ရန်ကုန်တိုင်းဒေသကြီးအတွင်းမှာရှိတဲ့ စားသောက်ဆိုင်တွေမှာ စာသောက် သူတွေရဲ့ ငွေရှင်းပြေစာတွေအပေါ် ကုန်သွယ်ခွန်အမှတ်တံဆိပ်တွေကပ်ပြီး အခွန်ကောက်ခံဖို့ ခွင့်ပြုထားပေမယ့် တချို့စားသောက်ဆိုင်တွေရဲ့ ပြေစာတွေမှာ အခွန်တံဆိပ် ကပ်နှိပ် ထားခြင်း မရှိသေးဘူးလို့ ပြည်တွင်းအခွန်ဦးစီးဌာနရဲ့ တာဝန်ရှိသူတွေက ပြောပါတယ်။ဒါပေမဲ့ လက်ရှိမှာတော့   အချို့စားသောက်ဆိုင် ပိုင်ရှင်တွေဟာ  ကုန်သွယ်ခွန်နဲ့ပတ်သက်ပြီး သိရှိမှုနည်းနေသေးတယ်လို့လည်း ဆိုင်ရှင်တွေဖက်က ပြောဆိုမှုတွေ ရှိနေပါတယ်။ 

ကုန်သွယ်ခွန် တိမ်းရှောင်တဲ့ ဆိုင်ရှင်တွေ အနေနဲ့ ဒဏ်ရိုက်ခံရတိုင်း  ပြည်တွင်းအခွန်များ ဦးစီးဌာနမှာ ခံဝင် လက်မှတ်ထိုးရမှာဖြစ်ပြီး အကြိမ်အရေအတွက် များပါက ကုန်သွယ်ခွန်ဥပဒေအရ ဆက်လက် ဆောင်ရွက်သွားမယ်လို့လည်း ဆိုပါတယ်။ ကုန်သွယ်ခွန်ဥပဒေမှာတော့ အခွန်ရှောင် မှုကြောင့် ဒဏ်ငွေ ကျပ်တစ်သိန်း (သို့မဟုတ်) ထောင်ဒဏ်(၃)နှစ်အထိ ကျခံရနိုင်မယ်လို့လည်း တာဝန်ရှိသူတွေက ပြောဆို ထားပါတယ်။ ဒါ့ကြောင့် ဒီလို ကုန်သွယ်ခွန် တိမ်းရှောင်မှုတွေ မဖြစ်ဖို့ ပြည်တွင်းအခွန်များဦးစီးဌာနနဲ့ စားသောက်ဆိုင်လုပ်ငန်းရှင်များအသင်း ပူးပေါင်းပြီး စားသောက်ဆိုင်ပိုင်ရှင်တွေကို အခွန်နဲ့ပတ်သက် တဲ့ သင်တန်းတွေ ပေးသွားမယ်လို့လည်း သိရပါတယ်။ .

MRTV-4 

No comments:

Post a Comment